ပြည်သူနှင့် ဆက်ဆံရေးမှန်ကန်ကောင်းမွန်စေရန် တပ်မတော်သားများအား တပ်ချုပ် သတိပေး
***********************************************************
ညီတူး ၊ ရန်ကုန်၊ အောက်တိုဘာ ၉
မြန်မာ့တပ်မ တော်သားများအနေဖြင့် ပြည်သူများနှင့် ဆက်ဆံရေး မှန်ကန်ကောင်းမွန်ရမည်ဖြစ် ကြောင်း တပ်မတော်သားများအား တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က သတိပေး ပြောဆို လိုက်သည်။
အောက်တိုဘာ ၈ ရက်က ရန် ကုန်တိုင်းဒေသကြီး ရဲမွန်တပ်နယ်ရှိ တပ်မ တော် ကိုယ်ခံပညာနှင့် အားကစားသိပ္ပံကျောင်း အားကစားခန်းမတွင် အရာရှိ၊ စစ်သည်၊ သင်တန်းသားများနှင့် တွေ့ဆုံစဉ် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောဆိုသတိ ပေး လိုက်ခြင်း ဖြစ်သည်။
''မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿ နာကလူထုက တပ်မတော်အပေါ်မှာ အမြင် မကြည်လင်မှုတွေ ရှိနေတယ်။ ဆိုးသွမ်းတယ် ဆိုတဲ့ အမြင်တွေ ရှိနေတယ်။ တပ်မတော် နဲ့ အရပ်ဘက်ဆက်ဆံရေးက နှစ်ဖက်စလုံး အတွက် အရေးကြီးတယ်''ဟု နိုင်ငံရေးလေ့ လာသုံးသပ်သူ ဦးကျော်လင်းဦးကပြောသည်။
ထိုသို့ တပ်မတော်နှင့် အရပ်ဘက် ဆက်ဆံရေးသည် နှစ်ဖက်စလုံး အတွက် အရေးကြီးသည့်အတွက် တပ်မတော်၏လက် ရှိအနေအထား၊ တပ်မတော်၏ နိုင်ငံရေး မှာ တည်ရှိနေမှုကို နိုင်ငံရေးသမားများက လည်း တစ်စုံတစ်ရာ အသိအမှတ်ပြုကာ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ယင်းက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က စစ်သည်များနှင့် အရာရှိများအား ပြော ဆိုရာတွင် ပြည်သူများအပေါ် စာနာမှုများ ဖြင့် အကူအညီပေးရန်၊ ပြည်သူများကို ကာ ကွယ်စောင့်ရှောက်ရန်၊ ပြည်သူလူထု၏ အ ကျိုးစီးပွားကို ဖော်ဆောင်ပေးရမည် ဖြစ်သ လို ပြည်သူများနှင့် တစ်သားတည်း ဖြစ်ရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သတိပေး စကား ပြောကြားခဲ့သည်။
#YangonMediaGroup #FlowerNewsJournal
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment