Tuesday, September 29, 2015

ဟုတ်လို့ကျော် ပုတ်လို့ပေါ်လာတဲ့ အင်ဘန်လနဲ့ KIA အရှုပ်တော်ပုံ

ဟုတ်လို့ကျော် ပုတ်လို့ပေါ်လာတဲ့ အင်ဘန်လနဲ့ KIA အရှုပ်တော်ပုံ

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၁၅

“ တရုတ်သူဌေး တစ်ယောက်ဆီမှာ တရုတ်ယွမ်အကြွေး သိန်း ၄၀၀ ရှိသေးတယ်၊ အဲဒါတွေကို စဉ်းစား လိုက်တိုင်း ခေါင်းထဲမှာ မိုးကြိုးပစ်သလိုတောင် ခံစားရပါတယ်” လို့ KIO ဒုဥက္ကဋ္ဌ အင်ဘန်လ ပြောစကားနဲ့ ပတ်သက်ပြီး မီဒီယာတွေပေါ်မှာ အတော်လေးလှုပ်ခတ်နေပါတယ်။ Tomorrow ဂျာနယ်ရဲ့ ဖော်ပြချက်ဟာ မဟုတ်ပါဘူး။ အင်ဘန်လက ဘယ်သတင်းမီဒီယာနဲ့မှ အင်တာဗျူး မဖြေခဲ့ပါဘူး။ ဒီအတွက် ပြန်တောင်းပန် ပါဆိုပြီး KIO နည်းပညာအကြံပေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ကို တွေ့လိုက်ရပါတယ်။ ဘယ်သူမှားတယ် မှန်တယ်မပြောနိုင်သေးပေမယ့် ဟုတ်လို့ကျော် ပုတ်လို့ပေါ်လာတဲ့ အင်ဘန်လနဲ့ KIA အရှုပ်တော်ပုံလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
တကယ်တော့ KIO/KIA တစ်ဖွဲ့လုံးကို အင်ဘန်လက ကြိုးကိုင်ချယ်လှယ်နေတာဖြစ်ပါတယ်။ သမ္မတနဲ့ NCA ကိစ္စလာရောက်တွေ့ဆုံတဲ့ပွဲမှာ တကယ်ဆိုရင် KIO/KIA အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဇောင်းဟရားလာရမှာ မဟုတ်ဘူးလား။ ဇောင်းဟရားဟာ ဟန်ပြ ဥက္ကဋ္ဌသာဖြစ်ပြီး ဒုဥက္ကဌဖြစ်သူ အင်ဘန်လက လူတွင်ကျယ်လုပ်နေ တာဖြစ်ပါတယ်။ နောက်တစ်ချက်က NCA စတင်ဆွေးနွေးချိန်ကတည်းက KIA ကိုယ်စား ဆွေးနွေးပွဲတွေ လာတက်နေတဲ့ ဂွမ်မော်ကို အခုလို အဆုံးအဖြတ်ပွဲမျိုးမှာ ဘာ့ကြောင့် မတက်ခိုင်းတာလဲ။ အင်ဘန်လ လာတက်ရတဲ့အကြောင်းရင်းဟာ ဂွမ်မော်က ငြိမ်းချမ်းရေးလိုချင်တဲ့ ပျော့ပျောင်းတဲ့ သဘောထားရှိတဲ့အတွက် မတက်ခိုင်းတော့တာ ဖြစ်ပါတယ်။
NCA ဆွေးနွေးပွဲတိုင်း ဂွမ်မော်က KIO/KIA အနေနဲ့ အပစ်ရပ်လက်မှတ်ထိုးရေးပွဲတွေမှာ ပါဝင်ဖို့ ဆန္ဒရှိခဲ့တာကို အင်ဘန်လက သဘောကျပုံမရပါဘူး။ စက်တင်ဘာ ၉ ရက်နေ့က သမ္မတနဲ့ NCA အဆုံးအဖြတ်ဆွေးနွေးပွဲမှာ ဂွမ်မော်ကို မလွှတ်ဘဲသူကိုယ်တိုင် လာတက်တာ အကြောင်းရှိပါတယ်။ KIO/KIA ဟာ NCA မှာ ပါဝင် လက်မှတ်ထိုးဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ရန်ကုန်က ကချင်လူထုနဲ့ တွေ့ဆုံပွဲမှာ ချက်ချင်းပြောကြား သွားတယ်။ NCA မထိုးချင်တာ ငြိမ်းချမ်းရေးမရချင်လို့ဆိုတာ ရှင်းနေတာပဲ။ KIA ခေါင်းဆောင်တွေဖြစ်တဲ့ ဂမ်ရှောင်နဲ့ ဂွမ်မော်တို့ဟာလည်း အင်ဘန်လကြိုးဆွဲရာကနေ ရတဲ့ရုပ်သေးရုပ်တွေဖြစ်ပြီး အင်ဘန်လလုပ်သမျှ ငြိမ်ခံနေရတဲ့သူတွေ ဖြစ်ပါတယ်။
အင်ဘန်လဟာ ငြိမ်းချမ်းရေးဘယ်တော့မှ မယူဘူးဆိုတာ ကချင်လူထုသိလိုက်ရတဲ့အချိန် အတွင်းရေးတွေကို မီဒီယာတွေဆီဖွင့်ချလိုက်တာ ဖြစ်မှာပါ။ အခု တရုတ်သူဋ္ဌေးဆီမှာ တရုတ်ယွမ်အကြွေးသိန်း ၄၀၀ ပေးဖို့ရှိတယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ အင်ဘန်လဟာ KIO/KIA အဖွဲ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို သူပဲလက်ဝါးကြီး အုပ်နေတာ အားလုံးသိနေတဲ့ ကိစ္စဖြစ်ပါတယ်။ အကြွေးဆပ်ဖို့ အင်ဘန်လဟာ သစ်တွေကိုခိုးခုတ်ပြီး ရောင်းစား နေတာဖြစ်ပါတယ်။ ဟိုတလောကလည်း တရုတ်သစ်ခိုး ဂိုဏ်းအဖွဲ့ဝင် ၁၅၀ ကို ဖမ်းမိတာ KIO/KIA နယ်မြေမှာပါ။ အဲဒီသစ်ခိုးခုတ်ခွင့်အတွက် အင်ဘန်လက ငွေဘယ်လောက်ရလိုက်မှန်းမှ မသိတာ။ နှစ်စဉ် သစ်ခိုးခုတ်ပြီး ရောင်းရငွေ၊ သစ်ခိုးဂိုဏ်းတွေကို လက်ညှိုးထိုးပြီး ရောင်းစားနေတဲ့ သစ်တောတွေကရတဲ့ ငွေတွေနဲ့ အကြွေးယွမ် သိန်း ၄၀၀ ဆပ်ဖို့လုပ်နေတာ အင်ဘန်လ မပြောဘဲနဲ့ ဒေသခံတွေရော KIO/KIA တပ်ဖွဲ့ဝင် တွေအားလုံး သိနေတဲ့ အမှန်တရားဖြစ်ပါတယ်။
KIO/KIA ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ သစ်တောတွေပြုန်းနေပါပြီ။ ရတဲ့ဝင်ငွေတွေကိုတော့ လက်အောက် တပ်ဖွဲ့ဝင်တွေ မခံစားရဘူးလို့ ဆိုပါတယ်။ ရွှေမှော် ကျောက်မှော်၊ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေကနေ ကောက်လို့ရတဲ့ ဆက်ကြေးငွေတွေကလည်း နည်းတာမဟုတ်ဘူး။ ဒီကြားထဲ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ကား၊ ခရီးသည်တွေဆီကလည်း ဆက်ကြေးကောက်တယ်၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင် တွေဆီက လည်း အတင်းငွေညှစ်တယ်။ အဲဒီငွေတွေ ဘယ်ရောက်သွားလဲဆိုတော့ အင်ဘန်လက အကြွေးဆပ်ဖို့ဆိုပြီး ယူသွားတာဖြစ်ပါတယ်။ KIA တပ်ဖွဲ့ဝင်တစ်ယောက်ဟာ တစ်လကို လစာတစ်သောင်းတောင်ပုံမှန်မရဘူးလို့ သိရပါတယ်။ KIA ဗဟိုက ရိက္ခာထောက်ပံ့မှုမရှိလို့ ရွာတွေဆီမှာ ဆန်ဆီတောင်းပြီး စားရတယ်။ ရွာပြန်ပြီး လယ်စိုက်စားရတယ်။ KIA လက်အောက်ငယ်သားတွေရဲ့ဘ၀ဟာ ပင်ပန်းကြမ်းတမ်းဆင်းရဲနုံချာလွန်းလို့ မနေချင်တော့ဘဲ ထွက်ပြေး တိမ်းရှောင်နေကြတာလည်း အများကြီးပါပဲ။ အင်ဘန်လကတော့ ထွက်ပြေးလို့ ပြန်ဖမ်းမိလာတဲ့ KIA တပ်ဖွဲ့ဝင် တွေကို အကျဉ်းချထားပြီး နည်းမျိုးစုံနဲ့ နှိက်စက်တယ်လို့ သိရပါတယ်။
အဲဒီလို အကြမ်းဖက်သမား လူမိုက်လူရမ်းကား အင်ဘန်လရှိနေသမျှ KIO/KIA အဖွဲ့ဘယ်တော့မှ ငြိမ်းချမ်းရေး မရဘူးလို့ ပြောနိုင်ပါတယ်။ ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေရဲ့ ဘ၀ကို စတေးနေ တာ။ တိုက်ပွဲတွေဖြစ်အောင်ဖန်တီးပြီး ဒေသခံတွေကို ဒုက္ခသည်စခန်းတွေဆီ ပြေးခိုင်းနေတာ။ အင်ဘန်လရဲ့ မိသားစုကတော့ လိုင်ဇာမှာ မနေဘဲ တစ်ဖက်နိုင်ငံမှာ သွားရောက်နေထိုင်တယ်လို့ သိရပါတယ်။ အခုလည်း ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပါပြီ။ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြန်ပါပြီ။ အဓိက တရားခံကတော့ အင်ဘန်လပါပဲ။ NCA မှာ လက်မှတ်မထိုးဘူးလို့ပြောပြီး ကချင်ပြည်နယ် မအေးချမ်း အောင် အစိုးရတပ်တွေကို ရန်စတိုက်ခိုက်နေတာပါ။ ကြားထဲက မြေဇာပင်ဖြစ်ရတာကတော့ ဒေသခံ ပြည်သူတွေ သာဖြစ်ပါတယ်။
KIA ခေါင်းဆောင်တွေကို နှိပ်ကွပ်ပြီး လုပ်ချင်ရာလုပ်နေတဲ့ အင်ဘန်လကို KIA တပ်ဖွဲ့ဝင်တွေကလည်း မကျေ မနပ်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ KIO နဲ့ KIA တောင် နှစ်ခြမ်းကွဲနေပြီလို့ အတွင်းသတင်းတွေအရ သိရပါ တယ်။ ဂွမ်မော်ကို ဆေးခွင့် ၆ လ ယူထားတယ်လို့ အကြောင်းပြပြီး အင်ဘန်လက ထိန်းသိမ်းထားတယ်လို့ သတင်းထွက်နေပါတယ်။ အင်ဘန်လလို အဖျက်သမားရှိနေသရွေ့ကတော့ ကချင်ပြည်သူတွေ ဒီထက်မက ဒုက္ခရောက်ဖို့ပဲရှိတော့တယ်။ ဟုတ်လို့ကျော် ပုတ်လို့ပေါ်လာတဲ့ အင်ဘန်လနဲ့ KIA အရှုပ်တော်ပုံ ဘာတွေဆက် ဖြစ်ဦးမလဲဆိုတာ ပိတ်ကားပေါ်မှာ ကြည့်ရှုရဦးမှာပဲ ဖြစ်ပါတော့တယ်။

ကိုခိုင်
dailynewsmedia



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: