Monday, September 28, 2015

ပြည်သူ့အချစ်တော် နိုင်ငံကျော်မင်းသမီး နန္ဒာလှိုင်ဘာလို့ မဲဆွယ်ပွဲလိုက်သွားရလဲ ပြန်ဖြေရှင်းချက်လေးပါ။

ပြည်သူ့အချစ်တော် နိုင်ငံကျော်မင်းသမီး နန္ဒာလှိုင်ဘာလို့ မဲဆွယ်ပွဲလိုက်သွားရလဲ ပြန်ဖြေရှင်းချက်လေးပါ။ NLD ကိုမထောက်ခံတာနဲ့ တစ်ဖက်စွန်းရောက် ဆဲဆိုနေသူများလည်းရှိနေပါတယ်။ အဲလိုအစွန်းရောက်လို့လည်း NLD ကိုထောက်ခံမှုတွေကျဆင်းလာရတာပါ။ လွတ်လပ်စွာကွဲလွဲခွင့်ကို လက်မခံရင် ဒီမိုကရေစီကို လိုလားသူလို့ အမည်မခံပါနဲ့။
နဲနဲလေးဖြည့်ပြီး ပြောချင်ပါတယ်။ တွံတေး ကော့မှုး မြို့နယ်တွေက ဒေသခံပြည်သူတွေနဲ့ အခုမှသိကြ ရင်းနှီးကြတာမဟုတ်ပါဘူး။ ၂၀၀၈ ခုနှစ်နာဂစ်အလွန်ထဲက ကျွန်တော်တို့ ဘယ်သူ၊ ကျွန်တော်တို့မိသားစုဝင်တွေက ဘယ်သူဆိုတာသိပြီးသားတွေပါ။ ဒေသခံပြည်သူများကလဲ အဖေနဲ့တွေ့တဲ့အခါ ကျွန်တော်နဲ့တွေ့တိုင်း နန္ဒာ့ကိုပါ ခေါ်လာပေးဖို့ ပြောကြပါတယ်။ ကျွန်တော်တို့မိစားစုဝင်တွေ အားလုံးက ဒေသခံပြည်သူများနဲ့ရင်းနှီးစွာတွေ့ဆုံကြတာဖြစ်ပါတယ်။ ကော့မှုးမြို့နယ်က ရွာတွေမှမဟုတ်ပါဘူး။ ကျွန်တော် ကရင်ပြည်နယ်ကရွာတွေဆီ ကယ်ဆယ်ရေးကိစ္စသွားရင်လည်းမေးကြပါတယ်။ ခေါ်လာစေချင်ကြပါတယ်။ ပခုက္ကူ ဘက်ကယ်ဆယ်ရေးသွားလည်း မေးကြပါတယ်။ မခေါ်သွားရင် မလိုက်သွားရင် စိတ်မကောင်းဖြစ်ကြမဲ့ ဒေသခံတွေရဲ့ မျက်နှာကိုမမြင်ရက်လို့၊ သူတို့ရဲ့ စိတ်စေတနာကောင်းနဲ့ ရင်းရင်းနှီးနှီးဖိတ်ခေါ်ကြတာကို မငြင်းထိုက်လို့ အိမ်မှာ အေးအေးနေလဲရရဲ့သားနဲ့ အပြောခံရမှာသိရဲ့သားနဲ့ ဒေသခံပြည်သူတွေမျက်နှာပျက်မှာကို မလိုလားလို့ မိသားစုဝင်တစ်ယောက်အနေနဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ သွားတွေ့တာ အပြစ်လား။ ဒါမှမဟုတ် ခင်ဗျားတို့ အစွန်းရောက်နေကြတာလား။ ကိုယ်ချင်းစာစိတ်နဲ့ ပြန်ဆန်းစစ်ပါ။ အတ္တတွေသိပ်များလွန်းနေကြတာ စိတ်မကောင်းပါဘူး။ မမှားတဲ့လမ်းလျှောက်နေတဲ့အတွက် နောက်နေ့လည်းဆက်လျှောက်အုံးမှာပဲ။
Credit-Zay Thiha



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: