၂၀၁၅ ရွေးကောက်ပွဲဆိုတာ.. မီဒီယာလောကသားတွေ အတွက်တော့
Party Lobby တွေလား ၊ စာနယ်ဇင်း သမားလား ဆိုတာ ကွဲကွဲပြားပြားသိရတဲ့
ကာလပေါ့။ပါတီပေါင်း ၉၃ ပါတီရှိတယ် ။ NLD voice တစ်ခုတည်း စာစောင်တွေ
မှာထည့်သွင်းဖော်ပြနေကြတယ်။ တပ်ဧရိယာ အတွင်း ဖြတ်သန်းခွင့်မရလို့ ၊
ဟိုနားမှာ ခလုပ်တိုက်လို့ ၊ ဟိုနားမှာ ဖားပြုတ်ကိုက်လို့နဲ့..။ မေးချင်တာက NLD ပါတီ တစ်ခုတည်း ဖြစ်နေတာလား။ အခြားပါတီတွေကိုရော NLD ပါတီဝင်တွေက
မနှောက်ယှက်ဘူးလား။ NDF ပါတီက ဆိုင်းဘုတ်တွေကို မှုတ်ဆေးတွေနဲ့ ကြက်ခြေခတ် လိုက်မှုတ်တာတွေ ၊ ကြံ့ခိုင်ရေး ဆိုင်းဘုတ်တွေကို NLD ထောက်ခံသူတွေက ဆွဲဖြဲတာတွေ ၊ မဲဆွယ်နေတဲ့ ကိုယ်စားလှယ်လောင်းကို
NLD ထောက်ခံသူတွေက အရက်တွေမူးပြီး နောက်ယှက်တာတွေ ဒါတွေကို ဘယ်မီဒီယာမှာမှ ၊ ဘယ်ဂျာနယ်မှာမှ မတွေ့ရဘူး။ ပြောချင်တာက မီဒီယာသမား
တွေ သမာသမတ်ရှိဖို့လိုတယ်။ ကျွန်တော်တို့က အလယ်မှာရပ်ရတာဗျဆိုပြီး
စည်းခိုးလို့ မရဘူး။တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် စည်းမခိုးသင့်ဘူး။ အမှန်ကို
အမှန်တိုင်း အရှိကို အရှိတိုင်း တင်ပြသင့်တယ်။အခုလို NLD လုပ်တာတွေကို
ထိန်ချန် ၊ NLD အလုပ်ခံရတာတွေ များများဖော်ပြနေကြတာ စာနယ်ဇင်းသမား
ပါဆိုသူတွေ ကိုယ့်လိပ်ပြာ ကိုယ်လုံကြပြီလား။
ရိုးသားကြဖို့ ခက်ခဲနေရင်လည်း ဘာမှ မရေးပဲ နေတာကောင်းပါတယ်။
မြင်ရတာ အဆင်မပြေလို့ပါ။
စစ်မင်း
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment