Wednesday, January 6, 2016

ဦးဝင်းထိန် မီဒီယာသို့ ဖြေကြားရာတွင် ဆက်ဆံမှုတင်းမာကြောင်း ဝေဖန်မှုများရှိ

ဦးဝင်းထိန် မီဒီယာသို့ ဖြေကြားရာတွင် ဆက်ဆံမှုတင်းမာကြောင်း ဝေဖန်မှုများရှိ
အဖွဲ့ချုပ်မှလူများ ဆိုးသွမ်းပါက ကိုယ်တိုင် ဆုံးမမည်ဟု ဒေါ်စု ပြောဆိုခဲ့ဖူး

ရန်ကုန် ဇန်နဝါရီ ၆
လူလူ(ဗမာ့အားမာန်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်သည်မီဒီယာ တချို့မှ မေးမြန်းချက်များ ဖြေကြား ရာတွင် လိုရင်းဖြေကြားခြင်းမရှိဘဲ မေးမြန်းသူ၏ပညာအရည်အချင်းအား ပြန်လည်မေးမြန်းခြင်း၊ မေးခွန်းအား မှားယွင်းသည်ဟုဆိုကာမချေမငံပြော ဆိုခြင်းကြောင့် မီဒီယာလောကသား တချို့ဝေဖန်ပြောဆိုလျက်ရှိပြီဖြစ်သည်။

''ကျမမေးတုန်းက အန်အယ်လ် ဒီရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင် နေတာ  ဘယ်အဆင့်ထိရောက်ပြီလဲ မေးတော့  မေးခွန်းမှားနေတယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုသင် တန်းပေးနေတာ   မသိဘူးလားတဲ့ အသက်ဘယ်လောက်ရှိပြီလဲ ပြန်မေး တယ်။  အန်အယ်လ်ဒီအကြောင်း ကောင်းကောင်းမသိဘူးလားတဲ့။ မင်း အယ်ဒီတာဘယ်သူလဲ။ငါဖုန်းဆက်ပြော မယ်တဲ့။ ကျမမှာ အဲ့အသံဖိုင်ရှိတယ်'' ဟု ဦးဝင်းထိန်၏ မီဒီယာအပေါ်မချေ မငံပြောဆိုချက်အား ထုတ်ဖော်ပြော ဆိုသည်။

မကြာသေးခင်  အာအက်ဖ် အေရေဒီယိုအစီအစဉ်တွင်အန်အယ်လ် ဒီသမ္မတလောင်းနှင့် အစိုးရအဖွဲ့စာ ရင်းထုတ်ပြန်ကြေညာရေးနှင့်  ပတ် သက်ပြီးမေးမြန်းချက်များအား ဦးဝင်း ထိန်မှ ပြန်လည်ဖြေကြားရာမှာ ယဉ် ကျေးမှုမရှိကြောင်း  လူမှုကွန်ရက်စာ မျက်နှာသုံးစွဲသူများက တုံ့ပြန်ပြော ဆိုလျက်ရှိသည်။

''ပညာရှိလို့   သမုတ်ခံရသောြီူထိပ်ပိုင်းခေါင်းဆောင် ဦးဝင်း ထိန်သည်  စကားစည်းမစောင့်ခြင်း၊ အမျက်ထွက်လွယ်ခြင်း၊ ရှေ့နောက် မညီညွတ်ခြင်းများ   တွေ့ရသည်''ဟု ရဲရင့်တည်ကြည်အကောင့်ဖြင့် ဦးဝင်း ထိန်၏ ဖြေကြားချက်အပေါ် အမြင် ကို ဦးရဲထွဋ် ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် မကြာမီကာလတွင် အစိုးရဖွဲ့ စည်းနိုင်မည်ဖြစ်ခြင်းကြောင့်  ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးဝင်းထိန် အနေဖြင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့်မီဒီ ယာအပေါ် မလေးစားသည့် ဟန်ပန် ဖြင့် မကြာခဏဆိုသလို အပြောဆိုခံ နေရကြောင်း   သတင်းသမားများ ထံက သိရသည်။

''အစိုးရတုန်းကလည်းအစိုးရက မဟုတ်တာလုပ်ရင်  မဟုတ်တာကို သတင်းသမားတွေက ထောက်ပြရေး သားရမယ့်တာဝန် အပြည့်ရှိတယ်။ အန်အယ်လ်ဒီမှားတာရှိရင်လည်းပြော ရဲဆိုရဲရမယ်။ မီဒီယာဆိုတာ ဘယ်မှ ဘက်မလိုက်ရဘူး အန်အယ်လ်ဒီကို လူအများကယုံကြည်လို့ရေးသားလိုက် ရင် မီဒီယာကို အပြစ်မြင်မှာဘဲဆိုပြီး ဒီအတိုင်းနေတာ  သမာသမတ်ကျတဲ့ မီဒီယာမဟုတ်ဘူး။   မီဒီယာဆိုတာ အနှောင်အဖွဲ့ကင်းရတယ်''ဟုသတင်း လောကသားများ၏  ကျင့်ဝတ်ပိုင်း ဆိုင်ရာကို သတင်းစာဆရာကြီး တစ် ဦးက ပြောဆိုသည်။

မကြာခင်   အစိုးရဖွဲ့စည်းနိုင် မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် စစ်အစိုးရကဲ့သို့ အာဏာ ဖြင့် ဖိနှိပ်ချုပ်ချယ်သည့် စိတ်ဓာတ်ရှိ သူမျိုးအား သတင်းနှင့်ပြန်ကြားရေး ဝန်ကြီးရာထူး မပေးမိစေရန် အထူး လိုအပ်သလို   တစ်ဦးတစ်ယောက် ကြောင့်   အန်အယ်လ်ဒီပါတီအား ရှုတ်ချမှုမဖြစ်စေရန် ပါတီဝင်တချို့ ကိုလည်းယဉ်ကျေးမှုသင်တန်းကအစ ပေးသင့်ကြောင်း   မီဒီယာအသိုင်း အဝိုင်းမှ    စကားပါးပြောဆိုလိုက် သည်။

၂ဝ၁၅ခုနှစ် ဒီဇင်ဘာတတိယ အပတ်က  နေပြည်တော်ရှိ  အစိုးရ ဝန်ထမ်းများနှင့်  တွေ့ဆုံမှုအပြီးတွင် အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ''နိုင်ငံကို အစိုးရလုပ်မယ့် သူတွေက အပိုးကျိုးမှ နိုင်ငံသူ၊ နိုင်ငံ သားတွေခံသာမယ်။  အဲ့ဒီအတွက် ကြောင့် ကျမပြည်သူကိုကတိပေးထား တဲ့အတိုင်း အဖွဲ့ချုပ်က လူတွေ ဆိုး လို့ရှိရင် ကျွန်မပဲ ဆုံးမပါ့မယ်။ ကျမ ဘက်ကနေပြီးတော့ ကျမကတိပေး ထားတဲ့အတိုင်း အဖွဲ့ချုပ်က လူတွေ ကို အပိုးကျိုးအောင်လုပ်ဖို့က ကျွန်မ တာဝန်တစ်ခုအနေနဲ့  လုပ်ထားပါ တယ်''ဟု ပြောဆိုခဲ့ဖူးသည်။

လွန်ခဲ့သော နှစ်နှစ်ဝန်းကျင်က ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်း ဓာတ်ပုံရိုက်ပေးသူကိုဆန်နီနှင့် ဦးဝင်း ထိန်တို့ကြားပဋိပက္ခဖြစ်ကာ ကိုဆန် နီအနေဖြင့်  မှတ်တမ်းဓာတ်ပုံရိုက် ပေးခြင်းအား ရပ်ဆိုင်းခဲ့ပြီး ¤င်းကိုယ် တိုင် အလုပ်မှ နုတ်ထွက်ခဲ့ဖူးသည်။

No comments: