Saturday, October 17, 2015

တောင်ကုတ်မှာ ပရိသတ်က ဘင်္ဂါလီအရေးကို မေးတော့ ဒေါ်စုခင်မျာ မရှုနိုင် မကယ်နိုင်ဖြစ်ပြီး နောက်ဆုံး "ဒါတွေက အဖွဲ့အစည်းတစ်ခုက လုပ်နေတာ" ဆိုတဲ့စကားနဲ့ ပုတ်ချသွားတယ်လို့ သိရတယ်။

တောင်ကုတ်မှာ ပရိသတ်က ဘင်္ဂါလီအရေးကို မေးတော့ ဒေါ်စုခင်မျာ မရှုနိုင် မကယ်နိုင်ဖြစ်ပြီး နောက်ဆုံး "ဒါတွေက အဖွဲ့အစည်းတစ်ခုက လုပ်နေတာ" ဆိုတဲ့စကားနဲ့ ပုတ်ချသွားတယ်လို့ သိရတယ်။

ဒီနေရာမှာ အဖွဲ့အစည်းတစ်ရပ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

သိရသလောက် ဘင်္ဂါလီအရေးကို ဆောင်ရွက်တာ Burma Campaign UK ရှိတယ်။ ဋ္ဌေးလွင်ဦးတို့ ရိုဟင်ဂျာလူငယ်များဆိုတဲ့အဖွဲ့ရှိတယ်။ မလေးရှားမှာ အဖွဲ့တစ်ဖွဲ့ရှိတယ်။ ဒီလူတွေနှင့် ပြည်တွင်းက ထွန်းအောင်၊ US က ဝါကာဥူဒင်တို့ပေါင်းပြီး movement တစ်ခုရှိတယ်။ တစ်ခါ terrorist group လိုလို၊ သူပုန်လိုလို RSO ရှိတယ်။

ဒေါ်စုက ဘယ်သူ့ကို ရည်ညွှန်းတာပါလဲ။ အကယ်၍ ဒေါ်စုဆိုလိုတဲ့သဘောက ဘင်္ဂါလီပြဿနာဆိုတာ မရှိပါဘူး၊ အစိုးရတွဲဖက်အဖွဲ့အစည်းတစ်ခုက မှိုင်းတိုက်တာပါဆိုရင် အထက်ကအဖွဲ့တွေက ဘာတွေလဲ။
ဘင်္ဂါလီအရေးနှင့်ပတ်သက်ရင် အစိုးရဖွဲ့မယ်လို့ ခံယူထားတဲ့ပါတီအနေနဲ့ ဒီအကျပ်အတည်းက ဘယ်လိုဖြေရှင်းမယ်၊ ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတဲ့ မူဝါဒတွေကို ချပြနိုင်ရမှာဖြစ်တယ်။

အဓိက crisis သုံးခုဖြစ်တဲ့

၁။ boat people တွေကို လက်ခံမှာလား?
၂။ ဝှိုက်ကတ်တွေကို ဘယ်လိုစီမံမလဲ?
၃။ ရိုဟင်ဂျာကို အသိအမှတ်ပြုမှလား?

ဒါတွေ ဆွေးနွေးနိုင်ရမယ်။ crisis ကို ဖြေရှင်းနိုင်မယ့်လမ်းကြောင်းကို ချပြနိုင်ရမယ်။

"ဒါတွေက အဖွဲ့အစည်းတစ်ခုက လုပ်နေတာ" ဆိုတဲ့စကားတစ်ခွန်းနဲ့ တစ်ဖက်ကိုပုတ်ချပြီးရှောင်ထွက်တာက ကလေးကလားဆန်တယ်။ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ပြီး ဖြေရှင်းတတ်သူမဟုတ်ကြောင်း ထင်ရှားတယ်။

boat people ပြဿနာ၊ ဝှိုက်ကဒ်ပြဿနာက ဘယ်အဖွဲ့အစည်းကမှ လုပ်တာမဟုတ်ဖူး။ မြန်မာတစ်ပြည်လုံး အကျပ်အတည်းပြဿနာ။

ဘင်္ဂါလီပြဿနာကတော့ မေးခွန်းထုတ်ရင် ဆုံးမှာတောင် မဟုတ်ဘူး။

"ပြည်ပက ဌေးလွင်ဦးတို့ရဲ့ လှုပ်ရှားမှုတွေကို အန်တီအသိအမှတ်ပြုပါသလား?" ဆိုတဲ့ မေးခွန်းတစ်ခုပဲ အဆုံးသတ်မေးချင်တယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: