Sunday, October 18, 2015

မပြောတော့ဘူး (ဟာသ)

မပြောတော့ဘူး (ဟာသ)
------------
လူကြီးတစ်ယောက်လမ်းလျောက်လာသည်။ရုတ်တရက်ခေါ်သံလိုလိုကြာလိုက်ရသည်။( “ ဟေ့ !! လူယုတ်မာ “ )
အသံလာရာဘက်သို့လှည့်ကြည့်လိုက်မိသည်။လမ်းဘေးကတစ်ခုတည်းသောအိမ်၏လသာဆောင် တွင်လှောင်ချိုင့်ထဲကကြက်တူရွေးတစ်ကောင်ကိုတွေ့ရသည်။လမ်းပေါ်တွင်မည်သူတစ်ဦးတစ်ယောက်မှမရှိသဖြင့်မိမိကိုရည်ညွှန်းသည်ဟုလူကြီးသဘောပေါက်လိုက်သည်။သို့သော်တိရစ္ဆာန်နှင့်ရန်ဖြစ်လျင်လူ ကြားလို့ကောင်းမည်မဟုတ်။ထို့ကြောင့်ဘာမှမပြောဘဲဆက်လျောက်သွား သည်။
နောက်တစ်နေ့မနေ့ကလမ်းအတိုင်းလျောက်လာသည်။မနေ့ကအတိုင်း “ ဟေ့ လူ..” ဆိုသောစကားကိုကြားရပြန်သည်။လှည့်ကြည့်ရာမနေ့ကကြက်တူရွေးကိုပင်မြင်ရသည်။
နောက်တစ်နေ့လျောက်လာပြန်၏။ဆိုခဲ့သည့်အိမ်ရှေ့အရောက် “ ဟေ့ !! လူယုတ်မာ ” ဆိုသောအသံထွက်ပေါ်လာပြန်သည်။လှည့်ကြည့်သည်။အရင်နေ့တွေကကြက်တူရွေးပါပဲ။
ဒေါသကိုကတတ်နိုင်ဆုံးချိုးနှိမ်ပီးလူကြီးဆက်လျောက်သည်။ရဲစခန်းသို့သွားသည်။ဖြစ်သည့်အကြောင်းကိုရှင်းပြသည်။ရဲကြပ်တစ်ယောက်လိုက်လာပီး “ မွေးထားသောကြက်တူရွေးဆီက ရုတ်ရင်းကြမ်းတမ်းသောစကားနောက်တစ် ခါပြောသံကြားရပါက..ဒဏ်ငွေငါးထောင်ရိုက်မည်။ ငှက်ကိုလည်းတိရစ္ဆာန်ရုံသို့ပို့မည်” ဟုအိမ်ရှင်ကိုသတိပေးသည်။ နောက်တစ်နေ့။ ။ ရဲကိုသွားတိုင်သည့်လူကြီးမနေ့ကလမ်းအတိုင်းလျောက်လာသည်။ “ ဟေ့လူ” လူကြီးလှည့်ကြည့်သည်။အရင်ရက်တွေကကြက်တူရွေးကိုပဲမြင်သည်။သည်တစ်ခါလူကြီး ကပြန်မေး သည်။“ ဟေ့ကောင်!! ဘာလဲကွ ”
အတန်ကြာဘာသံမှမကြားရပဲတိတ်ဆိတ်နေသည်။ပြီးမှကြက်တူရွေးကပြောသည်။
“ကျုပ်ပြောချင်တဲ့စကား ခင်ဗျားသိပါတယ်” တဲ့။
မောင်ကောင်းထိုက်..ဟာသပဒေသာ (၂၁)မှ



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: