Friday, October 9, 2015

သမ္မတနှင့် ပတ်သက်၍ ကဗျာရေးသားခဲ့သူကို ဥပဒေကြောင်းအရ အရေးယူမည်ဟုဆို

သမ္မတနှင့် ပတ်သက်၍ ကဗျာရေးသားခဲ့သူကို ဥပဒေကြောင်းအရ အရေးယူမည်ဟုဆို

Byဥက္ကာကိုကို
Fri, 2015-10-09

လူမှုကွန်ရက် ဖေ့စ် ဘွတ်ခ်ပေါ်တွင် သမ္မတကိုအပုပ် ချသည်ဟု အထင်ရောက်စေမည့် ကဗျာစာသားတစ်ခု ရေးသားခဲ့ သည့် မှော်ဘီ NLD လူငယ်တစ် ဦးကို ဥပဒေကြောင်းအရ အရေး ယူဆောင်ရွက်မည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

Maung Saungkha အမည် ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ လူငယ် က ၎င်း၏ စာမျက်နှာပေါ်တွင် ‘ပုံရိပ်’အ မည်ရှိ ကဗျာတိုတစ်ပုဒ် တင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ကဗျာ တွင် ‘‘ငါ့ရဲ့ ××× မှာ သမ္မတ ကြီးပုံ တက်တူးနဲ့၊ ငါ့ချစ်ဇနီးဟာ ငါနဲ့ လက်ထပ်ပြီးမှ ငါ့ကိုအော့နှလုံး နာလို့မဆုံး’’ဟူသည့် စာသားများ ပါဝင်ခဲ့သည်။

အဆိုပါ ရေးသားချက်နှင့် ပတ်သက်၍ မေးမြန်းမှုကို သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ‘‘ဥပဒေကြောင်းအရ အရေး ယူဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ပြန်လည်ဖြေကြား သည်။ ‘‘မောင်ဆောင်းခ အမည်ခံ မှော်ဘီ NLD ပါတီလူငယ်ဟု သိ ရှိရသူတစ်ဦး၏ စိတ်ဓာတ်နှင့်မိုက် ရိုင်းမှု၊ နိုင်ငံရေးပါတီတစ်ရပ်အ နေဖြင့် ဤသို့ ဆောင်ရွက်ရန် မ သင့်ပါ။ ဤလုပ်ရပ်အတွက် တာ ၀န်ယူဖို့သာ ပြင်ထားပါ’’ ဟု ဦးဇော်ဌေးက ၎င်း၏ Hmuu Zaw ဖေ့စ်ဘွတ်ခ် အကောင့်တွင် ပြန်လည်တုံ့ပြန်ရေးသားခဲ့သည်။

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် သုံးစွဲသူများကလည်း အဆိုပါရေး သားချက်နှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများရှိခဲ့ကာ ‘‘ကိုယ့် ကြောင့် NLD သိက္ခာမကျပါစေနဲ့’’ ‘‘မင်းတို့လုပ်ပုံက ကိုယ့်အဖွဲ့အ စည်းကိုယ် သိက္ခာချသလိုဖြစ်နေ ပြီ’’ စသည်ဖြင့် မှတ်ချက်များ ရေးသားခဲ့ကြသည်။

အတိုက်အခံ ဖေ့စ်ဘွတ်ခ် သုံးစွဲသူ အချို့ကလည်း ‘‘ကမ္ဘာ ပေါ်မှာ သမ္မတက တစ်ယောက် ပဲရှိလို့လား’’ ‘‘အမေရိကန်သမ္မတ ကို ပြောတာနေမှာပေါ့’’စသည် ဖြင့် ပြန်လည်တုံ့ပြန်သည် မှတ် ချက်များ ရေးသားခဲ့ကြသည်။ Maung Saungkha သို့ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရခဲ့ပေ။


7Day



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: