Thursday, January 14, 2016

မင်သားစိုးသူနှင့် လင်ခန်းမယားခန်း မပြတ်စဲသေးကြောင်း ဇနီးသည် ဒေါ်ခင်မြမြ၀တ်မှုန်ဆွေမှ တန်ပြန်ကြေငြာ



မင်သားစိုးသူနှင့် လင်ခန်းမယားခန်း မပြတ်စဲသေးကြောင်း ဇနီးသည် ဒေါ်ခင်မြမြ၀တ်မှုန်ဆွေမှ တန်ပြန်ကြေငြာ
------ ------ ------- ------- -------
မင်းသားစိုးသူသည် ဇန်န၀ါရီလ ၁ ရက် မြန်မာ့အလင်းသတင်းစာ၌ အမေရိကန်နိုင်ငံတွင်ရှိနေသည့် ဒေါ်ခင်မြမြ၀တ်မှုန်ဆွေနှင့် လင်ခန်းမယားခန်းပြတ်စဲပြီးဖြစ်ကြောင်း ကြေငြာခဲ့သည်။ ယင်းကြေငြာချက်အပေါ် ဒေါ်ခင်မြမြ၀တ်မှုန်ဆွေမှ ယနေ့ ဇန်န၀ါရီ ၁၄ ရက် မြန်မာ့အလင်းသတင်းစာတွင် လင်မယားခန်း မပြတ်စဲသေးကြောင်း၊ အခြားသူတဦးနှင့် ထိမ်းမြားခြင်း(သို့)လင်မယားအဖြစ် တရားမ၀င် ပေါင်းသင်းနေထိုင်ခြင်းသည် ဥပဒေအရ ဖောက်ဖျက်ကျုးလွန်ရာရောက်သည်ဟု တန်ပြန်ကြေငြာလိုက်သည်။

ဒေါ်ခင်မြမြ၀တ်မှုန်ဆွေ၏ ကြေငြာချက်တွင် ဦးစိုးသူလွင်နှင့် ၂၆.၉.၂၀၀၁ တွင် နှစ်ဘက်မိဘများရှေ့၌ လက်မှတ်ရေးထိုးလက်ထပ်ထားပြီး ပေါင်းသင်းလာခဲ့ရာ ၉ နှစ်အရွယ် သမီး အိန်ဂျယ်စိုးသူလွင်ပင် ထွန်းကားခဲ့သည်ဟု ပါရှိသည်။ ဦးစိုးသူလွင်ရှေ့နေမှ အများသိစေရန်ကြေငြာချက်ပါ “အမေရိကန်ပြည်ထောင်စု Montgomery County, Maryland တရားရုံး၏ Judgement Of Absolute Divorce (Default)” သည် မြန်မာနိုင်ငံသား အကြင်လင်မယားဖြစ်ကြသော ဦးစိုးသူလွင်နှင့် ဒေါ်ခင်မြမြ၀တ်မှုန်ဆွေတို့အကြား လင်မယားခန်းပြတ်စဲခြင်းအကြောင်းအရာနှင့်စပ်လျင်း၍ ဥပဒေအရ အပြီးအပြတ်မဖြစ်သော နိုင်ငံခြားစီရင်ချက် (Foreign Judgement not conclusive) ဖြစ်ခြင်းကြောင့် ထိမ်းမြားမှုဥပဒေအရ ယနေ့တိုင် တည်မြဲဆဲဖြစ်သည်ဟု ရှင်းလင်းကြေငြာထားသည်။

ယင်းအပြင် အမေရိကန်ပြည်ထောင်စုတွင် ဦးစိုးသူလွင်၏ပိုင်ဆိုင်မှု မည်မည်ရရ မရှိဘဲ အကြွေးများသာရှိပြီး ထိုအကြွေးများကို ဒေါ်ခင်မြမြ၀တ်မှုန်ဆွေမှ ယနေ့တိုင် ပေးဆပ်နေရဆဲဟုလည်း ခင်ပွန်းအား အစွမ်းကုန်ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည့် အမျိုးကောင်းဇနီးဖြစ်ကြောင်း ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပုံ - ၁၄.၁.၂၀၁၆ မြန်မာ့အလင်းသတင်းစာပါ ဒေါ်ခင်မြမြ၀တ်မှုန်ဆွေဘက်မှ ကြေငြာချက်

No comments: