လူနှင့်မူ
ဘင်္ဂါလီပြဿနာနဲ့မျိုးစောင့်ဥပဒေကိစ္စတွေနဲ့ပတ်သက်ပြီး NLDရဲ့ မူဝါဒတွေကို ထောက်ပြတိုင်း NLD ထောက်ခံသူတွေ က ဘင်္ဂါလီတွေကို NLD က ခေါ်သွင်းလာတာမဟုတ်ဘူး၊ ဘင်္ဂါလီများကိုဝှိုက်ကတ်ထုတ်ပေးခဲ့တာNLD မဟုတ်ဘူး၊ လက်ပန်းတောင်းမှာသံဃာတွေကိုမီးလောင်ဒဏ်ရာရအောင်လုပ်ခဲ့တာလည်း NLD မဟုတ်ဘူးလို့ စောဒကတက်လေ့ ရှိတယ်။ ဒါနဲ့ပဲကာကွယ်နေကြတယ်။ ဒီထက်ပိုပြီး မူဝါဒပိုင်းတွေ ချပြတာ လုံးဝ မရှိပါဘူး။ ဒီတော့ NLD ပါတီရဲ့ မူ က ဘာလဲစဉ်းစားစရာ ဖြစ်နေပါတယ်။
တကယ်တမ်းမှာဘင်္ဂါလီတွေကို မြန်မာနိုင်ငံထဲခေါ်သွင်းခဲ့တာ ဗြိတိသျှအစိုးရသာဖြစ်ပြီး ဖဆပလအစိုးရ၊ ဆိုရှယ်လစ် အစိုးရ၊ စစ်အစိုးရ၊ အခုဦးသိန်းစိန်အစိုးရ စတဲ့အစိုးရအဆက်ဆက် ဘယ်အစိုးရမှ ဘင်္ဂါလီတွေကိုခေါ်သွင်းခဲ့တာမရှိပါဘူး။ နယ်စပ်လုံခြုံရေးအားနည်းမှုကြောင့် ဘင်္ဂါလီတွေ ခိုးဝင်လာတာတွေ ရှိနိုင်ပြီး စာရင်းဇယားနဲ့ လူဝင်မှုကြီးကြပ်ရေးအားနည်းမှုကြောင့် ဘယ်သူတွေကခိုးဝင်၊ ဘယ်သူတွေကတော့ လွတ်လပ်ရေးမရခင် ကာလ ကတည်းက ဘင်္ဂလားဘက်ကရွေ့ပြောင်းပြီး ဆွေစဉ်မျိုးဆက်နေလာကြတဲ့သူတွေလို့ မခွဲခြားနိုင်တဲ့အတွက် အစိုးရ အဆက်ဆက်မှာ တာဝန်ရှိပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ ဘင်္ဂါလီတွေကို ဝှိုက်ကတ်တွေ ထုတ်ပေးခဲ့ တာကိုလည်းတစ်ချို့က အပြစ်ဆိုကြပေမယ့် တစ်ကယ်တမ်းမှာဝှိုက်ကတ်သည် မည်သူ၊ မည်ဝါဖြစ်ကြောင်းခွဲခြားနိုင်တဲ့ အထောက်အထားဖြစ်ပြီး နောက်ထပ်ခိုးဝင်လာဖို့ မလွယ်အောင် ထိန်းနိုင်တဲ့အတွက် ဝှိုက်ထုတ်ပေးတာဟာ အမှားမဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ မဲလောဘကြီးပြီး ဝှိုက်ကတ်တွေကိုမဲပေးခွင့်ပြုခဲ့တဲ့ အမှား ကို ကျူးလွန်ခဲ့တယ်။ လက်ရှိဦးသိန်းစိန် အစိုးရဟာဝှိုက်ကတ်တွေကိုဖျက်သိမ်းခဲ့ပြီး ဘင်္ဂါလီတွေကိုမဲပေးခွင့် ရုပ်သိမ်း ကာ အရင်အစိုးရအမှားကို ပြန်ဖြေရှင်းခဲ့တယ်။
ပြောရမယ်ဆိုရင် ဘင်္ဂါလီတွေ ခိုးဝင်တဲ့ကိစ္စကိုမထိန်းနိုင်ခဲ့တဲ့အတွက်၊ ခိုးဝင်တစ်ချို့မသမာတဲ့နည်းနဲ့ နိုင်ငံသား ဖြစ်လာတဲ့ ကိစ္စမှာအကျင့်ပျက်ဝန်ထမ်းတွေကို မထိန်းနိုင်တဲ့အတွက် အရင်အစိုးရအဆက်ဆက်မှာတာဝန်ရှိပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက်မှာဘင်္ဂါလီအရေးကို ပြတ်ပြတ်သားသားကိုင်တွယ်ခဲ့တယ်။ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ငြင်းဆန်ခဲ့တယ်။ အိုအိုင်စီကိုဝင်ခွင့်မပေးဘူး။ boat people ကိစ္စမှာ နိုင်ငံတကာဖိအားကို ကြံ့ကြံ့ခံပြီး မြန်မာ နိုင်ငံကမဟုတ်ကြောင်း ဘင်္ဂါလားဒေ့ရှ်နိုင်ငံသားတွေလိုက်ပါလာတဲ့ လှေတွေကိုဖမ်းပြီးသက်သေပြနိုင်ခဲ့တယ်။ ဘင်္ဂါလီတွေ လူဦးရေတိုးပွားနှုန်းကိုထိန်းချုပ်နိုင်ဖို့ မျိုးဆက်ပွားဥပဒေနဲ့ တစ်လင်တစ်မယားဥပဒေတွေကို ပြဌာန်းခဲ့ ပါတယ်။
ဒါပေမယ့် အဲဒီအချိန်မှာ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ NLD က ဘာတွေလုပ်ခဲ့ပြောခဲ့သလဲ။ NLD ပြောခွင့်ရနဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ ဦးဥာဏ်ဝင်းကလှေစီးဒုက္ခသည်တွေကို မြန်မာနိုင်ငံသားအဖြစ်လက်ခံမှ ပြဿနာတွေ ပြေလည်မယ်လို့ ပြောခဲ့တယ်။ NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကဘင်္ဂါလီတွေ ကလေး ၂ ဦးထက်ပိုမယူရဘူးလို့ ကန့်သတ်တဲ့ဥပဒေကိုလူ့အခွင့်အရေးနဲ့ မညီဘူး။ ၁၉၈၂ နိုင်ငံသားဥပဒေဟာလူ့အခွင့်အရေးနဲ့မညီဘူးလို့ ဝေဖန် ခဲ့တယ်။ မျိုးစောင့်ဥပဒေတွေကို NLD အမတ်တွေကကန့်ကွက်ခဲ့တယ်။ ဒီတော့ ဘင်္ဂါလီတွေနဲ့ပတ်သက်လာရင် NLD ပါတီရဲ့ မူကထင်ရှားနေပါပြီ။ NLD သာလွှတ်တော်ထဲမှာအမတ် ၅၀ ရာခိုင်နှုန်းကျော်ခဲ့ရင် ၁၉၈၂ နိုင်ငံသား ဥပဒေကိုပယ်ဖျက်မှာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD ရဲ့မူကလူ့အခွင့်အရေးအထက်မှာဘာမှမရှိလို့ပါ။ NLD ရဲ့မူမှာအမျိုးသားအကျိုးစီးပွားဆိုတာလူ့အခွင့်အရေးရဲ့ အောက်မှာပဲရှိနေလို့ပါ။
NLD ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာလည်း နိုင်ငံခြားရေးမူဝါဒမှာ စစ်မှန်တဲ့ဒီမိုကရေစီစံနှုန်းတွေပေါ် မူတည် ပြီး ဆက်ဆံမယ် ဆိုတဲ့အချက်ကိုအတိအလင်းဖော်ပြထားပါတယ်။ ဒီမိုကရေစီခေါင်းစဉ်အောက်မှာ လူ့အခွင့် အရေး၊ လူသားချင်းစာနာမှု အားလုံးပါတယ် ဆိုတာသိထားဖို့ လိုပါတယ်။ ထပ်ပြီးသတိပေးချင်တာက အဲဒီကြေညာစာတမ်းရဲ့ မူဝါဒကို ဒေါ်အောင်ဆန်းစုကြည် ရေးတယ် ထင်နေသလားဆိုတာပါပဲ။ အနားမှာဘယ်သူတွေ ရှိသလဲ၊ အနားမှာ ဘယ်သူတွေကဂိုက်လိုင်းပေးနေသလဲ၊ အဲဒီ ပြည်ပဆရာကြီးတွေကရိုဟင်ဂျာနဲ့ ပတ်သက်လို့ အခုဘယ်လိုတွေ ပြောနေလဲလေ့လာကြဖို့ လိုပါတယ်။ ဒါကအခုမသိသာပေမယ့် နောက်လာမယ့် မြေးတွေ မြစ်တွေ လက်ထက် ရောက်ရင် ဒုက္ခနဲ့ လှလှ တွေ့ရ ပါလိမ့်မယ်။
ဘင်္ဂါလီတစ်သန်းကျော် နိုင်ငံသားဖြစ်လာတော့လည်း ဘာဖြစ်သလဲ ၊ နိုင်ငံတိုးတက်လာရင်ပြီးရောပေါ့ ဆိုပြီး စောဒက တက်ကောင်းတက်စရာရှိပါတယ်။ တကယ်တမ်းကျရင် လူ့အခွင့်အရေးကိုအလေးထားပြီး ဘင်္ဂါလီတစ်သန်းကျော်ကို နိုင်ငံသားပေးလိုက်ရုံနဲ့ လူမျိုးရေး၊ ဘာသာရေးပြဿနာတွေပြေလည်၊ လူ့စွမ်းအားအရင်းအမြစ်တွေတိုးတက်လာပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်မလာတဲ့အပြင် လူမျိုးရေး၊ဘာသာရေးပြဿနာတွေ ၊ ဆင်းရဲမွဲတေမှုတွေကအခုထက်တောင် ပိုဆိုး လာနိုင်ပါတယ်။ သိကြတဲ့အတိုင်းပဲ ဘင်္ဂါလီတွေလှေစီးသွားကြတတ်ကြတဲ့ ချမ်းသာပြီးလူနေအလွန်ကျဲပါးတဲ့ သြစတေးလျနိုင်ငံကတောင်မှ သူ့ဆီရောက်လာတဲ့ ဘင်္ဂါလီတွေကိုလက်မခံချင်လို့ ပူပါအာတို့၊ ကမ္ဘောဒီးယားတို့လို ဆင်းရဲတဲ့နိုင်ငံတွေကို ပိုက်ဆံပေးပြီးလက်ခံခိုင်းနေတာပါ။ ဘင်္ဂါလီတွေကိုဘာလို့လက်မခံချင်ကြတာလဲဆိုတာကတော့ ရှင်းပါတယ်။ ပညာလဲမတတ်။ ငွေကြေးအရင်းအနှီးလဲမရှိ၊ ဒီကြားထဲဘာသာရေးအစွဲကလည်းကြီးတော့ အိမ်ရှင် တွေနဲ့ သဟဇာတမဖြစ်၊ နိုင်ငံအတွက် အထောက်အကူမဖြစ်တဲ့အပြင် ဝန်လေးစေလို့ပါ။
လက်ပန်းတောင်းမှာ သံဃာတွေကိုမီးလောင်ဒဏ်ရာရခဲ့တာကလည်း ဦးသိန်းစိန်အစိုးရရဲ့ ပေါ်လစီကြောင့် မဟုတ် ပါဘူး။ သပိတ်စခန်းဖြိုခွဲရာမှာ ဒေသန္တရ အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ရဲ့ အားနည်းချက်ပါ။ ဖော့စဖရပ်ပါတဲ့ မီးခိုးဗုံးတွေနဲ့ ရေနဲ့ထိတွေ့ပြီးမီးလောင်ခဲ့တာပါ။ တကယ်သာသေစေချင်ရင် မီးခိုးဗုံးမသုံးပါဘူး။ သေနတ်နဲ့ပစ်မှာပါ။ အဲဒီအမှား အတွက်လည်း ရဲတပ်ဖွဲ့အကြီးအကဲတွေကိုယ်တိုင် တောင်းပန်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရရဲ့မူဟာ အမျိုး၊ ဘာသာ၊ သာသနာကိုကာကွယ်မယ်ဆိုတဲ့ မူဆိုတာမျိုးစောင့် ဥပဒေလေးခု ပြဌာန်း ပေးခဲ့တာကို ကြည့်ပြီးသိနိုင်ပါတယ်။ ဒါပေမယ့် NLD ပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့ ပါတီကိုထောက်ခံသူတွေ အနေနဲ့ အမျိုး၊ဘာသာ၊သာသနာထက် လူ့အခွင့်အရေးကပိုအရေးကြီးတယ်။ မဘသထက် NLD ပါတီကပိုမြတ်တယ်။ မဘသဆရာတော်တွေထက် ဒေါ်အောင်ဆန်းစုကြည်ကပိုပြီး ကြီးမြတ်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ တွေ့နေရ ပါတယ်။
ဆိုလိုတာကတော့ ဘင်္ဂါလီပြဿနာမှာ အစိုးရအဆက်ဆက်ရဲ့ မူဟာအမျိုးသားအကျိုးစီးပွားအပေါ်မှာ အခိုင်အမာ ရပ်တည်ခဲ့ပါတယ်။ စီမံခန့်ခွဲမှုပိုင်းမှာအားနည်းချက်ရှိတာကြောင့် မသမာတဲ့ ဝန်ထမ်းတွေကိုမထိန်းချုပ်နိုင်ခဲ့လို့ ဘင်္ဂါလီ တစ်ချို့နိုင်ငံသားကတ်ရခဲ့တာရှိနိုင်တယ်။ ဒါပေမယ့် တစ်သန်းကျော်သောဘင်္ဂါလီများထဲက အနည်းစုသာ ဖြစ်ပါတယ်။ တကယ်လို့သာ NLD အစိုးရဖြစ်ခဲ့ရင် အစိုးရရဲ့မူအရ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်လိုက်ရင် ဘင်္ဂါလီတစ်သန်းကျော် နိုင်ငံသားချက်ချင်းဖြစ်သွားမယ်။ ၂၀၂၀ မှာ NLD မဟုတ်တဲ့ အစိုးရတက်လာတဲ့တိုင်အောင် အဲဒီဘင်္ဂါလီတွေကို နိုင်ငံသားမပေးတော့ဘူးလို့ ပြန်လုပ်လို့ မရပါဘူး။
အလားတူပဲ မဘသအဖွဲ့ကြီးရဲ့ အမျိုးဘာသာသာသနာအတွက် စိုးရိမ်စိတ်တွေ ဖြစ်ရတဲ့အကြောင်းရင်းကို ဖြေရှင်း မပေးပဲ၊ အခုအစိုးရလက်ထက်မှာအတည်ပြုလိုက်တဲ့ မျိုးစောင့်ဥပဒေလေးခုကိုအကောင်အထည်ဖော်ပေးဖို့ မကြိုးစားပဲ မျိုးစောင့်ဥပဒေလေးခုကို ပယ်ဖျက်လိုက်မယ်ဆိုရင် အမျိုးသားရေးစိတ်မအေးတဲ့သူတွေအနေနဲ့ အမျိုးသားရေး အစွန်း ရောက်စိတ်တွေ ဖြစ်ပေါ်လာနိုင်ပြီးလူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခတွေဖြစ်လာနိုင်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် ကြီးစွာဖြစ်လာနိုင်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့ ရွှေဝါရောင် သံဃာ တချို့နဲ့ NLD က ဦးတင်ဦး၊ ဦးဝင်းထိန်၊ ဦးတင်ဦးတို့ ပေါင်းပြီး မဘသဆန့်ကျင်ရေးစီမံကိန်းတွေ ချလာခဲ့ပါတယ်။ မိမိအာဏာ ရရှိရေးအတွက် သံဃာတွေကိုသွေးခွဲသပ်လျှိုလာတော့မှာ ဖြစ်ပါတယ်။ ဒါကိုဆရာတော်ကြီးတွေက အချိန်မီထိန်းပါမှ ကမ္ဘာမှာ ရုပ်ပျက်ဆင်းပျက် မဖြစ်မှာပါ။
ဒါကြောင့်မို့ လူကိုမကြည့်ပဲပါတီကိုကြည့်ပြီးမဲပေးကြပါဆိုတဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ပွဲတွေမှာ ပြောတဲ့ စကားအတိုင်း ပါတီကို ကြည့်ပြီးမဲပေးမယ့်သူတွေအနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အမျိုးသားရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေကိုအသေအချာလေ့လာသုံးသပ်ပြီးမှ မဲပေးကြပါလို့တိုက်တွန်းလိုက်ရပါတယ်။ စစ်အစိုးရ၊ စစ်ကျွန် ဆိုတဲ့ မှိုင်းသွင်းခံထားရတဲ့ ဒီမိုခရေဇီတွေရဲ့ လက်ကိုင်စကားတွေနောက် လိုက်ပါပြီးမဆုံးဖြတ်ကြဖို့ လိုပါတယ်။ လူကို ကြည့် ဖို့ အရေးကြီးပါတယ်။ ပြီးမှ မူကို ကြည့်ကြပါ။ Photos
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment