Wednesday, September 30, 2015

တပ်မတော်နဲ့ KIA တိုက်ပွဲတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန်စီမြို့နယ် ခရီးစဉ် ဖျက်သိမ်း -------------------------------------

တပ်မတော်နဲ့ KIA တိုက်ပွဲတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန်စီမြို့နယ် ခရီးစဉ် ဖျက်သိမ်း
-------------------------------------

တပ်မတော်နဲ့ KIO/KIA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန်စီမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ် ဖျက်သိမ်းလိုက်တယ်လို့ အဲ့ဒီပါတီရဲ့ ကချင်ပြည်နယ် အောင်နိုင်ရေးအဖွဲ့ တာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။

အောက်တိုဘာလ ပထမပတ်အတွင်း ငါးရက်တာ ကြာမြင့်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး သူက ပြောလိုက်တာ ဖြစ်ပါတယ်။

“အစကတော့ သွားမယ့် အစီအစဉ်ထဲမှာ ပါတယ်။ ဒါပေမဲ့ လုံခြုံရေး အခြေအနေက မကောင်းဘူးလေ။ အခုလည်း နယ်မြေ အခြေအနေက သိပ်မကောင်းဘူးလို့ ကြားတယ်။ နောက်ပြီး ကာမိုင်း၊ တနိုင်းနဲ့ ဖားကန့်မှာလည်း လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ ခရီးစဉ် ဖျက်သိမ်းထားတယ်” လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂ ရက်နေ့ကို မြစ်ကြီးနားမြို့၊ အောက်တိုဘာ ၃ ရက်နေ့မှာ ဟိုပင်၊ မိုးကောင်း၊ အောက်တိုဘာလ ၄ ရက်နေ့မှာ မိုးညှင်းနဲ့ အင်းတော်ကြီး၊ အောက်တိုဘာလ ၅ ရက်နေ့မှာ ဗန်းမော်နဲ့ ရွှေကူမြို့နယ်၊ အောက်တိုဘာ ၆ ရက်နေ့မှာ မိုးမောက်မြို့ကို သွားရောက်ဖို့ လျာထားတယ်လို့ ကချင်ပြည်နယ် NLD ပါတီ အောင်နိုင်ရေးအဖွဲ့ထံမှ သိရပါတယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: