Wednesday, October 21, 2015

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များအား တပ်မတော်ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေး

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များအား တပ်မတော်ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေး

မြစ်ကြီးနား၊ အောက်တိုဘာ ၂၀

ကချင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပူတာအိုဒေသ၊ ဆွမ်ပရာဘွမ်မြို့၊ နောင်မွန်မြို့၊ ခေါင်လန်ဖူးမြို့၊ ဆော့လော်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်များသို့ ယနေ့တွင် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်၊ ပြည်နယ်လွှတ်တော် ဆန္ဒမဲလက်မှတ်၊ တိုင်းရင်းသားလူမျိုး ဆန္ဒမဲလက်မှတ်၊ ကြိုတင်ဆန္ဒမဲစာအိတ်နှင့် မဲရုံခင်းကျင်းမှုပုံစံ ဗီနိုင်း၊ မင်အိုး၊ ရပ်/ကျေးလုပ်ငန်းလမ်းညွှန်၊ မဲရုံမှူး/ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်၊ မဲရုံလက်စွဲ စာစောင်၊ လုံခြုံရေးပလတ်စတစ်ကြိုးများ၊ မဲပုံးကပ်စက္ကူ များ၊ အပေါ်ဝတ်အင်္ကျီ၊ အရန်ဝတ်အင်္ကျီ၊ ပလတ်စတစ်ခြင်းတောင်း၊ ဆန္ဒပြုခန်း၊ ပီနံအိတ် ၄ မျိုး ၊ ဆန္ဒပြု တံဆိပ်တုံး၊၊ ချိပ်တောင့်၊ ချိပ်ထိုးတံဆိပ်၊ စတစ်ကာမျိုးစုံ အစရှိသည့် မဲရုံသုံးပစ္စည်းများအား တပ်မတော်ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: