သူရဦးရွှေမန်း ဖြူးနဲ့ ကညွှတ်ကွင်းကို တစ်လအတွင်း ဒုတိယအကြိမ် ထပ်မံလာရောက်
----------------------------------------
လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် သူရဦးရွှေမန်းဟာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် အဖြစ် ဒီနေ့(စက်တင်ဘာလ ၂၆ ရက်) မှာ ဖြူးမြို့နယ်နဲ့ ဇာတိမြို့ဖြစ်တဲ့ ကညွတ်ကွင်းမြို့ကို ထပ်မံ လာရောက်ခဲ့တယ်လို့ ဒေသခံတွေ ထံမှ သိရပါတယ်။
“ခုတစ်ခေါက် လာတာက မဲဆွယ်စည်းရုံးရေး ကိစ္စတွေအတွက် မဟုတ်ပါဘူး။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတစ်ဦး အနေနဲ့ မြို့နယ်အတွင်း ပညာရေးမြှင့်တင်မှု လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် ကိစ္စနဲ့ ပတ်သက်ပြီး လာရောက်တာ ဖြစ်ပါတယ်” လို့ ဖြူးမြို့နယ်မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောပါတယ်။
ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံမယ့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဟာ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဖြူးမြို့နယ်သို့ ပထမအကြိမ် လာရောက်ခဲ့ပြီးနောက် နှစ်ပတ်အကြာမှာ ထပ်မံလာရောက်ခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်းထံမှ သိရပါတယ်။
(ဓာတ်ပုံ - စည်သူ)
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment