Tuesday, September 29, 2015

တပ်မတော်စစ်သည်များအား စစ်မှုထမ်းသက်ပေါ်မူတည်၍ အောက်တိုဘာ၁ရက်တွင် ရာထူးတိုးမည် =======================================

တပ်မတော်စစ်သည်များအား စစ်မှုထမ်းသက်ပေါ်မူတည်၍ အောက်တိုဘာ၁ရက်တွင် ရာထူးတိုးမည်
=======================================

တပ်မတော်မှ အဆင့်အလိုက် စစ်သည်များကို စစ်မှုထမ်းသက်ပေါ်မူတည်ကာ အောက်တိုဘာ ၁ ရက်မှစ၍ ရာထူးတိုးမြှင့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် မြန်မာ့တပ်မတော်က အသုံးပြုနေသည့် ၀တ်စုံ(ယူနီဖောင်း)အချို့ကိုလည်း ယင်းနေ့ ရက်မှစ၍ ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များကပြောသည်။

ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းရာ၌ သစ္စာရှိရှိဖြင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမည့် အောက်တိုဘာ ၁ ရက်မှစ၍ စစ်မှုထမ်းသက်ပေါ်မူတည်ပြီး အဆင့်အလိုက်စစ်သည်များအား ရာထူးတိုးမြှင့်ပေးမည်ဖြစ်ပြီး တပ်မတော်၏ ၀တ်စုံအချို့ကိုလည်း ပြင်ဆင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက်က ဖရူဆိုတပ်နယ်ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၌ အရာရှိ၊ စစ်သည်၊ မိသားစု၊ သင်တန်းသားများနှင့် တွေ့ဆုံအမှာစကားပြောကြားစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းက ရာထူးတိုးမြှင့်ခြင်းနှင့် ၀တ်စုံများ ပြောင်းလဲသတ်မှတ်ခြင်းတို့ကို အောက်တိုဘာ ၁ ရက်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း 7Day Daily သတင်းစာသို့ စက်တင်ဘာ ၂၇ ရက်တွင် အတည်ပြုပြောကြားသည်။

ရာထူးတိုးမြှင့်ရာတွင် အရာရှိအဆင့်များမပါဝင်ဘဲ အခြား အသေးစိတ်အချက်အလက်များကိုမူ ကန့်သတ်ချက် များကြောင့် ဖြေကြား၍မရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

‘‘Rules and Regulations လေးတွေရှိလို့ပါ’’ဟု ဗိုလ်ချုပ် အောင်ရဲဝင်းက ဆိုသည်။ နိုင်ငံရေးဆောင်းပါးရှင် ဦးစည်သူအောင်မြင့်က မည်သည့်ပုံစံဖြင့် တပ်မတော်သားများအား ရာထူး တိုးမြှင့်ပေးမည်ကို ကောင်းစွာမသိရှိရသောကြောင့် မှန်းဆရခက်ခဲကြောင်း ပြောသည်။ ‘‘အရာရှိ မဟုတ်တဲ့အဆင့် အားလုံးကို တစ်ပြိုင်နက်၊ တစ်ပြေးညီ အဲဒီရက်မှာ ရာထူးတိုးမယ်ဆိုရင်တော့ ဒါထူးခြားတဲ့ကိစ္စပေါ့’’ဟု ၎င်းကသုံးသပ်သည်။

တပ်မတော်ဝတ်စုံများကို နိုင်ငံတကာစံနှုန်းနှင့် အညီ ပြောင်းလဲခြင်းဖြစ်ပြီး ရုံးထိုင်ဝတ်စုံ၊ ရှေ့တန်းဝတ်စုံများ ခွဲခြား၍ ပြောင်းလဲသတ်မှတ် ထားကြောင်း တပ်မတော်အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

By 7Days



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: