စာပေဗိမာန်သည် စာပေဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေပွန်စွာထမ်းဆောင်ခဲ့သော
အစဉ်အလာကောင်းများရှိသည်။ မျက်မှောက်ခေတ်တွင် ထိုအစဉ်အလာကောင်းများကို
ထိန်းသိမ်းလျက်ရှိရုံမျှမက မျိုးဆက်သစ်များကိုလည်း
လက်ဆင့်ကမ်းပေးလျက်ရှိသည်။ ထင်ရှားကျော်ကြားသော စာရေးဆရာကြီးများဖြစ်ကြသည့်
ဦးကြီးမောင် (ငွေဥဒေါင်း)၊ ကျော်အောင်၊ မင်းကျော်၊ မင်းယုဝေ၊ ဆင်ဖြူ
ကျွန်းအောင်သိန်း၊ မောင်ထင်၊ တက္ကသိုလ် မောင်အောင်ဆွေ၊ ထင်လင်း၊ သော်တာဆွေ၊ ခင်ဆွေဦးတို့က ၁၉၇၉ ခုနှစ်တွင် ဖတ်ကြားခဲ့သော ဝတ္ထုတိုစာတမ်းများကို ယခု အခါ ဒုတိယအကြိမ် ပုံနှိပ်ဖြန့်ချိလိုက်ပြီဖြစ်သည်။
စာပေဗိမာန်က ''ဝတ္ထုတိုအနှစ်သာရများ''ခေါင်းစဉ်ဖြင့် စာပေဗိမာန်
စာပေစကားဝိုင်းကျင်းပခဲ့ရာ ဆရာကြည်မင်း၊ ဆရာကိုရိုးကွန့်၊ ဆရာမကြူကြူသင်း၊
ဆရာမ နှင်းဝေငြိမ်းတို့က ''ဝတ္ထုတိုများဖြင့် ရသပေးစွမ်းပြီး
ပြည်သူကိုအကျိုးပြုပုံ၊ အယ်ဒီတာ၏ မှတ်ကျောက်တင်ခံနိုင်မှ
ဝတ္ထုတိုကောင်းများဖြစ်ပေါ်လာနိုင်ပုံနှင့် Online တွင် ရေးသားနေကြသော
ဝတ္ထုတိုများတွင် အားနည်းချက်၊ အားသာချက်များရှိကြပုံ''တို့ကို အပြုသဘော
ဆွေးနွေးကြပြီး ယင်းဆွေးနွေးချက်များကို ပူးတွဲဖော်ပြထားပါသည်။
ထို့ကြောင့် မူရင်းစာတမ်းရှင်တို့၏ လက်ရာများအပြင်
မျက်မှောက်ခေတ်စာရေးဆရာတို့၏ ဝတ္ထုတိုများအပေါ် ဝေဖန်သုံးသပ်ချက်များကိုပါ
တစ်ထိုင်တည်း ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။
စာပေဗိမာန်က ပုံနှိပ်ဖြန့်ချိသော ''ဝတ္ထုတိုစာတမ်းများ'' စာအုပ်မှာ ၅ ဒသမ
၇'' x၈ ဒသမ ၃'' အရွယ်အစားရှိ၍ အဖုံးကို Art Cart 210 gsm လေးရောင်ဖြင့်
လည်းကောင်း၊ အတွင်းစာသားကို Wood Free စက္ကူဖြူချောဖြင့် လည်းကောင်း
ပုံနှိပ်ထားပြီး စာမျက်နှာ ၄၆ဝ ပါရှိသည်။ စာပေဗိမာန်
စာအုပ်အရောင်းဆိုင်များနှင့် အမြို့မြို့ အနယ်နယ်ရှိ
စာအုပ်ဆိုင်ကြီးများတွင် တစ်အုပ်လျှင် ငွေကျပ် ၄ဝဝဝ နှုန်းဖြင့်
ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။
(သတင်းစ
No comments:
Post a Comment