Tuesday, September 29, 2015

ချင်းမိုင်တွင် ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး၌ အမြင်ကွဲလွဲမှုများဖြစ်ပေါ်

ချင်းမိုင်တွင် ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး၌ အမြင်ကွဲလွဲမှုများဖြစ်ပေါ်
Tuesday, September 29, 2015
NCA လက်မှတ်ရေးထိုး နိုင်ခြင်းရှိ၊ မရှိ ဆုံးဖြတ်သွားရန် ချင်းမိုင်မြို့တွင် ပြုလုပ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးပထမနေ့၌ အမြင်ကွဲလွဲမှုအချို့ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၈ ရက် အ စည်းအဝေးတွင် ကရင်အမျိုး သားအစည်းအရုံး(KNU) က စာ တမ်းတစ်စောင်တင်ပြခဲ့သည်။ ယင်းစာတမ်းတွင် ယခုထိပ်သီးအစည်း အဝေးသည် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်(NCA) နှင့် ပတ်သက်သည့် နောက်ဆုံးအစည်း အဝေးဟု ယူဆပြီး KNU စစ်ဦးစီးချုပ် အနေဖြင့်လည်း သဘာပတိတာဝန်ကို မယူတော့ဘဲ အခြားအဖွဲ့ထံ လွှဲပြောင်းပေးစေလိုသည် ဟု ဖော်ပြထားကြောင်း အစည်း အဝေးသို့တက်ရောက်ခဲ့သူ တစ် ဦးက ပြောသည်။
သုံးရက်ကြာ ပြုလုပ်မည့် ချင်းမိုင်ထိပ်သီးအစည်းအဝေး ပထမနေ့တွင် ကေအိုင်အိုဒုဥက္ကဋ္ဌ၊ဒုတိယနေ့တွင် ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP/SSA) ဥက္ကဋ္ဌနှင့် တတိယနေ့တွင် KNU စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့အား သဘာပတိတာဝန်အပ်နှင်းထားခြင်းဖြစ်သည်။
အစည်းအဝေးအခြေအနေ အသေးစိတ်နှင့် စပ်လျဉ်း၍ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (SD) ပြောရေးဆိုခွင့်ရှိသူ ပူးဇင်ကျုံး၊ ဖဒိုစောကွယ်ထူးဝင်းနှင့် နိုင်ဟံသာတို့ထံ ဆက်သွယ်ခဲ့သော်လည်း အ ဆက်အသွယ်မရခဲ့ပေ။
SD အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောရေးဆိုခွင့်ရှိသူများကိုသာ မေးမြန်းရန်ပြောသည်။
‘‘ကျွန်တော်က ပြောရေးဆို ခွင့်ရှိသူမဟုတ်ပါဘူး။ ဒီအစည်း အဝေးမှာ’’ဟု ၎င်းက ဆိုသည်။
ချင်းမိုင်အစည်းအဝေးတွင် SD အဖွဲ့ဝင် (၁၇) ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များအပြင် ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS /SSA) မိုင်းလား (NDAA) တို့လည်းတက်ရောက်ခဲ့သည်။
7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: