Saturday, September 26, 2015

မလှိုင်မှာ မဲဆွယ်စည်းရုံးရေး ဆင်းတဲ့ NLD အဖွဲ့ဝင်များအား ပြည်သူလူထုမှ ကျောက်ခဲတွေနဲ့ ချောင်းမြောင်းပစ်ခတ် ===============================

မလှိုင်မှာ မဲဆွယ်စည်းရုံးရေး ဆင်းတဲ့ NLD အဖွဲ့ဝင်များအား ပြည်သူလူထုမှ ကျောက်ခဲတွေနဲ့ ချောင်းမြောင်းပစ်ခတ်
===============================================

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် NLD အဖွဲ့ဝင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီခွဲလောက်က ဂွေးကုန်းကျေးရွာမှာ မဲဆွယ်စည်းရုံးရေး ပြုလုပ်ဖို့ ပြင်ဆင်နေတုန်း ပြည်သူလူထုမှ ကျောက်ခဲတွေနဲ့ ချောင်းမြောင်း ပစ်ခတ်ခံခဲ့ရတာကြောင့် ဟောပြောပွဲ ပျက်ခဲ့တယ်လို့ အဲ့ဒီပါတီ ကိုယ်စားပြုပြီး တိုင်းဒေသကြီး အမှတ် (၂) မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်သီတာငြိမ်းက ပြောပါတယ်။

ဆည်တိုတိုက်နယ် အုပ်ကြီးကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာမှ ဦးကံညွန်ရဲ့ အိမ်မှာ မဲဆွယ်စည်းရုံးဖို့ အတွက် ဟောပြောပွဲတစ်ရပ် ပြုလုပ်ဖို့ ပြင်ဆင်နေတုန်း လမ်းပေါ် ကျောက်ခဲတွေနဲ့ ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဲ့ဒီလို လူကြီး လက်သီးဆုပ်လောက်ရှိတဲ့ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခံခဲ့ရတာကြောင့် စည်းရုံးရေးယာဉ်ပေါ်မှာ ရှိတဲ့သူတွေ ဒဏ်ရာမရပေမယ့် ဗီနိုင်း ပိုစတာတွေ ပေါက်ပြဲ ပျက်စီးခဲ့ပြီး ပစ်ပေါက်တဲ့သူတွေကို ရှာဖွေပေမယ့် ဖမ်းမိခြင်းမရှိဘူးလို့ အဲ့ဒီခရီးစဉ်မှာ ဝန်းရံသူတွေအဖြစ် လိုက်ပါခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မလှိုင်မြို့ခံ ဦးသက်နိုင်ဝင်းက ပြောပါတယ်။

(The Voice)



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: