ယူရို ၂၀၁၆ အုပ်စုခြေစစ်ပွဲ ပေါ်တူဂီတို့ ဆားဗီးယားကိုနိုင်
======================================
သီဟ
ယူရို ၂ဝ၁၆ အုပ်စုခြေစစ်ပွဲစဉ်များကို အောက်တိုဘာ ၁၂ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး အုပ်စု(I)မှ နောက်ဆုံးအုပ်စုပွဲစဉ်အဖြစ် ဆားဗီးယားနှင့် ပေါ်တူဂီ တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်းက နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။
နည်းပြ ရာဒိုဗန်ကာဆစ်၏ ဆားဗီးယားအသင်းသည် ၄-၅-၁ ကစားကွက်ဖြင့် ပွဲထွက်လာပြီး အဒမ်အယ်လ် ဂျာဂျစ်ကို အထောင်ထားခဲ့သည်။ နည်းပြ ဖာနန်ဒိုဆန် တို့စ်၏ ပေါ်တူဂီအသင်းမှာ ၄-၃-၃ ပုံစံဖြင့်ပွဲထွက်လာပြီး စီရော်နယ်ဒို မပါဝင်ဘဲ တိုက်စစ်ပိုင်းတွင် ဂျို့စ်စီမီဒို၊ နာနီ၊ ကွာရက်စ်မာတို့ပါဝင်လာသည်။
ပွဲစပြီး ၆ မိနစ်တွင် ဒန်နီ ဖန်တီးပေး၍ တိုက်စစ်မှူး နာနီက ပေါ်တူဂီအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းပွဲချိန် ၆၅ မိနစ်တွင် ကွင်းလယ်ကစားသမား ဇိုရန်တိုဆစ်က ဆားဗီးယားအတွက် ချေပဂိုးသွင်းယူခဲ့သည်။ ပွဲချိန် ၇၈ မိနစ်တွင် လူစားဝင်လာသော မော်တင်ဟိုက ပေါ်တူဂီအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။ ဆားဗီးယား နောက်တန်းကစားသမား ကိုလာရော့အား မိနစ် ၈ဝ တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့ပြီး ၈၁ မိနစ်တွင် ကွင်းလယ် လူ မာတစ်ကိုတိုက်ရိုက်အနီဖြင့် ထပ်မံထုတ်ပယ်ခဲ့သည်။
ဆားဗီးယားအသင်း နှစ်ယောက်လျော့ဖြင့် ချေပဂိုးမသွင်း ယူနိုင်ဘဲ ပွဲပြီးချိန်တွင် နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
အုပ်စု(I)မှ တခြားပွဲစဉ်အဖြစ် အယ်လ်ဘေးနီး ယားက သုံးဂိုး-ဂိုးမရှိဖြင့် အာမေးနီးယားကို အနိုင်ရရှိခဲ့ သည်။
ရှစ်ပွဲကစားအပြီး ပေါ်တူဂီအသင်းသည် ရမှတ် ၂၁ မှတ်နှင့် အယ်လ်ဘေးနီးယားအသင်းက ရမှတ် ၁၄ မှတ် ရရှိကာ ခြေစစ်ပွဲအောင်မြင်သွားသည်။
အုပ်စု (D)မှ ဂျာမနီကနှစ်ဂိုး-တစ်ဂိုးဖြင့် ဂျော်ဂျီရာ ကိုအနိုင်ရပြီး စကော့တလန်က ခြောက်ဂိုး-ဂိုးမရှိဖြင့် ဂျီဘရေလ်တာကို အနိုင်ရခဲ့သည်။ ပိုလန်ကနှစ်ဂိုး-တစ်ဂိုး ဖြင့် အိုင်ယာလန်ကိုအနိုင်ရခဲ့သည်။ ၁ဝ ပွဲ ကစားအပြီး ဂျာမနီအသင်းရမှတ် ၂၂ မှတ်နှင့် ပိုလန်က ရမှတ် ၂၁ မှတ်ရရှိပြီး ခြေစစ်ပွဲအောင်မြင်သွားသည်။
အုပ်စု (F) မှ ရိုမေးနီးယားက ဖာရိုကျွန်းစုကို သုံးဂိုး-ဂိုးမရှိဖြင့်အနိုင်ရပြီး ဖင်လန်နှင့် မြောက်အိုင်ယာလန်မှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သည်။ ဂရိက လေးဂိုး-သုံးဂိုး ဖြင့် ဟန်ဂေရီကိုအနိုင်ရခဲ့သည်။ ၁ဝ ကစားအပြီး မြောက် အိုင်ယာလန်သည် ရမှတ် ၂၁ မှတ်နှင့် ရိုမေးနီးယားက ရမှတ် ၂ဝ ရရှိပြီး ခြေစစ်ပွဲအောင်မြင်သွားသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment