မန်းတွင် တီဘီရောဂါရှင်(၂)ဦးအား အီဘိုလာရောဂါဟုဆိုကာ ရွာကလက်မခံ
.............................................................................................
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် တီဘီရောဂါ အထူးကုဆေးရုံကြီး၌ ဆေးကုသမှုခံနေသော တီဘီရောဂါ ကူးစက်ခံနေရသူ နှစ်ဦးအား အီဘိုလာရောဂါ ဖြစ်နေသည်ဟုဆိုကာ ရွာကလက်မခံဖြစ်နေသည်။
ယင်း တီဘီရောဂါသည် နှစ်ဦးသည် မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာမှ ဖြစ်ပြီး ယခုအခါ ကျန်းမာရေး ကောင်းမွန်၍ ရွာသို့ ပြန်ရန် ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက် လျက်ရှိသည်။
''တကယ်ဆိုရင် ဒါဟာ ဆေးမတိုးတဲ့ ဆေးယဉ်ပါးတီဘီပါ။ ဒါကို ကျေးရွာမှာ ကော် မတီ ဖွဲ့ပြီး ဆေးပုံမှန်ထိုးပေးဖို့ ရှင်းပြတာကို လက်မခံဖြစ်နေတာပါ။ ဒေသခံတွေ အနေနဲ့ က ကျန်းမာရေး အသိပညာနည်းတော့ လက် မခံ ဖြစ်နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့သွား ရောက် ရှင်းပြတော့ လက်ခံမလို လုပ်တာ အမူးသမား တစ်ဦးကဖျက်လို့ ပွဲပျက်သွား တယ်''ဟု မတ္တရာမြို့နယ် ကျန်းမာရေးဦးစီး ဌာန တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာ မျိုးမင်းက ပြောသည်။
ယင်းလူနာနှစ်ဦးအား ဇန်နဝါရီလ(၆) ရက်နေ့တွင် ရေနံ့သာကျေးရွာသို့ ပြန်ပို့မည် ဖြစ်ပြီး လူနာများကို ဆေးရုံတွင် ကုသပေးနေ သည်မှာ တစ်လခန့် ရှိသွားပြီဖြစ်သည်။
''သူတို့ကို ဆေးရုံမှာ ဖန်လှောင်အိမ်နဲ့ ထားတာ။ သူတို့နှစ်ဦးကို ပြန်ခေါ်ခိုင်းနေတာ ဒီဇင်ဘာလ(၃ဝ)ရက်နေ့ ကတည်းက။ ဒါပေမဲ့ ရွာသားတွေက နိုင်ငံခြားမှာ ဖြစ်နေတဲ့ အီဘို လာလို့ ထင်ကြတယ်။ ကျွန်မအနေနဲ့လည်း စိုးရိမ်တယ်။ ဆေးရုံမှာတောင် ကူးမှာကြောက် လို့ အလုံထားတာ။ ရွာမှာ လေတင်လေအောက် ဖြစ်ပြီး ကူးကုန်မှာ ကြောက်တယ်''ဟု ယင်း ရေနံ့သာကျေးရွာမှ ဒေါ်ချယ်ရီစိုးကပြောသည်။
ထိုလူနာများအား ရွာထဲသို့ အတင်းဝင်ထား ပါက မတ္တရာမြို့ပေါ်သို့ တက်၍ ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
''ခုဆိုရင် သူတို့ကို ပြန်သယ်ဖို့ ကား တောင် ငှားမရ ဖြစ်နေတယ်။ ဒီမှာက သက် ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကျောင်းသား တွေနဲ့။ ကူးကုန်မှာ ကြောက်တယ်။ ဆေးရုံ ဘက်ကတော့ အီဘိုလာလို့တော့ ထုတ်မပြော ဘူး။ ဒါကလည်း ကျွန်မတို့ ရွာကိုကူးစက် အောင် လုပ်တာပါ။ ကျွန်မတို့ရွာမှာ လာမထား ဖို့ကို ဆန္ဒပြတောင်းဆိုသွားမှာပါ''ဟု ဒေသခံ တစ်ဦး ဖြစ်သည့် ဒေါ်ပိုက ပြောသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, January 6, 2016
မန်းတွင် တီဘီရောဂါရှင်(၂)ဦးအား အီဘိုလာရောဂါဟုဆိုကာ ရွာကလက်မခံ .....................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment