KIA ကြောင့် ဒေသခံပြည်သူတွေ အသက်ပါဆုံးရှုံးခဲ့ရတာကို ဒေသခံပြည်သူများ ကြိတ်မှိတ်ခံနေ ရဆဲ
=======================================
25, September, 2015 By Kachin People
ကချင်ပြည်နယ်အတွင်း KIA သောင်းကျန်းသူအဖွဲ့မှာ ကချင်ဒေသခံပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ပြ၍ အကြောက်တရားဖြင့် ဖိနှိပ်ချုပ်ကိုင်ထားခြင်းကြောင့် ယခုချိန်ထိတိုင် ဒေသခံများမှာ ကြောက်နေရဆဲဖြစ်ကြောင်း ကချင်ပြည်နယ် တိုင်းရင်းသားရေးရာ အဖွဲ့အစည်းမှ ပြောဆိုထားပါသည်။
“အခု မန်စီဘက်မှာ KIA နဲ့ စစ်တပ် တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ ဒေသခံတွေ ပိတ်မိနေတာတွေရှိတယ် အဲ့ဒီမှာ ဒေသခံတွေကို ကယ်ထုတ်ဖို့မကြိုးစားပဲ KIA က ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေကြတယ်ကြားတယ်... ထိခိုက်ဒဏ်ရာရတာတွေ သေတာတွေ ရှိမှာပေါ့ စစ်တပ်ကတော့ ဒေသခံတွေကို လိုက်ရှာပြီး ဘေးလွတ်ရာကို ပို့နေတယ်လို့ကြားပါတယ်... ပြောချင်တာက KIA လူသတ်နေလဲ ဘယ်သူမှ ထုတ်ဖော်မပြောရဲကြဘူး.. KIA ပတ်ဝန်းကျင်မှာ ရှိတဲ့ ဒေသခံတွေကတော့ KIA ဘာလုပ်လုပ် ကြိတ်မှိတ်ပြီးခံနေရတုန်းပါပဲ… သူတို့တွေမှာ လူ့အခွင့်အရေးဆိုတာ မရှိကြဘူး.. အဲ့ဒီဒေသခံတွေကို ခုချိန်ထိ ဘယ်သူမှလည်း မကယ်တင် နိုင်သေးပါဘူး” ဟု ပြောပြထားပါသည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment