ဒီမိုကရေစီးအော်နေသူများမသိတာလား
ကပစ ဆိုတာ ကျောက်ပြားစက်ရုံ မဟုတ်သလို ကားပစ္စည်းစက်ရုံလဲ မဟုတ်ဘူးကွယ့် ...
စစ်သားအချင်းချင်းတောင် ဝင်ခွင့်ရှိသူမှဝင်လို့ရတဲ့ ဧရိယာကိုမှ မောင်ရင်တို့က မဲဆွယ်ခွင့်တောင်းတယ်။ ဟိုကမပေးတော့ မီဒီယာအကူအညီယူပြီး ငိုချင်းချပြတယ်။ မောင်ရင်တို့လုပ်ပုံ ကောင်းသေးရဲ့လား...
မောင်ရင်တို့ သိပ်အထင်ကြီးတဲ့ ဒီမိုကရေစီ ဘိုးအေ အမေရိကားမှာ Area 51 ဆိုတာ ဘယ်နားရှိမှန်းတောင် မသိရဘူးကွယ့်။ မေးရင်ကော ဖြေမယ်ထင်သလား။..
ကျန်တဲ့ ပါတီကိုးဆယ်ကျော် ဘာအသံမှ မထွက်ဘူး။ မောင်ရင်တို့ပဲ တစ်မျိုးပြီးတစ်မျိုး ဆပ်စလူးနတ်ပူးနေတယ်။ ရွေးကောက်ပွဲလဲ မြန်မြန်ပြီးပါမှ၊ မောင်ရင်တို့လဲ မြန်မြန် အာဏာရပါမှ။ နို့မဟုတ်ရင် မျက်စိတွေ နောက်လွန်းလို့ပါ။
မြန်မြန်အာဏာရ၊ သောက်ချိုးမပြေတာ တွေ့တာနဲ့ သူတို့စကားအတိုင်း မြန်မြန်ပြန်ဖြုတ်ချ။ မဆင်းရင် အာဏာပြန်သိမ်းလိုက်။ အားလုံး ခွေးတူတူဖြစ်ကြတာပေါ့။ အေးတာပဲ ...
No comments:
Post a Comment