Wednesday, October 21, 2015

ဒီနေ့ည .. ကျနော်တို့အာဆင်နယ်ရယ် တောင်ကန်မြောက်ကန်နဲ့ မြူးနစ်ကို နိုင်သွားလေရဲ့ !!

ဒီနေ့ည ..
ကျနော်တို့အာဆင်နယ်ရယ်
တောင်ကန်မြောက်ကန်နဲ့ မြူးနစ်ကို နိုင်သွားလေရဲ့ !!

မြူးနစ်က
ခြေသာပြီး တကယ်ကောင်းတာပါ !!
မြူးနစ်ကလာတဲ့ အသင်းဘဲနိုင်မယ်လို့ အားလုံးတွက်ထားတာ။

တကယ်တော့
တောင်ကန်မြောက်ကန်နဲ့
ကျနော်တို့ အာဆင်နယ်ဘဲ နိုင်သွားတာဘဲ ။

ဘောလုံးက
ခြေထောက်ထဲမှာ အမြဲရှိနေတိုင်း နိုင်တာမှမဟုတ်တာ။

အဲဒီလိုဘဲ
ဒေါ်အောင်ဆန်းစုကြည်လဲ
သွားလေရာ လူစုလူဝေး လုပ်နိုင်တိုင်း အစိုးရဖွဲ့နိုင်မှာမှမဟုတ်တာ။

သေချာတာကတော့
တောင်ကန်မြောက်ကန် အာဆင်နယ်လိုဘဲ
ကျနော်တို့ကြံ့ဖွတ်တွေဘဲ အစိုးရဖွတ်သွားမှာပါ (အဲ) ဖွဲ့သွားမှာပါ ။

-
-
-
-

ခိုင်ဇော်(ကြံ့ဖွတ်)



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: