ငြိမ်းချမ်းရေးသစ်ပင်
÷•÷•÷•÷•÷•÷•×•÷•÷•÷•÷•÷
သစ်တစ်ပင်ကောင်းရင်
ငှက်တစ်သောင်းနားသတဲ့။
ဒီနေ့ စိုက်ပျိုးလိုက်တဲ့
ငြိမ်းချမ်းရေးသစ်ပင်ဟာ
တိုင်းရင်းသားပြည်သူ
သန်းခြောက်ဆယ်ကို
အရိပ်အာဝါသ
ကောင်းကောင်းပေးနိုင်ဖို့
ရှင်သန်နေသော
ငြိမ်းချမ်းရေးသစ်ပင်
ဖြစ်ဖို့လိုသည်။
စံချိန်မမှီခင်
သင်းသတ် ခုတ်လှဲခြင်း
ခံလိုက်ရသော
သစ်ပင်တို့သည်
မတ်တပ်ပင်လျှင်
အရိပ်အာဝါသကင်းမဲ့ကာ
ခြောက်သွေ့ သေဆုံးရ၏။
ငြိမ်းချမ်းရေးသစ်ပင်
ထာဝရရှင်သန်နေစေရေး
တိုင်းရင်းသားပြည်သူတို့
ရေလောင်းပေါင်းသင်ကြ။
ဒီသစ်ပင်သေဆုံးစေရေး
အကြောင်းဖန်လာလျှင်
ပြည်သူ့အားနှင့်ကာကွယ်ကြ။
ဒီငြိမ်းချမ်းရေးသစ်ပင်
စိမ်းစိုလန်းဆန်းနေပါမှ
တို့ပြည်သူတွေအတွက်
အရိပ်ရပေလိမ့်မည်။
နောင်တော်လေး
၁၅ - ၁၀ - ၂၀၁၅
No comments:
Post a Comment