Thursday, January 14, 2016

ဝန်ကြီးလုပ်ချင်သည့် ရောဂါကို ၁၉၈၈ ကတည်းက သတိပြုမိကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို



ဝန်ကြီးလုပ်ချင်သည့် ရောဂါကို ၁၉၈၈ ကတည်းက သတိပြုမိကြောင်း
ဒေါ်အောင်ဆန်းစုကြည် ဆို
------- -------- ---------

ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့ခွင့်ရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင်
ဝန်ကြီးလုပ်ချင်သူများ ရှိနေရာ ၀န်ကြီးလုပ်ချင်သည့် ရောဂါကို ၁၉၈၈ ခုနှစ်
ကတည်းက သတိပြုမိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာန၏
ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ပြောဆိုခဲ့သည်။

“၀န်ကြီးလုပ်ချင်တဲ့ ရောဂါက ဟိုးကတည်းက ရှိခဲ့တာ၊ ၈၈ လောက်ကတည်းက
အဲ့ဒီရောဂါကို သတိပြုမိတယ် ။ အများသဖြင့် ကိုယ့်မှာ အရည်အချင်း တကယ်ရှိလို့
ရှိရင် ဖော်ပြဖို့လည်း သိပ်မလိုဘူး။ အသိုင်းအ၀ိုင်းက သိကြတာပဲ ။ တာဝန်ပေးပါ
ဆိုတာလည်း တကယ် တာဝန်ယူချင်တဲ့ လူတွေက တာဝန်ကို ကျေပွန်အောင်
လုပ်ခဲ့တာပဲ ။ ပေးတဲ့ တာဝန်တွေကို တစ်ခုပြီးတစ်ခု ကျေပွန်အောင် လုပ်ခဲ့တဲ့
အခါကျတော့ တာဝန်ပေးပါလို့တောင် ပြောဖို့မလိုပါဘူး။ သြော် ဒီလူကတော့
တာဝန်ကျေတဲ့ လူပဲဆိုတာ သိနေတဲ့ အခါကျတော့ တာဝန်ကို လိုက်ကိုပေးကြ ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိတွင် ဝန်ကြီးရာထူး တောင်းခံသည့် လျှောက်လွှာများ တစ်ပုံကြီးရှိနေသည်ဟု
NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောဆိုထားသည်။
အစိုးရသစ်တွင် ၀န်ကြီးနေရာ တောင်းဆိုမှုများ ရှိနေရာ ထပ်မံတောင်းဆိုလာသူ
များကို စည်းမျဉ်းစည်းကမ်းများအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၄ ရက်တွင် ပြောဆိုထားပြီး၊ ထိုသို့မပြောဆိုခင်
က ကိုယ်စားလှယ်ရူး မရူးကြရန်၊ အာဏာရူး မရူးကြရန်၊ ၀န်ကြီးရူး မရူးကြရန် နှင့်
သင့်တော်သူများကိုသာ နေရာပေးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
မကြာခဏေ ပြာဆိုခဲ့သည်။

သတင်း - ဇော်မင်းထွန်း
Photo - NLD
The Ladies News Journal

No comments: