Thursday, October 22, 2015

မဘသမှ ဆရာတော်များ နိုင်ငံရေးနယ်ပယ်အပေါ် စွက်ဖက်သည့်စကားများ ပြောဆိုခြင်းကြောင့် တိုင်ကြားခံရ ------------------------------------------

မဘသမှ ဆရာတော်များ နိုင်ငံရေးနယ်ပယ်အပေါ် စွက်ဖက်သည့်စကားများ ပြောဆိုခြင်းကြောင့် တိုင်ကြားခံရ
------------------------------------------

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော်များသည် ကျေးရွာများတွင် မျိုးစောင့်ဥပဒေ ရှင်းလင်းပွဲလုပ်မည်ဟု ဆိုကာ နိုင်ငံရေးနယ်ပယ်အပေါ် ဝင်ရောက်စွက်ဖက်သည့် စကားများ ဟောပြောခြင်းကြောင့် ဒေသခံ ကျေးရွာသားများက မြို့နယ်သာသနာရေး ဦးစီးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ စာတင် တိုင်ကြားထားကြောင်း ကလေးမြို့ NLD ပါတီ အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းက ပြောကြားသည်။

ကလေးမြို့နယ်ရှိ ထိုမာကျေးရွာ၊ အရှေ့စည်းရွာ၊ ဇင်းကလင်းရွာ၊ ကျောင်းတိုက်ရွာ များတွင် မဘသအဖွဲ့ဝင် ဆရာတော်များသည် မျိုးစောင့်ဥပဒေနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် မျိုးစောင့်ဥပဒေကို ရှင်းလင်းရုံသာမက နိုင်ငံရေးနယ်ပယ်ကို ဝင်စွက်ဖက်သည့် စကားများ ပြောဆိုခြင်းကြောင့် အရှေ့စည်းကျေးရွာနှင့် ကျောင်းတိုက်ကျေးရွာမှ ကျေးရွာသူ ကျေးရွာသားများသည် အောက်တိုဘာ ၁၈ ရက်က ကလေးမြို့ မြို့နယ်သာသနာရေး ဦးစီးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ ရပ်ရွာအတွင်း ငြိမ်ဝပ်ပိပြားရေးနှင့် ကျေးရွာအတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်စေပါသည် ဟုဆိုကာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အရှေ့စည်းရွာတွင် ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေ ရှင်းလင်းပွဲနှင့် ကျောင်းတိုက်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေ ရှင်းလင်းပွဲတွင် နိုင်ငံရေးနယ်ပယ်အပေါ် ဝင်စွက်ဖက်သည့် စကားများ ပြောခဲ့သည့် အထောက်အထားများ အဖြစ် ဗီဒီယိုခွေများ ရိုက်ယူထားပြီး အခြားသက်သေများလည်း ရှိသည်ဟု ဦးကျော်ဆန်းက ဆိုသည်။

ကလေးမြို့ ထိုမာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အောက်တိုဘာ ၁၈ ရက် ညနေ ၆ နာရီမှ ၉ နာရီအထိပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေ ရှင်းလင်းပွဲတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ့မှ ဘုန်းကြီးများသည် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးဘာသာအတွက် မယုံရသည့်သူများ အဖြစ် ခပ်ပါးပါး ပုံဖော်ဟောပြောခဲ့မှု အပေါ် ကျေးရွာသားအများစုက မကျေနပ်ကြဘဲ အမေး၊အဖြေ ကဏ္ဍပါသည်ဟူ၍ မေးဖို့ အားခဲနေကြစဉ် မည်သည့်ကိစ္စအမျှ မမေးလိုက်ရဘဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း၊ ပွဲအပြီး ပရိသတ်များ ပြန်သွားသည့်အချိန်မှ မေးခွင့်ရခဲ့ကြပြီး မျိုးစောင့်ဥပဒေကို ထောက်ခံသော်လည်း မရေရာသော အချက်များကို ကိုးကားပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် လူအများ ယုံမှားသံသယ ဖြစ်ရန် ဟောပြောခြင်းများကို အဓိကထား မေးမြန်းကြသော်လည်း ကြေလည်အောင် အဖြေမပေးဘဲ ဆရာတော်များ ပြန်ကြွသွားကြောင်း အဆိုပါပွဲ တက်ရောက်ခဲ့သည့် ထိုမာကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောကြားသည်။


NLD  ကိုယ်တိုင်ကသံဃာများနိုင်ငံရေးထဲရောက်အောင်ဆွဲခေါ်နေတယ်  သေချာပြန်စဉ်းစားပါ    မြန်မာနိုင်ငံအမျိုးသားရေးအတွက်ဘာမှစိုးရိမ်စရာမရှိအောင်လုပ်ပေးမည့်မူဝါဒကိုအများသိအောင်ချပြသင့်တယ်  နိုင်ငံရေးသမားသည်အမျိုးသားရေးအကြောင်းပြောရမှာလုပ်ရမှာကြောက်ရွံ့ရှက်နေမည်ဆိုလျင်လဲနိုင်ငံရေးသမားမလုပ်စားနေနှင့်   အမျိုးသားရေးအခြေခံစိတ်မှမရှိလျင်လဲမြန်မာနိုင်ငံကိုကျောခိုင်းလိုက်တာအကောင်းဆုံးပဲ   မဘသ သံဃာများနှင်ပြည်သူများ ဘာကြောင့်စိုးရိမ်ပြီးလုပ်နေသလဲဆိုတာလဲစဉ်းစားပါဦး    အာဏာရှင်နှင့်ပူပေါင်းတယ်ဆိုပြီးအမြဲပဲသံသယဝင်နေတော့မှာလား    တဘက်ထဲအမြဲကြည့်တယ်     သံဃာများကိုနိုင်ငံရေးကစားကွက်ထဲရောက်လာအောင်လုပ်တာNLDဖြစ်နေတယ်ဆိုတာစဉ်းစားမိရဲ့လား    သံဃာများကိုအာဏာရှင်ကရိုက် NLDကဆဲမကောင်းကြောင်းပြော  သံဃာများ၏စိုးရိမ်စိတ်ကိုကြီးထွားအောင်လုပ်တယ်  မြင်သင့်နေပြီး



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: