Thursday, October 8, 2015

လက်တွေ့ ဘာလုပ်ပြခဲ့သလဲ ဆိုတာက သူ ဘာပြောနေသလဲ ဆိုတာထက် အရေးကြီးပါတယ်။ ----- ----- ----- ----- -

လက်တွေ့ ဘာလုပ်ပြခဲ့သလဲ ဆိုတာက သူ ဘာပြောနေသလဲ ဆိုတာထက် အရေးကြီးပါတယ်။
----- ----- ----- ----- -----
" အခု ဒေါ်အောင်ဆန်းစုကြည် ပြောနေတယ်။ NLD ပါတီနိုင်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ် လေကြီးမိုးကြီး လျှောက်ပြောနေတယ်။ ပါးစပ်ပါလို့ ပြောနေတာ လို့ ကျွန်တော်တို့က ယူဆတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကားကို ဗိုလ်ချုပ် နှစ်တစ်ရာပြည့် မွေးနေ့အမီ ရိုက်မယ် ပြောတယ်။ ပိုက်ဆံ သိန်းထောင့်ငါးရာ ပြောင်သွားတယ်။ ဘယ်မှာလဲ ရုပ်ရှင်။
အဂတိကင်းအောင် လုပ်ပါ့မယ် ပြောတယ်။ ဒီလှိုင်းဂျာနယ် သိန်းငါးထောင် ပျောက်သွား တယ်။ NLD ကိုယ်စားလှယ်တစ်ယောက် လမ်းခင်းပေးပါမယ် ဆိုပြီး သိန်းရှစ်ရာ ဖြောင်တယ်။
လူနည်းစုမို့လို့ လွှတ်တော်ထဲ ဘာမှ လုပ်လို့ မရပါဘူး ပြောတယ်။ ဦးသိန်းညွန့်တို့ ဘယ်လို ပြောမလဲ။ ဒေါ်ညိုညိုသင်းတို့ ဘယ်လိုလုပ်မလဲ။
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲပြီးကတည်းက လွှတ်တော်ထဲ ၀င်သွားတာ။ ဇေယျာသော် ဆိုရင် ဖိနပ်ကိုင် ထီးကိုင် အဆင့်ကကို တက်မလာပါဘူး။ ဦးဝင်းထိန် အရေးကြီးအဆို တင်တာက ခေါင်းပေါင်း ချွတ်ဖို့။
ရိုင်းရိုင်းပြောရရင် မျိုးစောင့်ဥပဒေတွေကို ကန့်ကွက်ပြီး ပြည့်တန်ဆာ တရားဝင် အခွင့်အရေး တောင်းဆို ခဲ့တာ NLD ပါတီပဲ။ ဒါတွေက အမှန်တွေပဲ။
တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌတဲ့။ ပါးစပ်က တရားဥပဒေစိုးမိုးရေး လျှောက်ပြောနေတာ။ သူလုပ်တာတွေက အကုန်လုံး ဥပဒေ ချိုးဖောက်နေတာ။ ကျင့်ဝတ်လည်း မသိ။ အခြေခံဥပဒေလည်း နားမလည်။ ဘယ်သိမလဲ။ ပါးစပ်က ပြောကောင်းတိုင်း ပြောနေတာ။
NLD အမတ်ပေါင်း ၄၀ ကျော်ရှိတဲ့ လွှတ်တော်ထဲမှာ ဘာများ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့လို့လဲ။ တာဝန်မကျေရင် ဖြုတ်ပစ်မယ် ပြောတယ်။ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခွင့်ကို ကန့်ကွက်ခဲ့တဲ့ ပါတီဖြစ်တယ်။ ပြောရရင်တော့ အများကြီးပါ။
ဒေါ်အောင်ဆန်းစုကြည် လျှောက်ပြောနေတာတွေ ကျွန်တော်တို့ကတော့ မယုံဘူး။ လက်တွေ့ ဘာလုပ်ပြခဲ့သလဲ ဆိုတာက သူ ဘာပြောနေသလဲ ဆိုတာထက် အရေးကြီးပါတယ် " ဟု အမျိုးသားဝံသာနု လူငယ်ကွန်ရက်မှ ကိုရဲခေါင်က ပြောပါတယ်။

Read More : https://www.facebook.com/tu.ta.14019338/posts/378550135688364



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: