မဲဆွယ်ဟောပြောပွဲတွေမှာ NLD ပါတီကိုယ်စားလှယ်လောင်းတွေကိုမေးဖို့ နောက်ထပ်မေးခွန်းများ
=====================================
အမျိုးသားရေးချစ်မြတ်နိုးတဲ့ ပြည်သူများခင်ဗျား-
ကိုယ့်ဒေသကိုယ့်အရပ်ကို NLD အမတ်လောင်းတွေ လာပြီးစည်းရုံးရင် ဒီမေးခွန်းလေးတွေ မေးပေးကြပါ
၁။ NLD ပါတီရဲ့ သမ္မတလောင်းကဘယ်သူလဲ။ သိသလားမသိဘူးလား။ မသိရင် ဘာလို့ မသိတာလဲ။ အမတ်လောင်းလုပ်နေပြီးဒီမေးခွန်းမှ မဖြေနိုင်ရင် ပြည်သူတွေကမဲဘယ်လိုပေးရမလဲ။
၂။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကိုဖတ်ဖူးပါသလား၊ ဖတ်ဖူးတယ်ဆိုရင် လက်ခံပါသလား။ လက်မခံဘူးဆိုရင် ဘာကြောင့်ပါလဲ။
၃။ ဘင်္ဂလီတွေအပေါ် ဘယ်လိုသဘောထားပါသလဲ။ NLD ပါတီက နိုင်ငံသားဥပဒေပြင်သင့်တယ် ပြောထားတယ်။ ပါတီရဲ့ မူဝါဒက ဘာလဲ။
၎။ NLD ပါတီကအာဏာရရင် အဂတိလိုက်စားမှု လုံးဝမရှိစေရဘူးလို့ ဆိုတယ်။ ဒီလှိုင်းဂျာနယ် ကိစ္စက NLD ပါတီဝင်တွေ မဟုတ်ဘူးလား။ (ဒီလှိုင်းဂျာနယ် အသုံးစရိတ် သိန်းငါးထောင်ကျော် အပျောက်ရိုက် သွားတာမေးကြည့်ပါ။ မြေသိမ်းယာသိမ်းကိစ္စတွေမှာရအောင်တောင်းပေးမယ် ဆိုပြီး လယ်သမားတွေ ဆီကငွေလိမ်ထားတဲ့ ပါတီဝင် ဘယ်နှစ်ယောက်ရှိလဲသိပါသလားမေးကြည့်ပါ)
၎။ NLD ပါတီကဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကိုဗိုလ်ချုပ်နှစ်တစ်ရာပြည့်ဖြစ်တဲ့ ၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက် အမှီရိုက်ကူးမယ်လို့ ၂၀၁၂ လောက်ကတည်းက ဒေါ်စုကိုနာယကထားပြီး ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီဖွဲ့ခဲ့ကြတယ်။ ဗိုလ်ချုပ်ရုပ်ရှင် အခုဘယ်မှာလဲ။ NLD ရဲ့ ရွေးကောက်ပွဲကတိတွေကရောဗိုလ်ချုပ် ရုပ်ရှင်လို ဖြစ်မသွားဘူးလို့ ကတိပေးနိုင်မလား။
၅။ ဒေါ်အောင်ဆန်းစုကြည်ကအာဏာလိုချင်လို့ နိုင်ငံရေးလုပ်တာမဟုတ်ဖူး၊ နိုင်ငံအတွက် အလုပ်လုပ် ပေးချင်လို့ လုပ်တာလို့ ပြောတာ။ အဲလိုဆိုရင် ရွေးကောက်ပွဲမဝင်ပဲ NGO လုပ်ရင် ပိုမကောင်းဘူးလား။ (ဘာဖြစ်လို့ ရင်းနှီးမြုပ်နှံမှုတွေ မလာပါနဲ့ဦး၊ မြန်မာနိုင်ငံကိုအကောင်းမမြင်ကြပါနဲ့ ဆိုပြီးပြောတာလဲ။ အဲဒါကရောကိုယ်အာဏာရမှ လူထုအဆင်ပြေစေချင်တာလားမေးပါ)
၆။ အပစ်ရပ်စာချုပ် အလျင်စလိုလက်မှတ်မထိုးနဲ့ လို့ ဒေါ်စုကပြောတာဘာဖြစ်လို့လဲ။ ငြိမ်းချမ်းသွားရင် တိုင်းပြည် ပိုကောင်းမယ် ထင်လား။ ဒါဆိုရင် ဘာဖြစ်လို့ လက်မှတ်မထိုးနဲ့ ပြောရတာလဲ။ ငြိမ်းချမ်းရေး အတွက် NLD က ဘာများလုပ်ပေးခဲ့ဘူးသလဲ။ ကူညီတာနဲ့ နှောက်ယှက်တာဘယ်ဟာကပိုများတယ် ထင်လဲ။
၇။ NLD ပါတီအနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီးလွှတ်တော်ထဲကိုအမတ် ၄၀ ကျော်ရောက်ခဲ့ ပါတယ်။ NLD အမတ်တွေ တင်သွင်းခဲ့တဲ့ အဆိုတွေ၊ စတင် initateလုပ်ခဲ့တဲ့ ဥပဒေတွေရှိခဲ့ရင် အဲဒီအဆို တွေ၊ ဥပဒေတွေထဲက ပြည်သူလူထုအတွက် လတ်တလောအကျိုးရှိစေတဲ့ အဆို၊ ဥပဒေတွေ ရှိရင် ပြောပြပါ။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment