Tuesday, September 29, 2015

ဒေါ်အောင်ဆန်းစုကြည် မနောကွင်းတွင် မဲဆွယ်ဟောပြောခွင့်ရရန် မသေချာ

ဒေါ်အောင်ဆန်းစုကြည် မနောကွင်းတွင် မဲဆွယ်ဟောပြောခွင့်ရရန် မသေချာ
Tuesday, September 29, 2015

မြစ်ကြီးနားမြို့ရှိ ကချင်လူမျိုးတို့၏ အထိမ်းအ မှတ် မနောကွင်း၌ နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများ ဟောပြောစည်းရုံး ခွင့်ကို ကချင်ပြည်နယ်အစိုးရက ကန့်သတ်လိုက်သဖြင့် အောက်တို ဘာ ၂ ရက်တွင် ကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည်၏ လူထု ဟောပြောပွဲမှာ ကျင်းပခွင့်ရရန် မရေမရာဖြစ်နေကြောင်း သတင်း ရရှိသည်။

မနောကွင်းတွင် နိုင်ငံရေး ပါတီနှင့် ကိုယ်စားလှယ်လောင်း များ စည်းရုံးဟောပြောခွင့်မပြုရန် နှင့် ခွင့်ပြုပါက နိုင်ငံရေးပါတီများ နှင့် မျိုးနွယ်စုများအကြား ပြဿ နာများ ဖြစ်ပွားလာလျှင် တာဝန်ရှိ ပုဂ္ဂိုလ်များအား ဥပဒေနှင့်အညီ အရေးယူမည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ ကချင်လူမျိုးများ ရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီထံ စက်တင်ဘာ ၂၇ ရက်စွဲဖြင့် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်မည့် ဒေါ်အောင်ဆန်းစု ကြည်၏ မြစ်ကြီးနား လူထုတွေ့ ဆုံပွဲအတွက် မနောကွင်းကို အသုံးပြုခွင့်ပေးပါရန် မြစ်ကြီးနားမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှု ဗဟိုကော်မတီထံ တင်ပြ လျှောက်ထားခဲ့ရာ အသုံးပြုခွင့် ရရှိသည်ကို စက်တင်ဘာ ၂၃ ရက်စွဲဖြင့် မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ပြန်လည်အကြောင်းကြားခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ က ရိုးရာယဉ်ကျေးမှု ဗဟိုကော် မတီထံ စက်တင်ဘာ ၂၇ ရက်စွဲ ဖြင့်ပေးပို့သော အကြောင်းကြား စာတွင် ‘‘သမိုင်းဝိသေသထူးခြား ပြီး ကချင်မျိုးနွယ်စုအားလုံးအ တွက် အရေးပါသည့် မနောကွင်း ကို နိုင်ငံတော်၏ နေ့ကြီးရက်ကြီး လွတ်လပ်ရေးနေ့၊ ကချင်မျိုးနွယ် စုများအတွက် အရေးကြီးသည့် မနောပွဲများနှင့် ကချင်ပြည်နယ် နေ့ အခမ်းအနားများကိုသာ အစဉ် အလာအဖြစ် ကျင်းပခဲ့ပါသည်။ ထို့အပြင် မနောကွင်းအတွင်းရှိ မဂျွယ် ခန်းမကိုလည်း ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်းကော်မတီနှင့် လက် နက်ကိုင်တိုင်းရင်းသားအဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု များ ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ပွဲမှလွဲ၍ မည်သူ့ကိုမျှ ခွင့်ပြုပေး ခဲ့ခြင်းမရှိပါ’’ ဟု ဖော်ပြထား သည်။

လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ နိုင်ငံရေးပါတီ ၁၇ ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ် စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ သမိုင်းဝိသေသထူးခြားပြီး ကချင်လူမျိုး များ၏ အထွတ်အမြတ်ဖြစ်သည့် ကချင်လူမျိုးနွယ်စု ယဉ်ကျေးမှု များနှင့် ဆက်စပ်နေသည့် မနော ကွင်းကို ပါတီများ၊ ကိုယ်စား လှယ်လောင်းများ မဲဆွယ်စည်းရုံး ခြင်း၊ ပြည်သူများနှင့် တွေ့ဆုံခြင်း များ၌ အသုံးပြုခွင့်ပြုပါက မျိုး နွယ်စုများကြား ပြဿနာဖြစ်ပွား နိုင်ပြီး ဒေသတည်ငြိမ်အေးချမ်းမှု ကို ထိခိုက်ပျက်ပြားစေနိုင်သည် ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ခွင့်ပြုချက်ရရှိပြီးဖြစ်၍ မနော ကွင်းတွင် ပြင်ဆင်မှုများပြုလုပ်ခဲ့ သော်လည်း စက်တင်ဘာ ၂၇ ရက်၌ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ယင်းကဲ့သို့ အကြောင်းကြားခဲ့ခြင်းကြောင့် ကော်မရှင်ထံ ခွင့်ပြုမိန့်ပြန်လည်တင်ရန် ဆောင်ရွက်နေကြောင်း ပြောသည်။

‘‘အခုကော်မရှင်ဆီသွားနေ တာ စာမှာရက်စွဲလေးပြင်တာ ရယ်၊ စာသားတချို့ရယ် ပြန်ပြင် နေလို့။ ကော်မရှင်ကတော့ အဆင် ပြေတယ်။ ပြည်နယ်အစိုးရဆီကြိုးစားပေးမယ်ပြောတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က စက်တင်ဘာ ၂၈ ရက်ညနေတွင် ပြောသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ထံ စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီခန့်က ဆက်သွယ်မေးမြန်း ခဲ့ရာ ဝန်ကြီးချုပ်အနေဖြင့် နေ ပြည်တော်သို့သွားရောက်နေ၍ အတွင်းရေးမှူးထံ ဆက်သွယ်ရန် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးထံ ဆက်သွယ်မေး မြန်းခဲ့ရာ အစည်းအဝေးတက် ရောက်နေ၍ နောက်မှပြန်လည် ခေါ်ဆိုရန် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 7Day က ထပ်မံ ဆက်သွယ်မေးမြန်းခဲ့ရာ အတွင်း ရေးမှူးမှာ ရုံးဆင်းသွားပြီဖြစ်၍အဆိုပါကိစ္စကို မြို့နယ်အုပ်ချုပ် ရေးမှူးကသာ ဆောင်ရွက်နေ၍ ၎င်းထံ ဆက်သွယ်နိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှု ဗဟိုကော်မတီမှ တာဝန် ရှိသူတစ်ဦးက ‘‘အစကတည်းက ခွင့်ပြုပြီးသားပါ။ ကျွန်တော်တို့ လည်း နားမလည်ဘူးဖြစ်နေတာ။ ပြီးတော့ အံ့ဩနေတာ။ မေတ္တာရပ် ခံတာမျိုးပဲဖြစ်သင့်တယ်’’ဟု 7Day Daily အား ပြောသည်။

ရိုးရာယဉ်ကျေးမှု ဗဟိုကော် မတီအနေဖြင့် အာဏာပိုင်အဖွဲ့ အစည်းမဟုတ်သည့်အတွက် ၎င်း တို့အနေဖြင့် ခွင့်ပြုပေးထားသော် လည်း အစိုးရနှင့်သာ သက်ဆိုင် ကြောင်း ၎င်းက ဆက်လက်ပြော သည်။ ‘‘ကျွန်တော်တို့ကတော့ ဘယ်ပါတီရယ်လို့မဟုတ်ဘူး။ အစိုးရက တရားဝင်အသိအမှတ် ပြုထားတာဆိုရင် ခွင့်ပြုပေးတာ ပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ဆို သည်။

ကချင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အရာရှိ ဦးထွန်း အောင်ခိုင်က ရွေးကောက်ပွဲဆိုင် ရာ စုဝေးဟောပြောခြင်းနှင့် မဲ ဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် ၁/၂၀၁၄ နှင့်အညီ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ပြောသည်။

‘‘ကျွန်တော်တို့ဆီကိုတော့ အခုအထိ ပုံစံတကျ ခွင့်ပြုချက် တင်တာမရှိသေးဘူး။ နေရာက အုပ်ချုပ်ရေးနဲ့ ဒေသအာဏာပိုင် အဖွဲ့နဲ့ ညှိနှိုင်းသတ်မှတ်ခွင့်ပြု ထားတဲ့နေရာဖြစ်ရမယ်။ လုံခြုံ ရေးအရလည်းပါတယ်။ တခြား ကန့်သတ်ချက်လည်းပါပါတယ်’’ ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၂ ဖေဖော်ဝါရီက မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ် ခန်းမရှေ့၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ဖူးသည်။

၂၀၁၂ ဖေဖော်ဝါရီလက မနောကွင်းတွင် မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်မျိုးဦး)
7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: