Monday, January 18, 2016

အမျိုးသမီး တစ်ဦးအား တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၅၀ ရမည်ဟုပြော၍ လက်ထပ်ခိုင်းပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် ဆောင် ရွက်သူ လေးဦးအား အမှုဖွင့်

အမျိုးသမီး တစ်ဦးအား တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၅၀ ရမည်ဟုပြော၍ လက်ထပ်ခိုင်းပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် ဆောင် ရွက်သူ လေးဦးအား အမှုဖွင့် မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးအား တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၅၀ ရမည်ဟုပြော၍ လက်ထပ်ခိုင်းပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် ဆောင်ရွက်သူ လေးဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဇန်န၀ါရီ ၁၇ ရက်တွင် စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ အသက်(၃၄)နှစ် အရွယ်ရှိ မြန်မာအမျိုးသမီး တစ်ဦးသည် လားရှိုးမြို့ရှိ နေအိမ်တစ်အိမ်တွင် တရုတ်နိုင်ငံသားနှင့် မင်္ဂလာဆောင်နေကြောင်း သတင်းရရှိသဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၆) မှ တာဝန်ရှိသူများက အဆိုပါ အမျိုးသမီးအား ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။ ယင်းသို့ မေးမြန်းရာ မ.....(၃၄) နှစ်ထံသို့ လွန်ခဲ့သော ၁၅ ရက်ခန့်က လားရှိုးမြို့နယ် နောင်မွန်အုပ်စု ခေးနင်းကျေးရွာနေ ဒေါ်အေးခမ်း (၅၅) နှစ်နှင့် ၎င်း၏သားဖြစ်သူ အိုက်ထွန်း (ခ) အိုက်လွတ် (၃၁) နှစ်တို့မှ အမည်မသိ တရုတ်အမျိုးသား နှစ်ဦးတို့နှင့်အတူ ရောက်ရှိလာခဲ့ပြီး တရုတ်အမျိုးသား တစ်ဦးနှင့် လက်ထပ်ပါက ကျပ်သိန်း ၅၀ ဖြင့် တင်တောင်းမည်ဟု ပြောဆိုစည်းရုံးကာ စရန်ငွေ ကျပ်ငါးသိန်းအား မ......ထံသို့ ပေးခဲ့ကြောင်း သိရသည်။

No comments: