Tuesday, September 29, 2015

စိုက်ပျိုးရေးသိပ္ပံကျောင်း မြစ်ကြီးနားမြို့၌ ဖွင့်ပွဲကျင်းပ ================================

စိုက်ပျိုးရေးသိပ္ပံကျောင်း မြစ်ကြီးနားမြို့၌ ဖွင့်ပွဲကျင်းပ
================================

မြစ်ကြီးနား စက်တင်ဘာ ၂၈

နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်တွင် တည်ဆောက်ပြီးစီးခဲ့သည့် စိုက်ပျိုးရေးသိပံ္ပကျောင်းဖွင့်ပွဲကို စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးတူးမိုင်တို့က ကျောင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘီထောဇောင်းက စိုက်ပျိုးရေးသိပံ္ပကျောင်းဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ခဲ့သည်။

ထို့နောက်ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးက အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးရေးသိပံ္ပကျောင်း ဖွင့်လှစ်ရခြင်းနှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားပြီးဖြစ်သည့် စိုက်ပျိုးရေးတက္ကသိုလ်တစ်ခု၊ စိုက်ပျိုးရေးသိပံ္ပကျောင်း ၁၁ ကျောင်းတို့၏ အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသို့ အထောက်အကူပစ္စည်းများ လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ကျောင်းဖွင့်ပွဲသို့ ပြည်နယ် လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ မိုးဃ်ကျ(မြစ်ကြီးနား)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: