မန္တလေးဆေးရုံကြီး အချုပ်ခန်းမျက်နှာကြက်ကို ဖောက်ပြီး ထောင်သားတစ်ဦး ထွက်ပြေး
ချမ်းအေးသာစံမြို့နယ်မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အ ချုပ်ခန်းတွင် အဆုတ်ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ထောင် သားတစ်ဦးသည် အချုပ်ခန်းမျက် နှာကြက်ကို ဖောက်၍ ထွက်ပြေး မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အချုပ်ခန်းလူနာဆောင်တွင် ခိုးမှုဖြင့် ထောင်ကျနေသည့် အမျိုးသားသည် အဆုတ်ရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ် စက်တင်ဘာ ၂၄ ရက် နံနက် ၅ နာရီခန့်က သစ်သားတန်းအပေါ် မျက်နှာ ကြက်ကိုဖောက်၍ ထွက်ပြေးသွား ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ် ဦးက ပြောသည်။
‘‘အရင်ကလည်း ဖြစ်ဖူး တယ်။ ဆေးရုံဝင်းထဲကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ပြင်မယ်လုပ်ပြီးမပြင်နိုင်သေးဘူးဖြစ်နေတာ။ အခုဖြစ်တဲ့ဟာလေးတွေကို ရဲက တော့ ပြန်ပြင်ထားတယ်။ ခိုင်ခံ့မှုမရှိတဲ့အပိုင်းကတော့ ကျန်းမာရေးဦးစီးဌာနကို တင်ပြပြီးမှပဲ ပြင်လို့ရမှာ’’ဟု အဆိုပါအရာရှိက ပြောသည်။
အချုပ်ခန်းဖောက်၍ ထွက် ပြေးသွားသူသည် မြစ်ကြီးနားမြို့ တွင် ခိုးမှုဖြင့် ထောင်ကျပြီး မန္တ လေး အိုးဘိုထောင်သို့ ပြောင်းရွှေ့ လာသူ ဖြစ်ကာ ယင်းအချုပ်ခန်း လုံခြုံရေးကို မန္တလေးခရိုင်အတွင်း ရှိ မြို့နယ်များက အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ ဇန်န၀ါရီ ၂၉ ရက်ကလည်း မန္တလေးဆေးရုံကြီးသို့ ပြင်ပလူနာအဖြစ် လာရောက်ဆေးကုသခံယူသည့် အချုပ်သားတစ်ဦးသည် နံနက် ၅ နာရီခန့်တွင် အချုပ်ခန်း အိမ်သာမျက်နှာ ကြက်ကိုဖောက်၍ ထွက်ပြေးမှုဖြစ်ပွားခဲ့ သည်။
7day
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment