Sunday, October 11, 2015

ရန်ကုန်တိုင်းတွင်အနီ မလွှမ်းရဘူး၊အစိမ်းပဲလွှမ်းရမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြငြိမ်းပြော ***************************************************************

ရန်ကုန်တိုင်းတွင်အနီ မလွှမ်းရဘူး၊အစိမ်းပဲလွှမ်းရမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြငြိမ်းပြော
***************************************************************

ရန်ကုန်။ ။အောက်တိုဘာ ၁၀ ။ ။ရန်ကုန်တိုင်းတွင်အနီးမလွမ်းရဘူး၊အစိမ်းသာလွှမ်းမိုးရမည်ဟု ပြည်ထောင်စုကြံ့ခိုင် ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦး မြငြိမ်းကပြောကြားလိုက်သည်။

အဆိုပါပြောကြားချက်ကို အောက်တိုဘာ၁၀ ရက်နေ့ နံနက်ပိုင်းကရန်ကုန်မြို့သင်္ဃန်း ကျွန်းမြို့နယ်သုဝဏ္ဏမြို့ဦးစေတီ အနီးရှိအားကစားကွင်းတွင်ပြုလုပ် သည့်လူထုဟောပြောပွဲ တွင်
ပြောကြားလိုက်ခြင်းဖြစ် ကြောင်းသိရသည်။
''ရန်ကုန်တိုင်းမှာအနီမလွှမ်း ရဘူး၊အစိမ်းပဲလွှမ်းရမယ်၊အ စိမ်းလွှမ်းတဲ့အတွက်အစိမ်းဆိုတဲ့ သဘာဝသတ္တိကနိုင်ငံတော်ဖွံ့ဖြိုး တယ်။သာယာတယ်၊အနီဆိုတာ အာဇာနည်ကုန်းကိုဗုံးခွဲ တာသွား ကြည့်၊၉ ရက် ၁ လ ၈၃ မှာ၊သီချင်း တစ်ပုဒ်ရှိတယ်။အာဇာနည် ကို ဗုံး ခွဲတာ ကျွန်တော် တို့လက်ချက် ပါ၊အာဇာနည်ဗုံးခွဲတာဇင်ဘိုတို့ လက်ချက်ပါ ဆိုပြီး၊အာဇာနည်ကုန်း ကြီးဘာဖြစ်သွားလဲ၊ အဲတော့ ဒီနေ့ အစိမ်း တွေကိုကြည့်။အများကြီး အင်မတန်အားရှိ စရာကောင်းပါ တယ်၊စည်းရုံးရေးဟော ပြောတယ်ဆိုတာပါတီမူ ဝါဒတွေကိုကျွန်တော်မပြောဘူး၊ ပါတီသဘောထားတွေကိုမပြော ဘူး၊အားလုံးသည်သိပြီးသား ၊ကျွန် တော်တို့ပြောရမှာ ဒီရွေးကောက်ပွဲ နိုင်ကိုနိုင်ရမယ် ဒါဘဲ''ဟုအမျိုး သားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌဖြစ် သူ၊သန်လျင်၊ကျောက်တန်း၊ခရမ်း၊ သုံးခွစသည့်လေးမြို့နယ်၏မျိုးသား လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးမြ ငြိမ်းကပြောသည်။

အဆိုပါလူထူတွေ့ဆုံ ပွဲတွင်အမျိုးသား လွှတ်တော်ကိုယ် စားလှယ်ဦး မြငြိမ်းက တောင်သူ လယ်သမားများအကျိုးစီးပွားအ တွက်လယ်ယာမြေဥပဒေသစ်ကို ၂၀၁၂ခုနှစ်တွင်ပြဌာန်းနိုင်ခဲ့ကြောင်းယင်းနှင့်ပတ်သက်ပြီး

''တောင်သူလယ်သမားတွေနဲ့ပတ် သက်ရင်နိုင်ငံတော်ရဲ့၇၀% ရာခိုင် နှုန်းဟာတောင်သူလယ် သမား ဖြစ် တယ်။ကျွန်တော် ကိုယ်တိုင် တောင်သူ လယ်သမားသားသ မီးပါ၊ကျွန်တော် ၈နှစ်သားမှာ တောမှာနေတယ်။ ဓားမြတိုက်ခံရ တယ်၊ပြန်ပေးဆွဲခံရ တယ်။တကယ့် တောသူတောင်သားစစ်ပါ။တောင် သူ ၇၀% ရာခိုင်နှုန်းကို ကျွန် တော်တို့ဘာအကျိုးပြုသလဲ။ ကျွန်တော်တို့ ဘာပြုပြင် လဲ။၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေကို ပြင်ပြီး ပြီ။၁၉၅၉ ခုနှစ်လယ်ယာမြေဥပဒေ ရှိတယ်။အဲဒီဥပဒေကို ကျွန်တော် တို့ဖျက်လိုက်ပြီ။လွှတ်တော် တက်ပြီးတဲ့နောက် ၂၀၁၂ ခုနှစ်မှာလယ်ယာမြေဥပဒေအသစ်၊ အဲဒီလယ်ယာမြေဥပဒေအသစ် က တောင်သူလယ်သမားတွေအတွက် ဘာများအကျိုးရှိလဲလို့တစ်ချို့က ဝမ်းတွင်းကမေးကောင်းမေးမယ်။
ကျွန်တော်ပြောမယ် ၁၉၅၉ ခုလယ်ယာမြေဥပဒေအရခင်ဗျား တို့လယ်တွေကို ရောင်းလို့မရဘူး။ ပေါင်လို့မရဘူး။ ငှားလို့မရဘူး၊သူ ဌေးဆီ သွားခြေသလုံးဖက်ပြီး ဒါ လေးတော့ယူထားပါ။အတိုး ရာခိုင် နှုန်းနဲ့ပေါ့၊ အဲတော့သူဌေးကစိတ် ညစ်တာပေါ့။အခု ၂၀၁၂ လယ် ယာမြေဥပဒေဒီထက်ပြုပြင်တာ ဘာမှမရှိဘူး။လယ်သမားတွေ ပိုင် တဲ့ဟာကိုငှားနိုင်တယ် ။ရောင်းနိုင်
တယ်။ ဝယ်နိုင်တယ်။ သားသမီးကို ပေးနိုင်တယ်။သို့သော် ပုံစံ(၇)တော့ရအောင်ယူထား။အဲဒီ ပုံစံ(၇)သည်အသက်ပဲ။အဲတော့ဒီထက် ကျွန်တော်တို့ကပြုပြင်ရ အုံးမလား၊ ပြောင်းလဲရအုံးမလား။ကျွန်တော် တို့ လေးနှစ်ခွဲအစိုးရပဲ ရှိပါသေး တယ်၊လေး နှစ်ခွဲကလေး တစ် ယောက်ကလမ်း လျှောက်တတ်ရုံပဲ ရှိသေးတယ်၊အဲဒီခြေ ထောက်ကိုတော့ ရိုက်မချိုးကြပါနဲ့။
၂၀၁၃ခုနှစ်မှာတောင် သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ကျွန်တော်တို့ ထုတ် လိုက်ပြီ၊ဒီဥပဒေ တွေဟာတကယ့် ကိုကျွန်တော်တို့က ၇၀% ရာခိုင်နှုန်းသောတောင်သူလယ်သမားတွေအတွက်၊ဒီထက်ပြုပြင် ပြောင်းလဲတာတော့မရှိတော့ဘူး၊'' ဟု ပြောကြားခဲ့သည်။

အဆိုပါမဲဆွယ်ဟောပြော ပွဲသို့ရန်ကုန်တိုင်းအတွင်းဝင် ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု
ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စား လှယ်လောင်းများအပြင် လူဦးရေခု နှစ်သောင်းခန့် တက်ရောက်ခဲ့ ကြောင်းဒဂုံမြို့သစ်တောင်ပိုင်း မှတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်အဖြစ်ဝင်ရောက်ယှဉ် ပြိုင်မည့်ဦးနေဝင်းဆွေကပြော သည်။

''ကျွန်တော်ဆောင်းပါးတွေဖတ်ရပါတယ်၊ဧည့်စာရင်းတိုင်တာဟာ ပြည်သူတွေ ကိုနှိပ်စက်တာ၊စစ်အစိုးရ ကလုပ်သွားတာတဲ့၊ စဉ်းစားကြည့် ပါ စစ်အစိုးရကနှိပ်စက်သွားတဲ့ဥပဒေ။ဒါကြောင့်မို့လို့ဒီဥပဒေကို ဘာလုပ်ရမယ်ညာလုပ်ရမယ်ပေါ့။ ကျွန်တော် ပြော ချင် တယ် ။အဲဒီဥပဒေက စစ်အစိုးရကနှိပ်စက်သွားတဲ့ဥပဒေမဟုတ်ဘူး အဲဒီဥပဒေက၊တစ်ချိန်အင်္ဂလိပ်က အုပ်ချုပ်သွားတဲ့အချိန်မှာ အင်္ဂလိပ်က ကျွန်တော်တို့ဆီမှာ ကျေးရွာ ဥပဒေဆိုတာရှိတယ်၊မြို့ပေါ်မှာလဲ မြိ့ဥပဒေဆိုတာရှိ တယ်၊ကျေးရွာမှာကျေးရွာသူကြီး သည်အဲဥပဒေနဲ့အုပ် ချုပ်တာဖြစ်တယ်၊ကျွန်တော် ၈ နှစ်သား ရှင်ပြုမယ့်ဆဲဆဲမှာ ဓားမြတိုက်ခံရတယ်၊ဒါကဘာလဲဆိုရင်တည်ငြိမ် မှုမရှိလို့၊အခုဒီထက်တည်ငြိမ်ရအုံးမလား၊ဒါသည်စစ်အုပ်ချုပ်ရေး လက်ထက်ကတည်းက ပြည်သူတွေကိုနှိပ် စက်ခဲ့တဲ့ဥပဒေမဟုတ်ဘူး၊ပြည်သူတွေ ကိုကာကွယ်ပေးတဲ့ဥပဒေလို့ပြည်သူတွေ သဘောပေါက်ရင် ဒီနေ့လာတရားဟောရတာကျေနပ်တယ်၊တစ်ချို့တောင်ပေါ်ဒေသက လူတွေကဧည့်စာရင်းမတိုင်ပါနဲ့တဲ့ အမေရိကမှာမရှိဘူး။ဘယ် မရှိဘူး၊ညာမရှိဘူးလုပ်တယ်။ အဲမှာသွားနေလို့ကျွန်တော်ပြောလိုက် တယ်၊မြန်မာပြည်ကိုလာမနေနဲ့ လို့။ မြန်မာပြည်မှာနေရင်မြန်မာပြည်ရဲ့ဥပဒေကိုတော့လိုက်နာရမှာပေါ့၊ဒါဥပဒေကပြောတာ ကျွန်တော်ဘာမှ ကိုယ်
ကျိုးပြောတာမဟုတ်ဘူး၊ဒါလဲ ကျွန်တော်တို့လူတွေသိထားမှတစ်ဘက်ကလူ ကပြော
လာတဲ့အခါမှာ ပြန်ပြောနိုင် ရမယ်''ဟုယင်း ကဆက်လက်ပြောသည်။

TS
#Democracytoday



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: