Saturday, September 26, 2015

မြန်မာနိုင်ငံမှ ဆရာဝန်များ တော်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ချီးကျူးပြောဆို ------ ------- -------- ----------

မြန်မာနိုင်ငံမှ ဆရာဝန်များ တော်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ချီးကျူးပြောဆို
------ ------- -------- ----------

မြန်မာနိုင်ငံသားများသည် ကြံရည်ဖန်ရည် ရှိသူများ ဖြစ်ကြပြီး ပစ္စည်းကိရိယာ မပြည့်စုံသည့် တိုင်အောင် ကြံဖန်ပြီး ဖြစ်အောင် လုပ်တတ်ကြ ကြောင်းချီးကျူးပြောဆိုသည်။

RFA သတင်းဌာန၏ ဒီမိုကရေစီခရီးကြမ်း ယခုတစ်ပတ် အစီအစဉ်တွင် ကိုခင်မောင်ဝင်း၏ မေးမြန်းမှုအပေါ် ပြောဆိုလိုက်ဖြင်းဖြစ်သည်။

“မြန်မာနိုင်ငံက ဆရာဝန်တွေက တော်တယ်ပေါ့နော် ဆေးကျောင်းမှာဆိုရင် ပစ္စည်းတွေက သိပ်ပြီးတော့ မပြည့်စုံတော့ ရှိတဲ့ပစ္စည်းနဲ့ဖြစ်အောင် လုပ်တတ်ကြတယ် ခက်ခက်ခဲခဲနဲ့လုပ် ရတယ်" ဟုပြောဆိုခဲ့သည်။

ထို့အတူပင် မြန်မာပြည်သူများသည်အစွမ်းအစ ရှိသူများဖြစ်ကြပြီး အခွင့်အရေး၊ လုပ်ပိုင်ခွင့်နှင့် လိုအပ်သည့် ပံ့ပိုးမှုများသာ ပေးလိုက်ပါက ကိုယ့်ဝမ်း ကိုယ်ဖူလုံအောင် လုပ်စားနိုင်သည့် အရည်အချင်းများ ရှိကြောင်း သူမက ဆက်လက်ပြော ဆိုသည်။

"ကားစက်ပြင်ဆိုင်တွေဆိုရင်လဲ စက်ပြင်တဲ့ဆရာကြီးတွေက သိပ်တော်တယ် ဆိုတာလည်း ဒီအကြောင်း ကြောင့်ပဲ ရှိတဲ့ ပစ္စည်းနဲ့ဖြစ်အောင် လုပ်ရတယ်ပေါ့၊ အဲဒီတော့ ပြည်သူတွေက အစွမ်းအစရှိတယ် ဆိုတာဒါကတော့ ရှင်းနေတာပဲ အခွင့်အရေးပေး ဖို့ပဲလိုတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ထို့အတူ ပြည်သူများကို လက်ဖြန့်တောင်းရသည့် ပြည်သူများ မဖြစ်စေချင်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုခဲ့သည်။

သတင်း - ဇော်မင်းထွန်း

The Ladies News Journal



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: