တယူသန်စိတ်ရှိတဲ့ KIA/KIO ခေါင်းဆောင်အောက်က ဓါးစာခံဖြစ်နေတဲ့ ကချင်တိုင်းရင်းသားများ
======================================
By Voice Of Kachin
ကချင်ပြည်နယ်အတွင်းရှိ ကချင်လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့ဖြစ်သည့် KIA/KIO ခေါင်းဆောင်များသည် နိုင်ငံရေးပြဿနာကို အကြောင်းပြ၍ ကချင်ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းများကို တစ်ကိုယ်တည်း လက်ဝါးကြီးအုပ်ချင်စိတ်၊ ရယူလိုစိတ်၊ အတ္တစိတ်တို့ ဖုံးလွှမ်းကာ လွဲမှားသော လမ်းကြောင်းကို သိသိကြီးဖြင့် လျှေက်လှမ်းနေဆဲဖြစ်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းတွင် ဖြေရှင်းရန်အတွက် ဆန္ဒမရှိပဲ စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ကြံစည်စဉ်းစားနေသော KIA/KIO ခေါင်းဆောင်များကြောင့် ကချင်လူမျိုးများ ယခုထက်ထိတိုင် စတေးခံ အသုံးချခံ ဖြစ်နေရဆဲဖြစ်သည်။
နိုင်ငံတော်အစိုးရမှ ကျန်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းများအတွက် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ကာ ကြိုဆို နေပါကြောင်း ထပ်ကာတလဲလဲ ပြောကြားနေသော်လည်း KIA/KIO အဖွဲ့မှာ ကချင်ဒေသခံများကို လူသစ်စုဆောင်ဲးပြီး အင်အားဖြည့်တင်းလျှက်ရှိသည်။
KIA/KIO အနေဖြင့် အင်အားဖြည့်တင်းနေသော်လည်း တပ်မတော်မှ NCA ကိစ္စနှင့် ပက်သက်၍ စစ်ရေးအရ ဖိအားပေးမှာ မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် အမြဲတမ်း ကြိုဆို နေမည်ဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် မြစ်ကြီးနားသို့ ရောက်ရှိကာ ကချင်လူထု ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပြောကြားခဲ့သည်။
ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း အမုန်းမပွား အာဂါတမထားပဲ တူညီသော နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်ကို အတူတကွလက်တွဲကာ လျှေက်လှမ်းကြဖို့ ဖိတ်ခေါ်အပ်ပါသည်။ သို့မှသာ ကချင်ပြည်နယ်အတွင်း တောင်ပေါ်ဒေသများအထိ အလျှင်အမြန်အရှိန်အဟုန်ဖြင့် တိုးတက်ကာ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဥမကွဲ သိုက်မပျက်ဖြင့် ရောက်ရှိ နိုင်မည်ဖြစ်ကြောင်း ကချင်တိုင်းရင်းသား ညီအကိုမောင်နှမများအား ရင်းနှီးခင်မင်စွာဖြင့် ပြောလိုက်ပါရစေ။
ဆန်းအောင် (မြစ်ကြီးနား)
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment