Wednesday, October 21, 2015

ရှုံးလျှင် မဲခိုးသည်ဟု စွတ်စွဲမည် ၊ နိုင်လျှင် အောင်မြေနင်းသည်ဟု ဟစ်ကြွေးမည် ၊ ဒီ post လေးကို ဖတ်လိုက်မှပဲ အဖြေက (လုံးဝ) ရှင်းသွားပြီ ။

ရှုံးလျှင် မဲခိုးသည်ဟု စွတ်စွဲမည် ၊ နိုင်လျှင် အောင်မြေနင်းသည်ဟု ဟစ်ကြွေးမည် ၊ ဒီ post လေးကို ဖတ်လိုက်မှပဲ အဖြေက (လုံးဝ) ရှင်းသွားပြီ ။
================================================
NLD သည် ဒေါ် စုကြည်ပြောသလို လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရရင် အစိုးရ ဖွဲ့နိုင်မလား?
-----------------------------------------------------------------------------------------------
တစ်သီးပုဂ္ဂလ အမတ်က အစိုးရ ဖွဲ့ရ/မရ

ဒေါ် စုကြည် (သို့မဟုတ်) NLD မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဦး ---

ဥပမာအားဖြင့် ဦးဥာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဦးဟံသာမြင့် -- နှင့် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ တစ်သီးပုဂ္ဂလတွေက အစိုးရမဖွဲ့နိုင်ဘူးဆိုတဲ့စကားနှင့် ပတ်သက်ပြီးတော့ Debate တစ်ခု ပြည်သူ့ရှေ့မှောက်မှာ ပြုလုပ်လိုပါတယ်။

ကျွန်တော် ဆိုတာက ကျွန်တော်က စ,ပြောလို့ ကျွန်တော်လို့ ပြောလိုက်တာပါ။ ကျွန်တော်က တစ်သီးပုဂ္ဂလကိုယ်စားလှယ်များရဲ့ကိုယ်စား Debate လုပ် ချင်တာပါ။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးဦး နှင့် Debate ချင်တယ်ဆိုရင်လည်း မည်သည့်ကိုယ်စားလှယ်မဆိုက အဆင်သင့်ပါပဲဆိုတာ သိစေချင်ပါတယ်။

ကျွန်တော် ပထမဆုံး ဆွေးနွေးချင်တာက NLD သည် ဒေါ် စုကြည်ပြောသလို လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရရင် အစိုးရ ဖွဲ့နိုင်မလား?

ပထမဆုံး ပြောချင်တာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပါတယ်။ ဖွဲ့စည်းပုံမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။
ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။

မရှင်းသေးဘူးလား ။

ပါတီတစ်ခုခုက ၅၁% နိုင်လို့ အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။

နောက်မေးခွန်းတစ်ခုက -
တစ်သီးပုဂ္ဂလက ဒေါ် စုကြည်ပြောသလို အစိုးရမဖွဲ့နိုင်ဘူးတဲ့လား?

ဖွဲ့နိုင်ပါတယ်။ သိပ်ဖွဲ့နိုင်ပါတယ် ။ NLD က လွှတ်တော်ထဲ ရာနှုန်းဘယ်လောက်နိုင်နိုင် ၇၅ % ပဲနိုင်နိုင် ၊ စစ်တပ်က ၂၅% ရှိနေတာကို နားလည်ဖို့ လိုသလို မမေ့သင့်ဘူး။
စစ်တပ်နှင့် တိုင်းရင်းသားက သဘောကျလို့ တစ်သီးပုဂ္ဂလကို အမျိုးသားလွှတ်တော်ကဖြစ်ဖြစ်၊ ပြည်သူ့လွှတ်တော်က ဖြစ်ဖြစ် တင်လိုက်လို့ရှိရင် သမ္မတဖြစ်ပြီး အစိုးရဖွဲ့ခွင့် ရသွားနိုင်တယ်။

ဒါတွေက သဘောတရားရေးရာအရ တစ်သီးပုဂ္ဂလလည်း သမ္မတဖြစ်နိုင်တယ်၊ အစိုးရဖွဲ့နိုင်တယ်ဆိုတာကို ပြောပြတာပါ။

၃၂၃ ဦးသော မြန်မာလူမျိုး တစ်သီးပုဂ္ဂလ အမတ်လောင်းတိုင်းဟာ အရွေးခံရပြီးလို့ လွှတ်တော်က သမ္မတလောင်း စာရင်းတင်သွင်းခံရရင် ဒုတိယ သမ္မတ သေချာ ပေါက် ဖြစ် နိုင်သလို သမ္မတကြီး ဖြစ်ခဲ့ရင် သူ့အစိုးရ အဖွဲ့ကို ဖွဲ့ နိုင်ပါ တယ် ။

အများအသိနည်းကြတာတစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်။ သမ္မတက သမ္မတဖြစ်ခွင့်အရည်အချင်းအရ လွှတ်တော်က တင်မြှောက်သူ ဖြစ်ဖို့ပဲလိုတယ်။ လွှတ်တော်ကိုယ်စားလှယ်မဖြစ်လည်း ရပါတယ်။
နိုင်ငံတော်အကြီးအကဲ အခန်း ၃ ။
အပိုဒ် ၆၀။ အပိုဒ်ခွဲ (ဂ) ။

ဆိုလိုတာက လွှတ်တော်ကိုယ်စားလှယ်မဟုတ်လည်းဘဲ ဦးသိန်းစိန်ကို အရည်အချင်းကြိုက်တဲ့အတွက် လွှတ်တော်က တင်မြှောက်လာရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစု အဖွဲ့
သို့မဟုတ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့
သို့မဟုတ်
တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ က တင် လိုက်တာနဲ့ အလိုလို သမ္မတဖြစ်ခွင့်ရှိနေတယ် ဆိုတာပါပဲ။
ဒီလောက် မှ နားမလည်ကြသေးရင်လည်း နိုင်ငံရေး လုပ်စား မနေကြပါနဲ့တော့ ။

ဒီလောက်ဆိုရင် တစ်သီးပုဂ္ဂလက အစိုးရဖွဲ့ခွင့် မရှိဘူး၊ နိုင်တဲ့ပါတီက အစိုးရဖွဲ့ခွင့်ရှိမှာ ဆိုတဲ့ စကားက လွဲနေတယ် မှားနေတယ် ကန့်လန့် လျှောက် နေပြီ ဆိုတာ သိသာလောက်ကြပါပြီ။

နောက်ဆုံးတစ်ခုက စကားကပ်ပြီး ပြောနိုင်တဲ့ အခြေအနေတစ်ခုပါ။
ဖြစ်လာနိုင်တဲ့အဆိုက စစ်တပ်က ဒုသမ္မတ တစ်ယောက်၊ အမျိုးသားလွှတ်တော်က ဒုသမ္မတတစ်ယောက်၊ ပြည်သူ့လွှတ်တော်က ဒုသမ္မတ တစ်ယောက် (NLD ပါတီဝင်) ရွေးလာတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးတဲ့အခါ NLD က ၅၁% နိုင်ထားတာမလို့ ပြည်သူ့လွှတ်တော်က ရွေးတဲ့ ဒုသမ္မတ (NLD ပါတီဝင်) က သမ္မတဖြစ်မှာ မဟုတ်ဖူးလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
ဒီမေးခွန်းက တစ်သီးပုဂ္ဂလနှင့်တော့ မဆိုင်ပါဘူး။ သို့သော် သွယ်ဝိုက်ပြီးတော့,တော့ ပတ်သက်ပါတယ်။ ဒါကြောင့် ဖြေရှင်းလိုက်ပါတယ်။ ကပ်မေးတဲ့ မေးခွန်းဖြစ်ပေမယ့်လို့ ဒေတာအချက်အလက်များအရ ဖြေလိုပါတယ်။
ပထမဆုံးပြန်မေးချင်တာက NLD က on the ground မှာ ၅၁% နိုင်,နိုင်သလား? ဖြေကြပါလိမ့်မယ်။ landslide win (တောင်ပြိုကမ်းပြိုနိုင်မှာ) ဘာလို့ မဖြစ်နိုင်ရမှာလဲ။
ကြားဖြတ်လဲ နိုင်ခဲ့တာပဲ တို့။
မနိုင်ဘူး ပြောတဲ့သူ မနာလို လို့ ပြောတာ တို့။
ကဲ ထားပါတော့။
ကျွန်တော်တို့ ဒေတာ တွေ အရ အချက်အလက်တွေ နဲ့ တိုက်ဆိုင်စစ်ဆေး စိစစ် ကြည့်လိုက်ကြရအောင်။

လွှတ်တော် ထိုင်ခုံ - ၆၆၄ ခုံ ရှိတယ်။ အဲဒီအထဲမှာ စစ်တပ်က ၂၅% ယူပြီးသား။ ၁၆၆ ခုံ နေရာရပြီးသားပေါ့။

ကျန်တဲ့ ၄၉၈ ခုံအတွက် ပြိုင်ဆိုင်ရမှာ။
တစ်နည်း ပုစ္ဆာကိုက ကျန်တဲ့ ၇၅% ထဲက အဖြေက လုရမှာ။
၄၉၈ ခုံထဲမှာ တိုင်းရင်းသားအတွက်က ၂၀၃ နေရာ ရှိတယ်။
ရာနှုန်းအားဖြင့် ၃၀.၅၇ % ရာနှုန်း။
မေးခွန်းက NLD က အဲဒီ ၃၀.၅၇% ထဲက ဘယ်လောက်ရာခိုင်နှုန်း နိုင်,နိုင်သလဲ?
အမျိုးသားလွှတ်တော်နေရာအတွက် တိုင်းရင်းသားဒေသတွေမှာ NLD ဟာ နိုင်,နိုင်ဖွယ် လုံးဝ မရှိပါဘူး။ မဲပါ ရေတွက်ထားလို့ ရနေ ကြပါပြီ ။
တိုင်းရင်းသားဒေသတွေအတွက် အမျိုးသားလွှတ်တော် အမတ်နေရာက ၈၄ နေရာ ရှိတယ်။
NLD အနေနှင့် နိုင်လှမှ တစ်နေရာ နှစ်နေရာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ တိုင်းနှင့်ပြည်နယ်တစ်ခုစီအတွက် အမျိုးသားလွှတ်တော် နေရာ ၁၂ ခုစီ ရတယ်။ ချင်းပြည်နယ်လိုနေရာမျိုးကြတော့ မတူပီ + မင်းတပ် က တစ်ယောက်| မင်းတပ် + ကန်ပက်လက် က တစ်ယောက်လိုမျိုး ဖြစ်ပြီး သုံးမြို့နယ် ၂ ယောက်လောက်တော့ NLD အဖို့ စည်းရုံးရေး လိုက်မမီဘူး။
ရှမ်းပြည်နယ်ကြပြန်တော့လည်း ၇ မြို့နယ်မှ အမျိုးသားလွှတ်တော်အမတ် တစ်ယောက်လောက် ကျပြန်တော့ စည်းရုံးရေး မတတ်နိုင်ပြန်ဘူး။
ဆိုတော့ NLD က တိုင်းရင်းသားနယ်တွေမှာ အမျိုးသားလွှတ်တော်အမတ်နေရာ ၈၄ နေရာထဲက တစ်နေရာမှမနိုင်၊ သို့မဟုတ် တစ်နေရာ/နှစ်နေရာ နိုင်ပဲ ရှိပါမယ်။

ဒါဆို NLD က တိုင်းရင်းသားနယ်တွေမှာ ပြည်သူ့လွှတ်တော်ကို အားပြု ပြိုင်ပါမယ်။ တစ်မြို့နယ် တစ်ယောက် ။
ပြိုင်ကြည့်ရအောင် ။

ဟုတ်ပြီ။

ပြည်သူ့လွှတ်တော်အတွက်ရော တိုင်းရင်းသားနယ်တွေမှာ NLD က ဘယ်လောက်နိုင်မလဲ။ ၁၅/၂၀ ထက် ပိုမနိုင်ပါဘူး။ ၂၀ ပဲ ထားလိုက်ပါဦး။ ၃% ပဲ နိုင်မယ်။ ကျန်တဲ့ ၂၇% က တိုင်းရင်းသားတွေ နိုင်မယ်။
ဒီတော့ NLD နိုင်,နိုင်တာက

100% - (၂၅% စစ်တပ် + ၂၇% တိုင်းရင်းသား) = ၄၈% ပဲ ရှိတော့တယ်။ ဒီမှာတင် ၅၁% တောင် မပြည့်တော့ဘူး။

ဒီ ၄၈ % အထဲကမှ ပြည်ခိုင်ဖြိုး၊ လယ်သမား၊ NDF၊ တစည စတာတွေ ကို ထည့်တွက်ရင် ရာနှုန်းအတော် ထပ်နည်းသွားဦးမယ်။

ကုက္ကိုးကျွန်းလိုဟာ မျိုး မှာ ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ နိုင် မယ် ဆိုတာ အတိအကျ တွက်လို့ရနေပြီ ။
သေချာတာကတော့ NLD ပါတီ က မဟုတ်လေ တော့ အခြား သော ပါတီ က ဖြစ် နေပြီ ။

ဒါထက်ရှင်းအောင်ပြောရင် ဦးအောင်မင်းတို့လို့ ၊ ဦးစိုးသိမ်း တို့လို သူရ ဦးသက်ဆွေ တို့လို အပိုင်စား ရထားတွေ မြို့ တွေ မဲဆန္ဒနယ်တွေ အများကြီး ရှိနေတာ ကို မကြာခင် စာရင်း နှင့်တကွ ထုတ် ပြ ကြပါလိမ့်မယ် ။
၃၃၀ ရှိ တာ မှာ ၁၀၀ လောက် အထိ သေချာ ပေါက် မဲ ရေတွက် ထားနှင့်ပြီးသား ဖြစ် နေကြပါပြီ ။ သို့သော်ဆက်လက် ကြိုးစားနေကြတာက မြန်မာ့ ဒီမိုကရေစီ အလောအထ ကို မွေးမြူ လေ့ကျင့်ပေးတဲ့သဘောရယ် အပြတ် အသတ် နိုင်လိုတဲ့ ဆန္ဒတွေကြောင့် ဖြစ်ပါမယ် ။
ဒါ သည် လက်ရှိ မြန်မာ့ နိုင်ငံရေး အရှိတရား ပါ ။

နောက်ဆုံးအနေနဲ့ စကားတစ်ခု ကပ်လာဖွယ် ရှိပါတယ်။ NLD က တိုင်းရင်းသားနယ်တွေမှာလည်း နိုင်ပြီး NLD သဘောကျတဲ့တစ်ယောက် (ဥပမာ - ကိုနီ) ကို သမ္မတထားတယ်ဆိုရင်ကောကွာလို့ ဖြစ်ပါတယ်။
ဟုတ်ကဲ့။
သဘောတရားအရတော့ ဒီလိုလုပ်လို့ ရပါတယ်။
ဒါပေမယ့် အဆုံးစွန်စကားပြောရရင် NLD က ဘယ်လိုပဲနိုင်နိုင်၊ ၇၅% အပြည့်ပဲ နိုင်နိုင်၊ သမ္မတလောင်းကို စစ်တပ်ဖက် က သဘောမကျရင်တော့ ပယ်ချလို့ ရနိုင်တယ် ဆိုတဲ့အချက်ပါပဲ။

ကဲ
အဲဒီတော့
သမ္မတ မဖြစ်တော့ ရင် အစိုးရ ဖွဲ့လို့ မရတော့ဘူး ဆို တာကို ပြန်ပြီး စာလုံးပေါင်းပြနေစရာ မလိုတော့ဘူးထင်ပါတယ် ။

ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ ။

Ref: :
Credit >>> Soe Moe Hlaing



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: