Monday, September 28, 2015

အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေး

အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေး

လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ချင်းမိုင်မြို့မှာ ဒီနေ့ ၂၈ ရက်နေ့ ကနေ ၃၀ ရက်နေ့အထိ ၃ ရက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီနေ့အစည်းအဝေးမှာတော့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင် တစ်ဖွဲ့ချင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရေး နဲ့ ပတ်သက်ပြီး သဘောထား တင်ပြဆွေးနွေးရမှာ ဖြစ်ပါတယ်။

အစည်းအဝေး ဒုတိယနေ့မှာတော့ လက်မှတ်ရေးထိုးမယ် မထိုးဘူးဆိုတာကို တစ်ဖွဲ့ခြင်းအလိုက် အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်။

နောက်ဆုံးနေ့မှာတော့ လက်မှတ်ထိုးပြီးနောက် နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲ ကျင်းပရေး ပူးတွဲကော်မတီ ဖွဲ့စည်းရေး၊ အပစ်အခတ် မဖြစ်ပွားဖို့ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး အပါအ၀င် နိုင်ငံရေးမူဘောင် ရေးဆွဲရေး ကော်မရှင် ဖွဲ့စည်းရေးတို့ကို ဆွေးနွေးဖို့ ရှိတယ်လို့ အစည်းအဝေး အခြေအနေကို စောင့်ကြည့်သူ တစ်ဦးက ပြောကြားပါတယ်။

ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကတော့ ဒီတစ်ခေါက်ဟာ နောက်ဆုံး အစည်းအဝေးတက်တာ ဖြစ်တယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: