Wednesday, September 30, 2015

အစားလျှော့ရန်မလို၊ လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ဗိုက်ချပ်စေမည့်နည်း(၇)ချက်

အစားလျှော့ရန်မလို၊ လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ဗိုက်ချပ်စေမည့်နည်း(၇)ချက်

အမျိုးသမီးတိုင်းလိုလို ချပ်ရပ်လှပတဲ့ဗိုက်သားကို မက်မောကြပါတယ်။ တချို့သောအမျိုးသမီးတွေဟာ အားကစားမလုပ်၊ အစားမလျှော့ပဲ ဗိုက်သားချပ်ရပ်လှပနေတာ ကံကောင်းလွန်းလို့တော့မဟုတ်ပါဘူး။

၁။ခန္ဓာကိုယ်မတ်နေပါစေ။ ထိုင်သည်ဖြစ်စေ၊ ရပ်သည်ဖြစ်စေ၊ လမ်းလျှောက်သည်ဖြစ်စေ ခန္ဓာကိုယ်ကို မတ်မတ်ထားခြင်းဖြင့် အစာအိမ်ကြွက်သားတွေကို ကျစ်လျစ်စေတဲ့အတွက် အစာချေစနစ်ကိုပိုကောင်းစေပါတယ်။

၂။ရေကို တစ်နေ့အနည်းဆုံး(၈)ခွက်သာက်ပါ။ ရေဓာတ်လျော့နည်းလာတဲ့အခါ ခန္ဓာကိုယ်မှာ ရေကိုသိုလှောင်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်မှာဖြစ်ပါတယ်။

၃။စားတဲ့အစာအလုတ်တိုင်းကို အနည်းဆုံး၁၀ကြိမ်ဝါးပါ။ အစာကိုမမျိုခင် ကြေညက်ပါစေ။ မြန်မြန်စားခြင်းဖြင့် အစာနှင့်အတူ လေကိုမျိုချမိတာကြောင့် ဗိုက်ကိုပိုထွက်စေပါတယ်။

၎။အစာချေစနစ်ကိုကောင်းမွန်စေသော Probiotic ဘက်တီးရီးယားပါသည့် ဒိန်ချဉ်ကဲသို့သော အစားအစာကို ရံဖန်ရံခါစားပေးပါ။

၅။နေ့စဉ်နာရီဝက်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ဖြစ်စဉ်ကို အားကောင်းစေပြီး အဆီပိုများကျစေနိုင်ပါတယ်။

၆။ကယ်လစီယမ်မှီဝဲပေးပါ။ ကယ်လစီယမ်ဟာ အက်စထရိုဂျင်ထုတ်လုပ်မှုကို နည်းစေတဲ့အတွက် ဗိုက်ပူတာကို လျော့စေပါတယ်။

၇။စိတ်ဖိစီးမှုမရှိအောင်နေပါ။ စိတ်ဖိစီးခြင်းဟာ စတီးရွိုက်နဲ့ စထရက်ဟော်မှုန်းကို ပိုထုတ်စေတဲ့အတွက် အစာအိမ်က အဆီကိုချေဖျက်နိုင်မှု အားနည်းစေပါတယ်။ နေ့ခင်းမှာ မိနစ်၂၀လောက် စိတ်အပန်းဖြေအနားယူသင့်ပါတယ်။

သည်အချက်တွေဟာ လူကိုလည်း စမတ်ကျစေ၊ ခန္ဓာကိုယ်လည်းကျန်းမာစေပြီး ချပ်ရပ်လှပတဲ့ဗိုက်သားကိုလည်း ပိုင်ဆိုင်စေတယ်လို့ ပညာရှင်တွေလေ့လာတင်ပြထားပါတယ်။

(၀ိတ်ကျမယ်လို့ မဆိုလိုပဲ၊ ဗိုက်ပူခြင်းကို လျော့စေမယ့်နည်းသာဖြစ်ကြောင်း သတိချပ်စေလိုပါတယ်။)

credit>>>Sophie's Accessories



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: