Saturday, October 10, 2015

ကျွန်းလှမြို့နယ်တွင်မိုးရွာသွန်းမှုကြောင့် သဖန်းဆိပ်ဆည်ပင်မရေပိုလွှဲမှ ရေများထုတ်လွှတ် =================================

ကျွန်းလှမြို့နယ်တွင်မိုးရွာသွန်းမှုကြောင့် သဖန်းဆိပ်ဆည်ပင်မရေပိုလွှဲမှ ရေများထုတ်လွှတ်
=================================

ကျွန်းလှ အောက်တိုဘာ ၉

အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီအထိ တိုင်းထွာချက်များအရ သဖန်းဆိပ်ဆည်၌ မိုးရေချိန် ဝ ဒသမ ၆၂ လက်မ၊ ကျွန်းလှမြို့၌ ဝ ဒသမ ၂၅ လက်မရွာသွန်းခဲ့ကြောင်း သိရသည်။ ထိုသို့ မိုးရွာသွန်းမှုကြောင့် သဖန်းဆိပ်ဆည်တွင် အောက်တိုဘာ ၉ ရက် ည ၇ နာရီအထိ ရေအမှတ် ပေ ၅၄၆ ဒသမ ၆ဝ၊ သိုလှောင်မှု ပ မာဏ ၃၁ဝ၉၂ဝ၄ ဧကပေ၊ ရေအနက်ပေ ၉၄ ဒသမ ၆ဝ ဖြစ်ပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှစ၍ ပင်မရေပိုလွှဲမှ ၅ဝဝဝဝ ကျူးဆက်နှုန်းဖြင့် ထုတ်လွှတ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေထုတ်လွှတ်ခြင်းကို တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ဆွေနှင့် ရွှေဘိုခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသက်ခိုင်ဝင်းတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မျိုးဝင်းညို(ကျွန်းလှ)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: