Monday, September 28, 2015

သမ္မတရဲ့ဆောင်ရွက်ချက် သမိုင်းတွင်ကြောင်း ကချင်ပြည်နယ် မဘသဥက္ကဌဆရာတော် မိန့်ကြား

သမ္မတရဲ့ဆောင်ရွက်ချက် သမိုင်းတွင်ကြောင်း ကချင်ပြည်နယ် မဘသဥက္ကဌဆရာတော် မိန့်ကြား
=======================================

ပြည်ထောင်စုလွှတ်တော်က အမျိုးစောင့်ဥပဒေလေးရပ် အတည်ပြုနိုင်အောင် ဆောင်ရွက် ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ သမိုင်းတွင်တဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ကချင်ပြည်နယ်လုံးဆိုင်ရာ မဘသအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဦးကဝိသာရက မိန့်ကြားလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးစောင့်ဥပဒေအောင်ပွဲ ဂုဏ်ပြုအခမ်းအနားမှာ ပြည်နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆန်းကြွယ်ဆရာတော် ဘဒ္ဒန္တ ဦးကဝိသာရက မိန့်ကြား လိုက်တာပါ။

"လွှတ်တော်မှာ ကန့်ကွက်မဲချည်း ပေးခဲ့ကြတာလည်းပဲ သူတို့ရဲ့သမိုင်း သူတို့ရေးတာပဲ၊ တာဝန်မရှိသလိုလိုနဲ့ ကြားနေမဲနေခဲ့တာလည်း သူ့တို့သမိုင်း သူတို့ရေးတာပဲ၊ အခက်အခဲ မျိုးစုံကြားက သမ္မတကြီးကနေပြီးတော့ ရဲဝံ့တည်ကြည်စွာနဲ့ ဒီဥပဒေ ၄ ရပ်ကို အတည်ဖြစ်နိုင်ဖို့ လက်မှတ်ရေးထိုးပေးတာဟာလည်း သမ္မတကြီးရဲ့သမိုင်းပဲ၊

အမျိုးဘာသာသာသနာအတွက် အခက်အခဲမျိုးစုံကြားက လက်မှတ်ရေးထိုးပေးထားတဲ့ သာသနာပြု သမ္မတကြီးရဲ့ သမိုင်းဟာ လည်းပဲ သမ္မတကြီး သေသွားသော်လည်းပဲ ဒီင်္သမိုင်းဟာကျန်ရစ်မှာပါ"
ဒါ့အပြင် နိုင်ငံရေးဆိုတာ ထောင်ချောက်တွေများတဲ့အတွက် မိမိတို့ရဲ့ အမျိုးဘာသာသာ သနာအတွက် အမျိုးသားနိုင်ငံရေးကိုသာ ဆောင်ရွက်ကြဖို့

ကချင်ပြည်နယ်လုံးဆိုင်ရာ မဘသ အဖွဲ့ရဲ့ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသကလည်း မိန့်ပါတယ်။ ဒီနေ့ အခမ်းအနားကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ဟိုပင်၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း စတဲ့မြို့တွေက ရဟန်းရှင်လူပြည်သူ စုစုပေါင်း နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

By RFA



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: