Saturday, September 26, 2015

* 125 # ကိုခေါ်လိုက် Ooredoo လည်း ပိုက်ဆံချေးလို့ရပြီ

* 125 # ကိုခေါ်လိုက် Ooredoo လည်း ပိုက်ဆံချေးလို့ရပြီ

-- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- --

ဖုန်းဘီလ်ပြတ်လပ်စဉ် ကြိုသုံးစနစ်ဖြင့် အသုံးပြုနိုင်စေရန် Ooredoo က စတင်ခွင့်ပြုလိုက်သည်ဟု သိရသည်။

စက်တင်ဘာလ ၂၄ ရက်မှစတင်၍ ကြိုသုံးစနစ်ကို အသုံးပြုခွင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကြိုသုံးငွေပမာဏမှာ ၈၀၀ ကျပ် ဖြစ်သည်ဟု သိရသည်။

ကြိုသုံးငွေ ၈၀၀ ကျပ်ကို ရယူရန်အတွက် *125# သို့ခေါ်ဆိုရမည်ဖြစ်ပြီး အဆိုပါကြိုသုံးငွေအတွက် ၀န်ဆောင်ခ ၅၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။

ကြိုသုံးငွေကို လက်ကျန်ငွေ ၂၀၀ အောက်တွင်သာရှိသော အသုံးပြုသူများ၊ မိုဘိုင်းဆင်းမ်ကတ်အတွင်းကို ယခင်က ငွေတစ်ကြိမ် ဖြည့်သွင်းဖူးသူများသာ ရရှိမည်ဖြစ်ပြီး ကြိုသုံးငွေကို ငွေဖြည့်ပြန်လည်ဖြည့်သွင်း၍ ပေးဆပ်ပြီးမှသာ ဒုတိယအကြိမ် ကြိုသုံးငွေကို ရရှိနိုင်မည်ဖြစ်သည်။

မိုဘိုင်းဖုန်းအတွက် ဘီလ်ပြတ်လပ်နေစဉ် အရေးပေါ်အသုံးပြုနိုင်သည့် ကြိုသုံးငွေကို ဆက်သွယ်ရေး အော်ပရေတာများနက် Telenor က စတင် ဝန်ဆောင်မှု ပေးအပ်ထားပြီး ယခုအခါ Ooredoo က ထပ်မံ၍ ဝန်ဆောင်မှုပေးအပ်ခဲ့ခြင်း ဖြစ်သည်။
.
.
.
.
.
.
.
.

Credit; အင်တာနက်ဂျာနယ်



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: