Thursday, January 7, 2016

ပြင်ဦးလွင်မြို့နယ်ရှိ ဒီးဒုတ်ရေပြာစမ်းနှင့်သဘာဝလိုဏ်ဂူကို သိန်းတစ်သောင်းကျော်အသုံးပြု၍အပန်းဖြေစခန်းတည်ဆောက်မည် *****************

ပြင်ဦးလွင်မြို့နယ်ရှိ ဒီးဒုတ်ရေပြာစမ်းနှင့်သဘာဝလိုဏ်ဂူကို
သိန်းတစ်သောင်းကျော်အသုံးပြု၍အပန်းဖြေစခန်းတည်ဆောက်မည်
**********************************************************

ဖြူသစ်လွင် ၊ ရန်ကုန်

၊ ပြင်ဦးလွင်မြို့နယ် ရွှေပင်ရွာ နှင့် မကျည်းအင်းကျေးရွာကြားတွင် ရှိသည့် ဒီးဒုတ်ရေပြာစမ်းနှင့် ဒီးဒုတ် လိုဏ်ဂူတို့ကို ကျပ်သိန်းပေါင်းတစ် သောင်းခန့် အကုန်အကျခံ၍ အဆင့် မြင့်လူထုအပန်းဖြေစခန်း ပြုလုပ်သွား မည်ဟု ဒီးဒုတ်ရေပြာစမ်းနှင့် ဒီးဒုတ် လိုဏ်ဂူတော် ဖွံ့ဖြိုးတိုးတက်ရေးကော် မတီမှ ဥက္ကဋ္ဌဦးမြင့်ဦးက ပြောသည်။

ထိုသို့ အဆင့်မြင့်အပန်းဖြေစခန်း ပြုလုပ်ရန်အတွက် ကော်မတီကို ၂ဝ၁၅ ခုနှစ် မေ ၂၇ရက်တွင် အဖွဲ့ဝင် ၅၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လာရောက် အပန်းဖြေသူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် တောင်အတက်၊ အ ဆင်းလမ်းများနှင့် သဘာဝရေပြာအိုင် များအား ပြုပြင်မှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

''လူထုအပန်းဖြေစခန်းဖြစ်အောင် သုံးနှစ်နဲ့ အပြီးလုပ်ဖို့ စီစဉ်ဆောင် ရွက်နေတယ်။ အခုလောလောဆယ် လမ်းတွေနဲ့ ရေပြာအိုင်တွေကို ပြုပြင် နေတယ်။ နောက်တစ်ခုက လုံခြုံရေး အတွက်လဲ ဆောင်ရွက်မှုတွေလုပ်နေ တယ်။ အားလုံးပြီးသွားရင် ကျန်းမာ ရေး၊ ဘာသာရေးတွေအတွက်လဲ လုပ် ဆောင်သွားဖို့ရှိပါတယ်''ဟု ဦးမြင့်ဦး ကပြောသည်။

အဆိုပါနေရာအား လူထုအပန်း ဖြေစခန်းပြုလုပ်ရန် မန္တလေးတိုင်းဒေ သကြီးအစိုးရအဖွဲ့မှ ဇွန် ၁၉ရက်တွင် တရားဝင် ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ပူး ပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းမှု များရှိသော်လည်း လက်ခံသွားမည် မဟုတ်ဘဲ ဒေသခံများမှဦးဆောင်၍ လူထုအပန်းဖြေစခန်းကို လုပ်ဆောင် သွားမည်ဖြစ်သည်။
''ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီ တွေကို အဝင်မခံပါဘူး။ အခုဖွဲ့ထား တဲ့ကော်မတီကပဲ ပြီးစီးအောင်လုပ် သွားမှာပါ။ ဆိုင်ခန်းတွေကိုလဲ စနစ် တကျတည်ဆောက်မယ်။ နောက် သစ် တောတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားမယ်။ နှစ်ရှည်ပင်တွေ စိုက်ပျိုးဖို့လဲလုပ်နေတယ်။ လာရောက် အပန်းဖြေသူတွေကို ဝန်ဆောင်မှု အ ကောင်းဆုံးပေးနိုင်အောင်လဲ လုပ်နေ တယ်''ဟု ယင်းကပြောသည်။

ဒီးဒုတ်ရေပြာအိုင်တွင် သဘာဝ ရေပြာကန်၂ဝရှိပြီး ထိုကန်များကို ဒေ သခံ ၅၈ ဦးက လုပ်ကိုင်ဆောင်ရွက် နေခြင်းဖြစ်သည်။ ယင်း သဘာဝရေ ပြာအိုင်များသည် ရှေးယခင်ကတည်း က ရှိခဲ့သော်လည်း ဒီးဒုတ်ရေပြာအိုင် ဟု လူသိများပြီး လာရောက်အပန်း ဖြေသူများရောက်ရှိလာအောင် ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမှ စတင်လုပ် ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

''ဒါက သဘာဝအတိုင်းရှိနေတာ ပါ။ ကျွန်မတို့စုပေါင်းပြီး သာယာအောင် လုပ်ခဲ့လို့ အခုလိုသာယာလာတယ်။ အခုဆို ပြည်တွင်းအပန်းဖြေသူတွေ မကဘူး၊ နိုင်ငံခြားခရီးသွားတွေပါ လာ ရောက်အပန်းဖြေတာတွေရှိလာတယ်။ တစ်နှစ်ထက်တစ်နှစ်လဲ အလုပ်အကိုင် အခွင့်အလမ်းတွေပွင့်လာတယ်။ အ ဆင့်မြင့်လူထုအပန်းဖြေစခန်း ပြီးသွား ရင် ဒီထက်စည်ကားလာမယ်''ဟု ဒေ သခံ မမြမီကပြောသည်။

(Yangon Times Journal, 12-1)


No comments: