Saturday, September 26, 2015

ကချင်ပြည်နယ်ရွှေးကောက်ပွဲအခြေအနေများ =============================

ကချင်ပြည်နယ်ရွှေးကောက်ပွဲအခြေအနေများ
====================================

(၁) ရွှေးကောက်ပွဲအား စောင့်ကြည့်မည့် အဖွဲ့အစည်း ယခုအချိန်ထိ မရှိသေး။ ပုဂ္ဂိုလ် (၄)ဦးသာ ပြည်နယ်ရွှေးကောက်ပွဲကော်မရှင်သို့ လာရောက်ပြောဆိုထားကြောင်းသိရသည်။

(၂) မဲဆန္ဒရှင်အချို့ ယခုအထိ မဲ ဘယ်နှစ်ခုထည့်ရမှာကို မသိရှိရသေးကြောင်းသိရသည်။

(၃) လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ပူတာအိုခရိုင်တွင် သွားရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ မဲဆွဲစည်းရုံးရေးသွားရန် ခက်ခဲနေသည်။

(၄) ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း(၉၁) ခုမှ ဒုက္ခသည်များ ၁၈ နှစ်ပြည့်ပြီး မဲထည့်နိုင်သူ အယောက် ၃ သောင်းဝန်းကျင်ခန့်ပုံစံ (၃)(က)ဖြင့် မဲပေးနိုင်ခွင့်ရသော်လည်း လာရောက် လျှောက်ယူသူနည်းပါးဆဲ။တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်သည့်အတွက် ဒုက္ခသည်များ ရွှေးကောက်ပွဲကို စိတ်ဝင်စားသူနည်းပါသည်လည်းဖြစ်နိုင်သည်။ပြီးနောက် ပုံစံ (၃)(က)ဖြင့် ပြန်လည်လျှောက်ယူရမည်ကို မသိလို့လည်းဖြစ်နိုင်သည်။

(၅) လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ကချင်ပြည်နယ်ရှိ မဲရုံးသုံးပစ္စည်းအချို့က ပြည်နယ်ရွှေးကောက်ပွဲကော်မရှင်မှ တပ်မတော်ရဟတ်ယာဉ်ဖြင့်ပို့မည်။

(၆) ရွှေးကောက်ပွဲကျင်းပြ့ပီးနောက် နိုဝင်ဘာ(၉)ရက် မဲများအား သယ်ဆောင်ရန် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် လုံ ခြုံရေးစိန်ခေါ်မှုများရှိနေ။

(၇) ပြည်သူ့စစ်ခေါင်းဆောင်များ ရွှေးကောက်ပွဲဝင်မည့် ချီးဖွေ ဆော်လော်မြို့ဘက်တွေ မဲရုံလုံခြုံရေးအား ရဲများမယူပဲ ပြည်သူ့စစ်များသာ လုံခြုံရေးတာဝန်ယူမည်။

(၈) ပူတာအိုခရိုင်ရှိ ဒေသခံများ မဲရုံးသို့သွားရန် လမ်းခရီးရှည်လမ်းလျှောက်ရသည့်အတွက် မဲသွားပေးရန် အခက်အခဲဖြစ်နေကြသည်။

By Kachinwaves



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: