Monday, September 28, 2015

လက်နက်ကိုင် ထိပ်သီးညီလာခံစပြီ

လက်နက်ကိုင် ထိပ်သီးညီလာခံစပြီ
Monday, September 28, 2015

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို စက်တင် ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ထိပ်သီးညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD) အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် SD အဖွဲ့ဝင်များမဟုတ်သော ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA)နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု (NDAA) မိုင်းလား အဖွဲ့ တို့လည်း တက်ရောက်ခဲ့ကြသည်ကိုတွေ့ရသည်။

ဓာတ်ပုံ - ငြိမ်းငြိမ်း၊ ဧရာဝတီ



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: