Wednesday, September 30, 2015

MPT က အင်တာနက်ခနဲ့ စာတိုပို့ခတွေ ထပ်လျှော့မယ်

MPT က အင်တာနက်ခနဲ့ စာတိုပို့ခတွေ ထပ်လျှော့မယ်
------------------------------------

ဂျပန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ MPT ရဲ့ ဆင်းမ်ကတ်တွေမှာ ဆွေသဟာ ဝန်ဆောင်မှု အသုံးပြုသူတွေ အတွက် အင်တာနက်နဲ့ စာတိုပို့ခတွေကို ထပ်ပြီး လျှော့ချလိုက်တယ်လို့ MPT ထံမှ သိရပါတယ်။

အင်တာနက် အသုံးပြုတဲ့ပမာဏ (Data) အပေါ်ကောက်ခံနေတဲ့ MPT ရဲ့ ဆွေသဟာ ဝန်ဆောင်မှုမှာ အရင်က 1 MB ကို ၇ကျပ် ၅၀ ပြားနဲ့ စာတို့ပို့ခ တစ်စောင်ကို ၁၅ ကျပ် ကောက်ခံနေရာမှ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး အင်တာနက် 1 MB ကို ၆ ကျပ်နဲ့ စာတိုပို့ခ ၁၀ ကျပ်သာ ကောက်ခံတော့မယ်လို့ MPT က ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်းမှာ မိုဘိုင်းလ်ဖုန်းနဲ့ မေးပို့တာ၊ ဓာတ်ပုံပို့တာနဲ့ ဝက်ဘ်ဆိုက် အသုံးပြုတာတွေ များလာတာကြောင့် အင်တာနက် Data အသုံးပြုမှုမှာ မြင့်တက်လာလို့ အခုလို နှုန်းထား လျှော့ချလိုက်တာကြောင့် သုံးစွဲသူတွေအနေနဲ့ ဈေးနှုန်း သက်သက်သာသာနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်တယ်လို့ MPT-KSGM Joint Operations အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Mr.Takashi Nagashima က ပြောပါတယ်။

“အပြောင်းအလဲ တစ်ခုခု လုပ်တိုင်းမှာ သုံးစွဲသူတွေ ဘက်က တောင်းဆိုမှုတွေနဲ့ တုန့်ပြန်မှုတွေကို သေချာ နားထောင်နေတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁ ရက်နေ့မှာ အင်တာနက် Package နှုန်းထားတွေကိုလည်း 400 MB ကို ၂၈၀၀ ကျပ်၊ 1 GB ကို ၆၅၀၀ ကျပ်နဲ့ 5 GB ကို ၂၅၀၀၀ ကျပ်ကို ပြောင်းလဲ ကောက်ခံသွားမယ်လို့ MPT က ထုတ်ပြန်ထားပါတယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: