မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် ဂျာမန်နည်းပြ ဂတ်ဆီဇီကို ပြောင်းလဲခန့်အပ်
==================================
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) အနေဖြင့် မြန်မာ့ လက်ရွေးစင်အသင်း လာမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးတွင် အောင်မြင်မှု ရရှိရေး၊ ပိုမိုကောင်းမွန်သည့် ခြေစွမ်းရရှိရေး၊ ကစားသမားကောင်းများ ပေါ်ထွက် လာရေးတို့အတွက် လက်ရှိနည်းပြ အဗရာမိုဗစ် နေရာတွင် ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ၀င်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဂျာမန် နည်းပြ ဖရိုင်းဒရစ် ဂတ်စ်ဆီဇီအား ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်ကာ အစားထိုး တာဝန်ပေး ခန့်အပ်လိုက်ပြီ ဖြစ်သည်။
MFF သည် နည်းပြဟောင်း ရာဒီ အဗရာမိုဗစ်ခ်ျအား လစာ(၃)လစာ ပေးအပ်၍ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်း လိုက်ပြီး ဆာဘီးယား ကြံ့ခိုင်ရေး နည်းပြ လူကာ ကိုလည်း လစာ(၂)လစာ ပေးအပ်၍ စာချုပ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ မိုဗစ်ခ်ျသည် မြန်မာအသင်းကို ၂၀၁၄ ဖေဖော်ဝါရီမှ စတင်ကာ တာဝန်ယူခဲ့ရာတွင် ပွဲပေါင်း ၂၂ ပွဲကိုင်တွယ်ကြီးကြပ်ခဲ့ရာ နိုင်ပွဲ (၇)ပွဲ၊ သရေ (၄)ပွဲ၊ ရှုံးပွဲ (၁၁)ပွဲ ရလဒ် ထွက်ပေါ်ခဲ့သည်။
ဂျာမန်နည်းပြ ဂတ်ဆီဇီ တာဝန်ယူမည့် မြန်မာ့လက်ရွေးစင် အသင်းတွင် လက်ထောက်နည်းပြ အဖြစ် ဦးကြည်လွင် (မကွေးအက်ဖ်စီ)မှ ဆက်လက် ပူးပေါင်းတာဝန်ယူ ကိုင်တွယ်သွားမည် ဖြစ်ကြောင်းသိရှိရသည်
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment