Sunday, October 18, 2015

နိုင်ငံသားဥပဒေကို ဖြေလျော့ ပေးရန် အစိုးရကို မြန်မာ့အတိုက်အခံNLD ပါတီ က တိုက်တွန်း

နိုင်ငံသားဥပဒေကို ဖြေလျော့ ပေးရန် အစိုးရကို မြန်မာ့အတိုက်အခံNLD ပါတီ က တိုက်တွန်း

စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာန၏ ဝဘ်ဆိုက် တွင် “နိုင်ငံသားဥပဒေကို ဖြေလျော့ ပေးရန် အစိုးရကို မြန်မာ့အတိုက်အခံက တိုက်တွန်း” ဟု သတင်းတစ်ပုဒ်ဖော်ပြပါရှိပါသည်။

အဆိုပါသတင်းတွင် နိုင်ငံသားဥပဒေကို ဖြေလျော့ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရကို ထပ်မံတောင်းဆိုလိုက်ပြီး ထိုဥပဒေကို ဖြေလျော့ပေးမှသာ လူအများ(ဘင်ဂါလီများ)နိုင်ငံသားဖြစ်ခွင့်ရမည် ဟုဆိုကြောင်း၊ ထိုသို့နိုင်ငံသားဥပဒေကို ဖြေလျော့ပေးရန် NLD ၏ တောင်းဆိုမှုသည် သီတင်း ၂ ပတ် အတွင်း နှစ်ကြိမ်မြောက်တောင်းဆိုမှုဖြစ်ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘင်ဂါလီကိစ္စ တစ်စုံတစ်ရာပြောကြားရန် ဖိအားပေးမှုများကို တုန့်ပြန်ခြင်းဖြစ်ပုံရကြောင်း၊ ဒလိုင်လားမားကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အပေါင်းအသင်းများက ဘင်ဂါလီပြဿနာကို ဖြေရှင်းပေးရန် သူမကို တိုက်တွန်း ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အမိန့်အရ ဇွန်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် NLD ပါတီ၏ သဘောထားကြေညာချက်တွင် ဘင်ဂါလီများအား နိုင်ငံသားဖြစ်ခွင့်ရစေရန် ၁၉၈၂ နိုင်ငံသား ဥပဒေ အား ဖြေလျော့ပေးရန် အစိုးရအား တောင်းဆို ထားကြောင်း ဖော်ပြထားသည်။

NLD ပါတီ၏ ပြောခွင့်ရ ဦးဥာဏ်ဝင်းကလည်း “ ၈၂ နိုင်ငံသားဥပဒေကို ပြင်ဖို့လိုတယ်ဗျ။ ဒါမှ နိုင်ငံသား ဖြင့်ခွင့်လွယ်မှာ၊ ကျွန်တော်တို့ NLD ပါတီက နိုင်ငံသားဖြစ်ခွင့်အတွက် သတ်မှတ်ချက်တွေကို လျော့ပေး စေချင်တယ်၊ ဘင်ဂါလီတွေသာ နိုင်ငံသားဖြစ်ခွင့်ရရင် အခြေခံဥပဒေနဲ့အညီ မြန်မာ တစ်နိုင်ငံလုံး ကို ကြိုက်သလိုသွားလို့ရပြီ၊ နိုင်ငံခြားကိုလဲ တရားဝင်သွားလို့ရပြီ။ ဒါဆို ခုလို လှေတွေနဲ့ ခိုးကြောင်ခိုးဝှက် သွားစရာမလိုတော့ boat people ပြဿနာ ဆိုတာလဲ ရှိတော့မှာ မဟုတ်ဘူး” ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် Chinnel NewsAsia သတင်းဌာနတို့ တနင်္ဂနွေနေ့က တွေ့ဆုံရာတွင် ၄င်းက လှေစီးဒုက္ခသည် ပြဿနာသည် လူကုန်ကူးမှုသာဖြစ်ပြီး အာရုံမလွှဲသင့်ကြောင်း၊ ရခိုင်အစိုးရက ဘင်ဂါလီများကို နှိပ်စက်သဖြင့် ၄င်းတို့ထွက်ပြေးရပါသည်ဟု ပြောဆိုခြင်းမှာ လုံးဝမှားယွင်း ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

လ၀က ၀န်ကြီး ဦးခင်ရီကမူ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကို ပြင်စရာမလိုကြောင်း အခိုင်အမာ ပြောကြား ထားကြောင်း သိရှိရသည်။

REF- CAN
ပြည်သူ့အာဏာ



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: