အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်ရင် လူထုက ဘာလို့ NLD ကို မယုံကြတာလဲ
နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာတာနဲ့  အမျှ နိုင်ငံရေးပါတီအသီးသီးဟာ မဲဆွယ် စည်းရုံးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြသလို မဲဆန္ဒရှင်များကိုလည်း ပါတီတွေရဲ့ပေါ်လစီနဲ့ပတ်သက် ပြီး မေးခွန်းတွေထုတ်လာတာ တွေ့ရပါတယ်။ အဲဒီမှာ ထူးခြားတာက ရွေးကောက်ပွဲဝင်မယ့်ပါတီ ၉၀ ကျော် ရှိရာမှာ အမျိုး ဘာသာ သာသနာနဲ့ပတ်သက်လို့ နိုင်ငံသားဥပဒေနဲ့ပတ်သက် လို့ မေးခွန်းထုတ်ခံရတာ NLD တစ်ပါတီပဲ ရှိတာပါ။ ဘာကြောင့်လူထုက အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်ပြီး မယုံကြည်ရတာလဲ၊ အဲဒီမေးခွန်းတွေကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖြေကြားချက်တွေက ဘာကိုဆိုလို တာလဲ သုံးသပ်တင်ပြ သွားပါမယ်။
NLD ပါတီကိုပဲ အမေးခံရတဲ့ မေးခွန်းက အာဏာရရင် မျိုးစောင့်ဥပဒေတွေကို ပြင်မှာလား၊ ဘင်္ဂါလီတွေ ကို နိုင်ငံသားပေးမှာ လားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေနဲ့ ရင်ဆိုင်ရတိုင်း NLD ကိုယ်စားလှယ် တွေ အနေနဲ့ တိတိကျကျ Yes or NO မဖြေကြားနိုင်တဲ့အပြင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိတိကျကျ ဖြေကြားခြင်း မရှိပဲ ဝေ့လည်ကြောင်ပတ်ဖြေကြားခဲ့တဲ့အပြင် လူမျိုးရေး၊ ဘာသာရေး သွေးထိုးမှု တွေကြောင့် ဒီလိုမေးခွန်းတွေမေးတာဖြစ်တယ် လို့ မေးခွန်းမေးတဲ့သူကိုတောင် ပြန်ပြီးစွပ်စွဲတာ တွေ့ရ ပါတယ်။
အမျိုး ဘာသာ သာသနာနဲ့ပတ်သက်လို့၊ နိုင်ငံသားဥပဒေနဲ့ပတ်သက်လို့ ပါတီ ၉၀ ကျော်မှာ NLD တစ်ပါတီ ပဲ မေးခွန်းထုတ်ခံရတာ ဟာ NLD ပါတီကိုယ်တိုင်ကြောင့်ပဲ ဖြစ်ပြီး ဘယ်သူ့သွေးထိုးလှုံ့ဆော်မှု ကြောင့်မှ မဟုတ်ပါဘူး။ အမျိုးစောင့် ဥပဒေတွေ ပြဌာန်းပေးဖို့ မဘသက စတင် တောင်းဆိုတဲ့အချိန် ၊ ဥပဒေကြမ်း တောင် မရေးသေးခင် ၊ ဥပဒေထဲမှာ ဘာတွေပါလို့ ပါမှန်း မသိခင်ကတည်းက NLD က ကန့်ကွက်ခဲ့တယ်။ ဥပဒေကြမ်းအဆင့်ဆင့် မှာလဲ ကန့်ကွက်ခဲ့တယ်။ နောက်ဆုံး လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အချိန်မှာလဲ NLD ကိုယ်စားလှယ် အားလုံးက ကန့်ကွက်ခဲ့ပါတယ်။
ဘင်္ဂါလီပြဿနာနဲ့ပတ်သက်လို့ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်း က လှေစီးဘင်္ဂါလီဒုက္ခသည်တွေကို နိုင်ငံသား ပေးသင့်တယ်လို့ ပြောကြားခဲ့သလို NLD ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ့ ဦးကိုနီကလည်း ဘင်္ဂါလီမူဆလင်အနေနဲ့ နိုင်ငံသားအခွင့်အရေး ရသင့်တယ် လို့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ကလည်း ဂျပန်ခရီးစဉ်မှာ ၁၉၈၂ နိုင်ငံသားဥပဒေဟာ တင်းကျပ်လွန်းတယ်။ လူ့အခွင့်အရေးနဲ့ မညီဘူးလို့ ပြောခဲ့တာတွေရှိသလို ဘင်္ဂါလီအရေးလှုပ်ရှားသူ ၀ါကာ အူဒင်ကို ပေးပို့ခဲ့တဲ့ အီးမေးလ်တွေ ပေါက်ကြားတဲ့ ဖြစ်စဉ်ရှိပြီး အဲဒီ အီးမေးလ်တွေဟာ အစစ်အမှန်ဟုတ်/မဟုတ် ပြန်လည်ဖြေရှင်းခြင်း မရှိခဲ့ပါ ဘူး။
ဒါကြောင့်မို့ ပြည်သူလူထုစိတ်မှာ NLD သာ အာဏာရခဲ့ရင် မကြာခင်ကမှ ပြဌာန်းခဲ့တဲ့ မျိုးစောင့်ဥပဒေတွေ ကို ဖျက်သိမ်းခံရမယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ပြီး ဘင်္ဂါလီတွေကို နိုင်ငံသားပေးလိမ့်လို့ စိုးရိမ်စိတ် တွေဖြစ်ပြီး NLD အပေါ် အမျိုးဘာသာသာသနာနဲ့ပတ်သက် တဲ့မေးခွန်းတွေ၊ နိုင်ငံသားဥပဒေနဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးလာကြတာဖြစ်ပါတယ်။ ဘယ်သူ့ သွေးထိုးလှုံ့ဆော်မှုကြောင့်မှ မဟုတ်ပဲ အမျိုးဘာသာ သာသနာချစ်စိတ် က လာတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။
မျိုးစောင့်ဥပဒေတွေကို ဖျက်မှာလား၊ ဘင်္ဂါလီတွေကို နိုင်ငံသားပေးမှာလား ဆိုတဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က တိတိကျကျ မဖြေပဲ ဝေ့လည်ကြောင်ပတ်ပဲ ဖြေပါတယ်။ ကျွန်မတို့က ဒီမိုကရေစီ အစိုးရ လုပ်မှာ၊ ဒီမိုကရေစီအစိုးရဆိုတာ လူထုဆန္ဒအတိုင်းလုပ်မှာပါ ဆိုတဲ့ ဝေ့လည်ကြောင်ပတ် စကားပဲပြောခဲ့ပါတယ်။ အခုရွေးကောက်ပွဲဟာ အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ တရားစီရင်ရေးဆိုင်ရာ ဥပဒေ တွေကို ပြည်သူတွေ ကိုယ်စားပြဌာန်းပေမယ့် ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးမှာပါ။ ပြည်သူ့ကိုယ်စား လှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ ဥပဒေပြဌာန်းရေးမှာ အာဏာအရှိဆုံးဖြစ်ပြီး အခြေခံဥပဒေပါ အချို့ပုဒ်မများကလွဲလို့ ကျန်မည်သည့်ဥပဒေကို မဆို လွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံတာနဲ့ ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဌာန်းနိုင်ပါတယ်။ ဒါကြောင့်မို့ မဲဆန္ဒရှင် တွေက အရွေးမမှားအောင် နိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီး NLD ရဲ့ ပေါ်လစီကို မေးတာကို တိတိကျကျ မဖြေပဲဝေ့လည်ကြောင်ပတ်ဖြေခြင်း ဟာ ရိုးသားမှုမရှိတာပဲဖြစ်တယ်လို့ ဆိုချင်ပါတယ
ဒီနေ့လုပ်တဲ့ သံတွဲဟောပြောပွဲမှာ မဲဆန္ဒရှင်တစ်ဦး က ဒေါ်အောင်ဆန်းစုကြည်ဟာ RSO ရိုဟင်ဂျာ အဖွဲ့အစည်းကို စာရေးအကူအညီတောင်းတယ်ဆိုပြီး အင်တာနက် လူမှုရေးစာမျက်နှာတွေမှာပျံ့နေတာ ဟုတ်ပါသလားလို့ မေးမြန်းရာမှာ "ကျမတို့ နိုင်ငံရေးလုပ်တယ်ဆိုတာ ကျမတို့ ပြည်သူကိုအားကိုးပြီးတော့ လုပ်တာ၊ ဘယ်နိုင်ငံခြား အစိုးရကိုမှ အားကိုးပြီးတော့ လုပ်တာမဟုတ်ပါဘူးလို့ ပြောပါရစေ၊ အဲ့ဒီလို စွပ်စွဲတဲ့လူတွေက သူတို့ကိုယ်တိုင်က ဘယ်နိုင်ငံခြားအစိုးရတွေကို အားကိုးနေလို့လဲလို့ ကျမပြန်ပြီးတော့ မေးချင်ပါတယ်" လို့ ဟုတ်/မဟုတ် မဖြေကြား ပဲ ရှောင်ထွက်သွားပါတယ်။ နောက်တစ်ယောက်က ဒေါ်စု အာဏာရရင် ရခိုင်ပြည်နယ်မှာ ကုလားတွေလွှမ်းမိုးသွားမှာလား (နိုင်ငံသားဥပဒေပြင်ပြီး ဘင်္ဂါလီတွေကို နိုင်ငံသားပေးမှာလားဆိုတဲ့ မေးခွန်းကို သူနားလည်သလိုမေးတာပါ) ဆိုတာကို "ကျမတို့ဟာ အာဏာ တောင်းနေတာ မဟုတ်ဘူး၊ တာဝန်ယူရေးကို ကျမတို့တောင်းနေတာဖြစ်ပါတယ်၊ တာဝန်ယူတာနဲ့ အာဏာ ယူတာနဲ့ မတူပါဘူးဆိုတာ ကျမတို့ပြည်သူတွေနားလည်ဖို့ လိုပါတယ်၊ နောက်ပြီးတော့လည်း ကျမတို့ဟာ တရားဥပဒေအရ အားလုံးလုပ် သွားမယ်လို့ ကျမစောစောကပြောသွားပြီးပါပြီ၊ ကျမတို့ တရားဥပဒေအရ လုပ်သွားမယ်ဆိုတာဟာ အခုမေးတဲ့မေးခွန်းနဲ့ပတ်သက် တဲ့ ပြောဆိုမှုတွေကိုက တရားဥပဒေကို ချိုးဖောက် ရာရောက်ပါတယ်၊ အဲ့ဒါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ လူမျိုးရေးဘာသာရေး ပဋိပက္ခ ဖြစ်အောင် ပြောတဲ့စကားတွေဖြစ်လို့ ဒီဟာတွေဟာ ပြောတဲ့ဟာ ဥပဒေကိုချိုးဖောက်ရာရောက်ပါတယ်လို့ ကျမအနေနဲ့ ပြောမှာပါ” လို့ မဆီမဆိုင်တွေ ပြောသွားတဲ့အပြင် နောက်ထပ်ဒီလိုမေးခွန်းမျိုး မမေးရဲအောင် မေးခွန်းမေးတဲ့သူကိုပါ လူမျိုးရေးဘာသာရေး ပဋိပက္ခ ဖြစ်အောင်လုပ်တယ်။ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲသွားပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာကျော် အောက်စဖို့ တက္ကသိုလ်ကြီးနက ဘွဲ့ရခဲ့တဲ့ ပညာတတ်တစ်ယောက် ဖြစ်တဲ့အပြင် နိုင်ငံတကာက ချီးမြှင့်ခဲ့တဲ့ ဆုတံဆိပ်ပေါင်းများစွာရခဲ့တဲ့ ဒီမိုကရေစီအိုက်ကွန်ကြီးတစ်ယောက် အနေနဲ့ ရခိုင်ပြည်နယ်မှာ ကုလားတွေလွှမ်းမိုးသွားမှာလားဆိုတဲ့မေးခွန်း ဟာ နိုင်ငံသားဥပဒေပြင်ပြီး ဘူးသီးတောင် မောင်တောက ဘင်္ဂါလီတွေကို နိုင်ငံသားပေးမှာလားဆိုတဲ့ မေးခွန်းကို လူထုက သူတို့ နားလည်သလို မေးတယ်ဆိုတာ မသိပဲတော့ နေမှာ မဟုတ်ပါဘူး။ ဒါကို မဆီမဆိုင်တွေပြော၊ တရားဥပဒေ ကိုချိုးဖောက်ရာကျတယ်လို့ စွပ်စွဲခြင်းဟာ မဖြစ်သင့်ဘူးလို့  မြင်ပါတယ်။
အမျိုးစောင့်ဥပဒေတွေကို တောက်လျှောက်ကန့်ကွက်ခဲ့တဲ့၊ ၁၉၈၂ နိုင်ငံသားဥပဒေကိုပြင်ရမယ်၊ ဘင်္ဂါလီတွေ ကို နိုင်ငံသားပေးရမယ် လို့ပြောခဲ့ဖူးတဲ့ NLD ပါတီရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမျိုးစောင့်ဥပဒေတွေနဲ့ နိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီး မေးခွန်းတွေရင်ဆိုင်ရတိုင်း ဘယ်တော့မှ တိတိကျကျမဖြေပဲ ဝေ့လည်ကြောင် ပတ် ဖြေနေခြင်းဟာ ရွေးကောက်ပွဲမှာ NLD အနိုင် ရခဲ့ရင် မျိုးစောင့် ဥပဒေများနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေတို့ သေချာပေါက် ပြင်ဆင်၊ ဖျက်သိမ်း ခံရမယ် ဆိုတာကို ပြနေကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment