Sunday, October 11, 2015

ကြောက်လို့ထည့်သည့်မဲနှင့် ဆန်အိတ်၊ ကြက်၊ ဝက်၊ ပိုက်ဆံပေးကာဒံပေါက် ကျွေးပြီး ဝယ်ယူရ သည့်မဲမျိုးကို မလိုချင် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ***************************************************************

ကြောက်လို့ထည့်သည့်မဲနှင့် ဆန်အိတ်၊ ကြက်၊ ဝက်၊ ပိုက်ဆံပေးကာဒံပေါက် ကျွေးပြီး ဝယ်ယူရ သည့်မဲမျိုးကို မလိုချင် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော
***************************************************************
ရန်ကုန်၊ စက်တင်ဘာ ၁၀-ကြောက် လို့ထည့် သည့် မဲနှင့်ဆန်အိတ်၊ ကြက်၊ ဝက်၊ ပိုက်ဆံပေးကာ ဒံပေါက်ကျွေး ပြီး ဝယ်ယူရသည့်မဲမျိုးကို မလိုချင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက် ပွဲအသိ ပညာပေးဟောပြောပွဲတွင် ဒေါ် အောင်ဆန်းစုကြည်က ယင်းကဲ့ သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်မည့် ပါတီအချို့မှ ကိုယ်စား လှယ်လောင်းအချို့သည် ရွေးကောက် ပွဲကာလတွင် ပြည် သူများ၏ထောက် ခံမဲရရှိရန်အတွက် ပြည်သူများအား ဆန်အိတ်ပေး၍သော်လည်းကောင်း၊ ဆိုလာပြားများပေး ၍သော် လည်း ကောင်း၊ ဆန်အိတ်၊ ကြက်၊ ဝက်များ ပေး၍သော်လည်းကောင်း၊ ပိုက်ဆံ ပေး၍သော်လည်းကောင်း စည်းရုံး နေခြင်းအပေါ်လည်းကောင်း၊ ခြိမ်း ခြောက်မှုများသုံးပြီး မဲထည့်ခိုင်းသည့် ပြဿ နာများ ရှိလာနိုင်မှု အပေါ်
ဒေါ်အောင်ဆန်းစုကြည်က ယင်း ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''ပြည်သူက ကြောက်လို့ထည့် တဲ့မဲကိုလုံးဝမလိုချင်ဘူး။ နောက် တစ်ခုဝယ်ယူမှရတဲ့မဲကိုမ လိုချင်ဘူး။ ကျွန်မတို့ကဆန်အိတ် လဲမပေးနိုင် ဘူး၊ ဆိုလာလဲမပေးနိုင်ဘူး၊ ပိုက်ဆံ လဲမပေးနိုင်ဘူး၊ ယုံစွအဆုံးဒံပေါက် တောင်မကျွေးနိုင်ဘူးလို့ ပြောပါရစေ။ ဒီလိုတွေလုပ်ပြီးတော့မှ ရတဲ့ပြည်သူ တွေရဲ့ထောက်ခံမှုကိုမလိုချင်ဘူး။ အဖွဲ့ချုပ်ကို ယုံကြည်လို့ထည့်တဲ့ မဲ ကိုပဲလိုချင်ပါတယ်''ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ယင်းအပြင် အချို့အဖွဲ့အစည်း များအနေဖြင့် NLD သာရွေးကောက် ပွဲအနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ပါက လူ မျိုးခြား တိုင်းပြည်ဖြစ် သွားမည်ဟု ပြောကာ NLD ကိုမဲပေးရန် ပြည်သူ များကြောက်ရွံ့အောင် ပြောကြားနေ မှုရှိနေခြင်းအပေါ် ဒေါ်အောင်ဆန်း စုကြည်က ပြန်လည်မေးခွန်းထုတ်ခဲ့ သည်။

''အများပြည်သူရဲ့သဘောထား နဲ့မကိုက်ညီတဲ့ကိစ္စများ၊ ဆန္ဒကို ဆန့်ကျင်တဲ့ကိစ္စတွေ ဘယ်တော့မှ မဖြစ်ပေါ်နိုင်ဘူးလို့ ပြည်သူ လူထု ကိုပြောနိုင်ပါတယ်။ လုပ်ချင်တိုင်းလုပ်သွင်းချင်တဲ့သူသွင်းလို့ရတာ အာဏာရှင်အစိုးရများပဲ လုပ်လို့ရပါ တယ်။ ဒီလိုတွေပြောနေကြ တဲ့သူတွေ ဟာ ဒီမိုကရေစီသဘောတရားကို မသိလို့လား၊ စဉ်ချင်တုန်တရားမရှိ လို့လား၊ တစ်ဖက်အတွက် ဝါဒဖြန်ဖို့ လုပ်နေတာလားဆိုတာ ပြန်လည် မေးခွန်းထုတ်ရပါလိမ့်မယ်'' ဟု
ဒေါ်အောင်ဆန်းစုကြည် က ပြည် သူများ ကိုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိမိတို့ပါတီအနေဖြင့် ရွေးကောက် ပွဲတွင်အနိုင်ရရှိပြီး အစိုးရဖွဲ့ နိုင်ပါ က တင်မြှောက်မည့် သမ္မတလောင်း နေရာအတွက် စဉ်းစားထားပြီးဖြစ် ကြောင်း ယခုအချိန်တွင် ထုတ်ဖော် မပြော ကြားသေး နိုင်ကြောင်းနှင့် အ စိုးရအဖွဲ့ ဖွဲ့နိုင်ပါက အစိုးရအဖွဲ့ကို မိမိကသာ ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံ ကိုဦးဆောင်ရန် သမ္မတဖြစ်ရန်မလို ဟုထပ်လောင်းပြောကြားခဲ့သည်။

''သမ္မတဆိုတဲ့ဘွဲ့ရှိမှ နိုင်ငံကို ဦးဆောင်နိုင်မှာလား။ သမ္မတဆိုတဲ့ ဘွဲ့ရှိပြီးတော့ နိုင်ငံကိုဦးမဆောင်နိုင် တဲ့သူမျိုးတွေလဲရှိတာပဲ။ အဲဒီတော့ ကျွန်မသမ္မတဖြစ်ဖို့မလိုပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ် လောင်းပြောကြားခဲ့သည်။

YM
#Democracytoday



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: