အောက်တိုဘာ ၈ တွေးစရာလေးများ
===========================
၁။ စင်ကာပူအစိုးရဆန့်ကျင်မှုကို နှစ်ပေါင်းများစွာလုပ်ခဲ့လို့ ထောင်ချခံထားရသူတစ်ယောက်ကို နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်း တင်သွင်းခဲ့ပြီး နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကလဲ လက်ခံခဲ့ပါတယ်။ ဆုရနိုင်ခြေကတော့ ရာခိုင်နှုန်းအရမ်းနည်းပေမယ့် ဒီသတင်းဟာ အာရှဒေသအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဘယ်လိုလူတွေကိုပေးလဲ ဆိုတာကို မီးမောင်းထိုးပြတဲ့ သတင်းဖြစ်သွားပါတယ်။
၂။ အမျိုးသားတိုးတက်ရေးပါတီ နိုင်ရင် လွှတ်တော်မှာ သံဃာတော်များမဲပေးခွင့်ရရန် အဆိုတင်မယ်လို့ ဒေါက်တာနေဇင်လတ်က ပြောခဲ့ပါတယ်။ သတင်းနဲ့အတူ စိတ်ဝင်စားစရာက ဒီကိစ္စဟာ ထိခိုက်ပွန်းရှလွယ်တဲ့ ကိစ္စမို့လို့ Highlight လုပ်ပြီး မဖော်ပြဖို့၊ အလွတ်သဘော ပြောတာဖြစ်ကြောင်း အင်တာဗျူးချိန်မှာ ဒေါက်တာနေဇင်လတ်က ပြောခဲ့ပေမယ့် ဂျာနယ်က သတင်းထဲ မှာ ဒါကို အသားပေး ဖော်ပြခဲ့တယ်။ အမျိုးစောင့်ဥပဒေအောင်ပွဲမှာ သီတဂူဆရာတော်ဘုရားကြီးနဲ့ ပွဲရဲ့ ပုံရိပ်ကို သေးသိမ်အောင် လုပ်ခဲ့တာ၊ ဘက်လိုက်ဖော်ပြတာ၊ အပုပ်ချ ဖော်ပြတာတွေ များနေတဲ့ မီဒီယာလောကရဲ့ နောက်ထပ်ဥပမာ တစ်ခု ဖြစ်လာပါတယ်။
၃။ ကျွန်မ အခိုင်အမာပြောချင်တာက NLD ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင် အစိုးရဖွဲ့သွားမယ် ကျွန်မက အစိုးရအဖွဲ့ကို ဦးဆောင်မယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားဟာလဲ ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။ သမ္မတထက် အာဏာပိုရှိတဲ့ ပါတီခေါင်းဆောင် ဖြစ်လာမယ့်အပြင် အစိုးရသာ တကယ်ဖွဲ့နိုင်ခဲ့လို့က ကျန်တဲ့ပါတီတွေရော၊ ပါတီအချင်းချင်းထဲမှာကို ပြဿနာပေါင်း များစွာ ဖြစ်လာနိုင်တဲ့ စကားလို့ သတ်မှတ် နိုင်ပါတယ်။
၎။ Facebook မှ တစ်ဆင့် ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်သူကို တိုင်တန်းဆိုတဲ့ သတင်းကတော့ အားလုံး အတွက် သတင်းကောင်းပါပဲ။ မကြာသေးခင်က အကောင့်ခိုးတဲ့အဖွဲ့ကို ဖမ်းပြီး ရဲစခန်းအပ်ခဲ့တဲ့ ဗီဒီယိုဖိုင် တစ်ခုကလဲ ပျံ့နှံ့ခဲ့ပါသေးတယ်။ အခုလို တရားဝင် အမှုဖွင့် တိုင်လို့ရနိုင်မှန်း လူများများသိလေ ကောင်းလေ ပါပဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပုံကို မဖွယ်မရာလုပ်သူကိုလည်း နာမည်အတိအကျနဲ့ တိုင်တန်း ထားပေမယ့် ဘယ်လိုအရေးယူမှုတွေ လုပ်မလဲဆိုတာ ဆက်စောင့်ကြည့်ရမှာပါ။
၅။ တာချီလိတ်မှာ တစ်လင်တစ်မယား ဥပဒေနဲ့ အမှုဖွင့်တဲ့သတင်းတက်လာတော့ လတ်တလော ဒီဥပဒေနဲ့ အမှုဖွင့်တာ တွေ့မိတာ ၂ ခု ရှိသွားပါပြီ။ မိန်းမရှိလျှက်နဲ့ အရင်လို နောက်မီးလင်းဖို့ ရှေ့နေနဲ့ အကြောင်းပြ ချက် ကောင်းကောင်းတော့ လိုတော့မှာပါ။ ဒါကို အမျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ခဲ့ခြင်းကြောင့် မြန်မာအမျိုးသမီးများ ရလာတဲ့ အသီးအပွင့်လို့ ပြောနိုင်ပါတယ်။
၆။ လမ်းပိတ်ရပ်တဲ့ NLD မဲဆွယ်ကားကို ဓာတ်ပုံရိုက်ပြီး ယာဉ်ထိန်းကို တိုင်ထားတဲ့ Viber မက်ဆေ့ခ်ျ ဓာတ်ပုံ များကလဲ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းသော လူစုများ၊ ဆူညံပွက်လောရိုက်နေမှု ကြောင့် စိတ်ညစ်နေသော သူများ၊ လမ်းပိတ်ကားပိတ်၊ မြင်သမျှ စတစ်ကာ အကပ်ခံနေရတဲ့ မင်းမဲ့စရိုက်အစပျိုးမှုတွေကို ပထမဆုံး ဥပဒေနဲ့အညီ ဖြေရှင်းရန်ကြိုးပမ်းမှု ဖြစ်နိုင်ပါတယ်။
၇။ ဆီးရီးယားမှာ ခြေကုပ်ရနေတဲ့ IS စစ်သွေးကြွအဖွဲ့တွေကို အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရက တိုက်နေပေမယ့် မထိရောက်တဲ့အချိန်မှာ ရုရှားက ၀င်တိုက်တာ ၃ ရက်အတွင်း IS စခန်း ၁၀ ခုကို ဖျက်ဆီး နိုင်ခဲ့ပါတယ်။ အမေရိကန်ဟာ လက်ရှိ ဆီးရီးယားသမ္မတကို အလိုမကျတာမို့ အစိုးရဆန့်ကျင်အဖွဲ့ကို ထောက်ပံ့တာကို အဓိကလုပ်ပြီး အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းဖို့ အဓိကမထားဘူးဆိုတာ သိသာစေပါတယ်။ အာရပ်နိုင်ငံအကြား အမေရိကန်ရဲ့ ဂုဏ်သိက္ခာကို ရုရှားက နင်းခြေခဲ့သလို ဖြစ်စေခဲ့ပါတယ်။
၈။ အိုဘားမား ၂ ခါ လာတော့ ၂ ခါ အနမ်းခံရတာပေါ့ လို့ပြောခဲ့တဲ့ ဦးဌေးဦးစကားကြောင့် တစ်ချို့က ခွက်ခွက်လန်ရီကြသလို မကျေနပ်သူများကလဲ ဆတ်ဆတ်ခါ နာကြပါတယ်။ ဒါရိုက်တာမိုက်တီးက ဒါဟာ ကမ္ဘာကျော်အနမ်းဆိုပြီး ကြံဖန်ရေးတာကို အားလုံးက ၀ိုင်းလက်ခုပ်တီးကြပါတယ်။ ၃ ခါ လာကြည့်ရင်တော့ ၃ ခါလာ ဘာဖြစ်မလဲဆိုပြီး သိသွားကြမှာပါ။
၉။ NLD HD ဆိုပြီး ဓာတ်ပုံတစ်ပုံပဲ တွေ့ရတဲ့ ဓာတ်ပုံတစ်ပုံလဲ ၀က်ဝက်ကွဲ ပျံ့နှံ့ခဲ့ပါတယ်။ သေချာတာကတော့ ယခုအစိုးရလက်ထက်မှာ မအောင်မြင်ခဲ့တဲ့ NLD က တင်ခဲ့တဲ့ ပြည့်တန်ဆာ တရားဝင်ဥပဒေကို NLD အစိုးရ ဖွဲ့နိုင်ရင် သေချာပေါက် ပြဋ္ဌာန်းနိုင်လောက်မှာပါ။ ပါတီတံဆိပ်တွေ ဘာတွေ မပြောလိုပေမယ့် ယခင် ကျောက်မဲ လို ပွင့်လင်းမြင်သာမှုမရှိတာကြောင့် စိတ်ဆိုးစရာ သတင်းဖြစ်သွားပါတယ်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment