Sunday, September 27, 2015

KIA နယ်မြေချဲ့ထွင် ရန်လိုမှုတွေ ရပ်တန့်လိုက်ပါ၊ တိုက်ပွဲတွေ လျော့သွားပါလိမ့်မယ် ==========================

KIA နယ်မြေချဲ့ထွင် ရန်လိုမှုတွေ ရပ်တန့်လိုက်ပါ၊ တိုက်ပွဲတွေ လျော့သွားပါလိမ့်မယ်
=========================================
26, September, 2015 By Kachin People

KIA တပ်မဟာ(၁)လက်အောက်ခံ ရင်း(၇) ဆွမ်ပရာဘွမ်ဒေသပြီးနောက်၊ တပ်မဟာ(၃) လက်အောက်ခံ ရင်း(၁၂)နှင့် (၂၇)ဒေသများတွင် စစ်တပ်နှင့် စစ်ရေးတင်းမာလျှက်ရှိကြောင်း သိရှိရပါသည်။

KIA အနေဖြင့် စစ်တပ်နယ်မြေစိုးမိုးရေး နေရာများအား ၀င်ရောက်စခန်းချနေရာယူလျှက် ရှိပြီး စစ်တပ်မှ နယ်မြေ၀င်ရောက်ရှင်းလင်းစဉ် ထိတွေ့မှုများဖြစ်ပွားခဲ့ကြသည်။ KIA နယ်မြေ ချဲ့ထွင်လာမှုကြောင့် တပ်မတော်စစ်ကြောင်းများမှာ နယ်မြေစိုးမိုးရေးများ ဆက်တိုက်လုပ်လာ နေကြောင်း မံစီဒေသခံပြည်သူများထံမှ ကြားသိရသည်။

KIA နှင့် စစ်တပ်တိုက်ပွဲများဖြစ်ပွားပြီး KIA သည် ကျေးရွာများမှ ဆုတ်ခွာပေးခဲ့ သော်လည်း ၎င်းကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ထည့်လိုက်သောကြောင့် ဒေသခံ ပြည်သူများမှာ အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးကြရပြီး၊ စည်းကမ်းမဲ့ မိုင်းထောင် ဖောက်ခွဲခြင်းကြောင့် ဒေသခံပြည်သူများ နေ့စဉ်အသက်ဆုံးရှုံးမှုများဖြင့် ကြုံနေကြရသည်ဟု မံစီမြို့နယ် ဘာသာရေး ဆရာတစ်ဦးမှ ပြောပြထားပါသည်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: